အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီအဖြစ် ကျော်ကြားသူ ဦးကျော်မင်းယု၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကြိုးပေးကွပ်မျက်ခြင်းသည် ကမ္ဘာတဝှမ်း ဒေါသပေါက်ကွဲစေပြီး နေပြည်တော်တွင် အာဏာရနေသော လူသတ်သမားများနှင့် ဆွေးနွေးခြင်းသည် ဖြစ်နိုင်သည် သို့မဟုတ် ရှေ့ဆက်ရမည့်လမ်း ဖြစ်သည်ဟု ယုံကြည်နေသည့်သူများ၏ မိုက်မဲမှုကိုလည်း အထင်အရှားပြသနေသည်။
အခြားသူများနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများ အသင်း (ASEAN) သည် အခြားသူများနှင့်အတူ စစ်ကောင်စီနှင့် ထိုသို့သော ထိတွေ့ဆက်ဆံမှုသည် အဖြေဖြစ်သည်ဟု ထင်ခဲ့ကြသည်။ ယခုလအစောပိုင်းတွင် မြန်မာသို့ သွားရောက်ပြီးနောက် ASEAN အထူးသံတမန်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆိုခွန်းက တိုးတက်မှုမရှိကြောင်း ဝန်ခံသော်လည်း သက်ဆိုင်သူအားလုံးအနေဖြင့် မြန်မာတွင် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးတွင် စိတ်ရှည်သည်းခံရေးအတွက် စိတ်ရှည်မှု ပြသရန် ဆက်လက်ပြောကြားသည်။ သို့သော် ထိုပြောကြားချက်သည် အံ့သြစရာဟုတ်ပေ။ မစ္စတာ ပရက်ဆိုခွန်းသည် ရွေးကောက်ပွဲများကို လိမ်လည်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေး အတိုက်အခံများကိုခြေမှုန်းသည့် အစိုးရ၏ ကိုယ်စားလှယ်ဖြစ်သည်။
ထိုအခြေအနေတွင် မှတ်သားထားရမည့်အချက်မှာ ဥပဒေမဲ့သတ်ဖြတ်ခြင်းသည် မြန်မာတွင် အထူးသဖြင့် မြန်မာစစ်တပ်သည် အပြစ်ပေးခံရဘဲ လူသတ်၊ လုယက်၊ မုဒိန်းမှုများ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည် ဆိုသည့်အချက် ဖြစ်သည်။ နိုင်ငံရေး အတိုက်အခံများစွာသည် မြန်မာနိုင်ငံမှ ထောင်များတွင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသော်လည်း သေဒဏ်ပေးသည့် ကိစ္စသည် နည်းပါးလှသည်။
အင်းစိန်တွင် နောက်ဆုံးကွပ်မျက်မှုသည် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကွပ်မျက်ခံရသည့် မြောက်ကိုရီးယား ထောက်လှမ်းရေး ဇင်မိုဖြစ်သည်။ သူသည် ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် သူနှင့် အခြား မြောက်ကိုရီးယားနိုင်ငံသား နှစ်ဦးသည် မြန်မာမှ အထွဋ်အမြတ်ထားသော ၁၉၄၇ ခုနှစ် အာဇာနည် ဗိမ္မာန်တွင် ဗုံးထောင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၊ အင်းစိန်တွင် နောက်ဆုံးကွပ်မျက်မှုသည် ၁၉၈၅ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ကွပ်မျက်ခံရသည့် မြောက်ကိုရီးယား ထောက်လှမ်းရေး ဇင်မိုဖြစ်သည်။ သူသည် ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် သူနှင့် အခြား မြောက်ကိုရီးယားနိုင်ငံသား နှစ်ဦးသည် မြန်မာမှ အထွဋ်အမြတ်ထားသော ၁၉၄၇ ခုနှစ် အာဇာနည် ဗိမ္မာန်တွင် ဗုံးထောင်ခဲ့ကြသည်။ ထိုဗုံးကို မြန်မာသို့ လာရောက်လည်ပတ်နေပြီး အာဇာနည်ဗိမ္မာန်တွင် ပန်းခွေချရန် စီစဉ်ထားသည့် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်ကိုသတ်ဖြတ်ရန် ထောင်ထားခြင်းဖြစ်သည်။
သို့သော် ဗုံးပေါက်ကွဲသောအချိန်မှာစောသွားပြီး ပစ်မှတ်ထားသူကို မထိဘဲ အခြားသူ ၂၁ ဦး သေဆုံးသည်။ ၁၇ ဦးမှာ နိုင်ငံခြားရေးဝန်ကြီး လီဘွမ်ဆုပ် အပါအဝင် တောင်ကိုရီးယား နိုင်ငံသားများဖြစ်သည်။ ဖေါက်ခွဲရေးသမားများအနက် တဦးဖြစ်သူ ကင်ချီအိုမှာ လိုက်လံဖမ်းဆီးစဉ် ပစ်ခတ် ဖမ်းဆီးခံရပြီး မကြာမီ ဒဏ်ရာကြောင့် သေဆုံးသည်။ တတိယမြောက် ဖောက်ခွဲရေးသမား ကင်မင်ချူးမှာ ၂၀၀၈ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း အသည်းကင်ဆာဖြင့် ကွယ်လွန်သည်။
၁၉၇၀ ပြည့်နှစ်များ၏အလယ်တွင် အစိုးရဆန့်ကျင်သူ နှစ်ဦးကို အင်းစိန်ထောင်တွင် ကြိုးပေးကွပ်မျက်သည်။ ၎င်းတို့အနက် တဦးမှာ ချင်းတိုင်းရင်းသား ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ဆလိုင်းတင်မောင်ဦးဖြစ်ပြီး သူ့ကို ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကွပ်မျက်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ အလောင်းကို ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နယူးယောက်မှ မြန်မာသို့ ပြန်ပို့ပြီးနောက် ဖြစ်ပေါ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ပြီးနောက် သူသည် မြေအောက်တွင် နေထိုင်သည်။ ဦးသန့်သည် အာဏာရှင်ဟောင်း နေဝင်းကို ဝေဖန်သူဖြစ်သည်။
ဆန္ဒပြသူများကို ဖြိုခွဲသောအခါ ဆလိုင်းတင်မောင်ဦးသည် ထိုင်းနယ်စပ်သို့ ထွက်ပြေးသူများတွင် ပါဝင်သည်။ ထို့နောက်သူသည် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်သည်။ ၁၉၇၆ ခုနှစ်၊ မတ်လနှောင်းပိုင်းသို့ ရောက်သောအခါ ၁၉၃၀ ပြည့်နှစ်များက လွတ်လပ်ရေးလှုပ်ရှားမှု၏ ဖခင်ကြီး သခင်ကိုယ်တော်မှိုင်း အသက်ရာပြည့် ဆန္ဒပြပွဲများတွင် ပါဝင်ရန် ရန်ကုန်သို့ လျှို့ဝှက်ပြန်လာသည်။ ဆလိုင်းတင်မောင်ဦးကို ဆန္ဒပြပွဲမတိုင်မီ မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးပြီး သူနှင့်အတူ ပစ္စတိုတလက်လည်း မိသည်ဟုဆိုသည်။ သူ့ကို သေဒဏ်ပေးပြီး နောက် ၃ လ ကြာသောအခါ ကွပ်မျက်သည်။ သူ့ကို မကွပ်မျက်မီ နောက်ဆုံးပြောသွားသော စကားမှာ “မင်းတို့ စစ်ဖိနပ်ရှေ့မှာ ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် စကားဖြစ်သည်ဟု ဆိုသည်။
ဆလိုင်းတင်မောင်ဦးကို ဆန္ဒပြပွဲမတိုင်မီ မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးပြီး သူနှင့်အတူ ပစ္စတိုတလက်လည်း မိသည်ဟုဆိုသည်။ သူ့ကို သေဒဏ်ပေးပြီး နောက် ၃ လ ကြာသောအခါ ကွပ်မျက်သည်။ သူ့ကို မကွပ်မျက်မီ နောက်ဆုံးပြောသွားသော စကားမှာ “မင်းတို့ စစ်ဖိနပ်ရှေ့မှာ ဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုသည့် စကားဖြစ်သည်ဟု ဆိုသည်။
နောက်တနှစ်ကြာသောအခါ နောက်ထပ်ကွပ်မျက်မှုတခုကို အင်းစိန်ထောင်တွင် ပြုလုပ်သည်။ ထိုအကြိမ်တွင်မူ ယခင်နှင့်မတူသည့် အစိုးရဆန့်ကျင်သူတဦးကို ကွပ်မျက်ခြင်းဖြစ်သည်။ ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားမှုကို ဖိနှိပ်ခြင်းနှင့် နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မအောင်မြင်ဘဲ စီးပွားရေး ပျက်သုဉ်းခြင်းကြောင့် စစ်အုပ်စုခေါင်းဆောင်မှုအတွင်း အက်ကြောင်းပေါ်လာသည်။
ဗိုလ်ကြီး အုန်းကျော်မြင့်ဟုခေါ်သည့် ထက်မြက်သော စစ်ဗိုလ်ငယ်တဦးသည် နေဝင်းအာဏာရှင်စနစ်ကို စတင်ဖြုတ်ချရန် ကြံစည်သည်။ ဗိုလ်ကြီး အုန်းကျော်မြင့်သည် ရန်ကုန်တက္ကသိုလ်ဘွဲ့ရဖြစ်ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၉ သို့တက်ရောက်ကာ အကောင်းဆုံးဗိုလ်လောင်းဆု ရသည်။ သူသည် ထိုစဉ်က စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကျော်ထင်၏ ကိုယ်ရေးအရာရှိ ဖြစ်လာသည်။ သို့သော် သူသည် နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ကြမ္မာကို မြင်ပြီး မြန်မာ၏ပြဿနာကို ဖြေရှင်းရန် နေဝင်းအာဏာရှင်စနစ်ကို ဖြုတ်ချရန်မှတပါး အခြားနည်းလမ်းမရှိကြောင်း သူနှင့်သူ၏ လုပ်ဖော်ကိုင်ဖက်များ သဘောပေါက်လာကြသည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်ထောက်လှမ်းရေးများက သူ၏အကြံအစည်ကို သိသွားသောအခါ ဗိုလ်ကြီး အုန်းကျော်မြင့်သည် ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ရန်ကုန်ရှိ အမေရိကန် သံအမတ်နေအိမ်သို့ သွားပြီး မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုအကြောင်းပြောကာ နိုင်ငံရေး ခိုလှုံခွင့်တောင်းသည်။ သူ၏တောင်းဆိုမှုကို ပယ်ချခံရပြီး မကြာမီ သူအဖမ်းခံရသည်။
ထိုအာဏာသိမ်းရန် ကြိုးစားမှုကို စစ်အုပ်စု မီဒီယာများက ဇူလိုင်လ ၂၀ ရက်နေ့ မတိုင်မီအထိ ထုတ်ပြန်ခြင်းမပြုဘဲ ထိုနေ့ရောက်မှသာ ဗိုလ်ကြီး ၁၁ ဦးနှင့် ဗိုလ်မှူး သုံးဦးတို့သည် ဗိုလ်ချုပ်ကြီး နေဝင်း၊ သူ၏လက်ထောက် ဦးစန်းယုနှင့် အခြားနိုင်ငံခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်သောကြောင့် ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ဗိုလ်မှူးကြီး နှစ်ဦးကိုလည်း တာဝန်ပျက်ကွက်မှုဖြင့် ဖမ်းသည်။ အဖမ်းခံရသူအများအပြားမှာ မေမြို့ စစ်တက္ကသိုလ်ဆင်းများ ဖြစ်သောကြောင့် အာဏာသိမ်းရန် ကြံစည်မှု၏ အတိုင်းအတာကို သိနိုင်သည်။ ၁၉၆၃ ခုနှစ် စစ်တက္ကသိုလ် အပတ်စဉ် ၅ မှ အကောင်းဆုံးဗိုလ်လောင်း ဆုရ ဗိုလ်ကြီး ဝင်းထိန်သည်လည်း ရာထူးမှ ဖယ်ရှားခံရသူများတွင် ပါဝင်သည်။
ဇူလိုင်လ ၂၀ ရက်နေ့ မတိုင်မီအထိ ထုတ်ပြန်ခြင်းမပြုဘဲ ထိုနေ့ရောက်မှသာ ဗိုလ်ကြီး ၁၁ ဦးနှင့် ဗိုလ်မှူး သုံးဦးတို့သည် ဗိုလ်ချုပ်ကြီး နေဝင်း၊ သူ၏လက်ထောက် ဦးစန်းယုနှင့် အခြားနိုင်ငံခေါင်းဆောင်များကို လုပ်ကြံရန် ကြံစည်သောကြောင့် ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။ ဗိုလ်မှူးကြီး နှစ်ဦးကိုလည်း တာဝန်ပျက်ကွက်မှုဖြင့် ဖမ်းသည်။
၎င်းတို့၏အမှုကို စက်တင်ဘာလတွင် စတင်စစ်ဆေးပြီး အများအံ့သြစရာဖြစ်ရသော ကိစ္စမှာ စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးသည် တရားခွင်တွင် အကျဉ်းသားအဖြစ် ရောက်နေခြင်း ဖြစ်သည်။ သူသည် အာဏာသိမ်းရန်ကြံစည်မှုကို သိသော်လည်း စစ်အာဏာပိုင်များကို အကြောင်းကြားရန် ပျက်ကွက်သည်ဟုဆိုသည်။ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် သူ့ကို နိုင်ငံတော်ပုန်ကန်မှုဥပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချသည်။ သို့သော် သူ့ကိုဖမ်းဆီးထောင်ချခြင်း အကြောင်းရင်းမှန်မှာ ၁၉၇၆ ခုနှစ်မတ်လက ဆန္ဒပြသူများက “ဗိုလ်ချုပ်ကြီး တင်ဦး အသက်ရှည်ပါစေ” ဟု အော်ဟစ်ခဲ့သောကြောင့် ဖြစ်သည်ဟု ယူဆရသည်။
ဦးတင်ဦးကို ၁၉၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွင် လွှတ်ပေးပြီးနောက် ၁၉၈၈ အရေးတော်ပုံ အပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်ဖြစ်လာသည်။ ဦးဝင်းထိန်သည်လည်း ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်လာပြီး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သောကြောင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်တွင် စုစုပေါင်း ထောင်နှစ် ၂၀ ချခံရသည်။
သူ့ကို ၂၀၁၀ ပြည့်နှစ်တွင် ထောင်မှ တတိယအကြိမ် လွှတ်ပေးပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းသောအခါ ဦးဝင်းထိန်သည် ထပ်မံဖမ်းဆီးခံရပြီး အာဏာသိမ်းမှုကို ဝေဖန်သောကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထောင်နှစ် ၂၀ ချခံရသည်။
ဗိုလ်ကြီး အုန်းကျော်မြင့်ကို ဖမ်းဆီးကြောင်း မကြေညာမီ ၂ ရက်အလိုက ထင်ရှားသော စစ်အရာရှိဟောင်း ဗိုလ်မှူးချုပ် ကျော်ဇောသည် ရန်ကုန်မှထွက်ခွာသည်။ အဖမ်းခံရမည်ကို ရှောင်ရှားခြင်း ဖြစ်နိုင်သည်။ သူသည် ရဲဘော်သုံးကျိပ်ဝင်နှင့် ၁၉၅၀ ပြည့်နှစ်များက ကူမင်တန်များကို ထိုးစစ်ဆင်သည့် သူရဲကောင်းဖြစ်သည်။ သူသည် ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ၁၉၅၇ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်ခံရသည်။
အကြောင်းရင်းမှန်မှာ ထိုစဉ်က အာဏာသိမ်းရန် ကြံစည်နေသော ဗိုလ်ချုပ်ကြီး နေဝင်းက ဗိုလ်မှူးချုပ် ကျော်ဇောကို ရှင်းပစ်ရမည့် ပြိင်ဘက်အဖြစ် မြင်သောကြောင့် ဖြစ်နိုင်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းသည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းရန် ကြံစည်မှု အောင်မြင်သွားသည်။ ဗိုလ်မှူးချုပ် ကျော်ဇောသည် အသုံးအဖြုန်းကြီးသော ဗိုလ်ချုပ်ကြီး နေဝင်းထက် လူထုထောက်ခံမှု များစွာပိုမိုရရှိသည်မှာ သေချာသည်။ ၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဗိုလ်မှူးချုပ် ကျော်ဇောသည် မိသားစုနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးမှ တရုတ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်သွားသည်။
ဗိုလ်မှူးချုပ် ကျော်ဇော၏ အသံကို CPB ၏ လျှို့ဝှက် အသံလွှင့်ရုံမှတဆင့် ကြားရသည်။ ထိုအချိန်တွင်မူ သူသည် CPB သို့ ဝင်ရောက်လိုက်ပြီ ဖြစ်သည်။ သူနှင့် ဦးတင်ဦးတို့သည် အာဏာသိမ်းရန်ကြံစည်မှုနှင့် မည်သည့်ဆက်စပ်မှု အထောက်အထားမျှ မတွေ့ရသော်လည်း ဗိုလ်မှူးချုပ် ကျော်ဇော ပျောက်ကွယ်သွားသည့်အချိန်သည် တိုက်ဆိုက်မှု မဟုတ်လောက်ပေ။
တလခန့်ကြာသောအခါ ဗိုလ်ချုပ်ကြီး နေဝင်းစစ်အုပ်စုကို ဆန့်ကျင်ရှုတ်ချသည့် ဗိုလ်မှူးချုပ် ကျော်ဇော၏ အသံကို CPB ၏ လျှို့ဝှက် အသံလွှင့်ရုံမှတဆင့် ကြားရသည်။ ထိုအချိန်တွင်မူ သူသည် CPB သို့ ဝင်ရောက်လိုက်ပြီ ဖြစ်သည်။ သူနှင့် ဦးတင်ဦးတို့သည် အာဏာသိမ်းရန်ကြံစည်မှုနှင့် မည်သည့်ဆက်စပ်မှု အထောက်အထားမျှ မတွေ့ရသော်လည်း ဗိုလ်မှူးချုပ် ကျော်ဇော ပျောက်ကွယ်သွားသည့်အချိန်သည် တိုက်ဆိုက်မှု မဟုတ်လောက်ပေ။
သို့သော် ဖမ်းဆီးခံရသည့် စစ်အရာရှိအချို့က ၎င်းတို့ နှစ်ဦးကို တလောကလုံးက မလေးစားသည့် ဗိုလ်ချုပ်ကြီး နေဝင်းထက် ပိုမိုပြီး နိုင်ငံခေါင်းဆောင်အဖြစ်မြင်လိုကြောင်း ပြောကြသည်။ တောင်ပေါ်လူမျိုးစုများက CPB ကို ၁၉၈၉ ခုနှစ်တွင် ပုန်ကန်သောအခါ ဗိုလ်မှူးချုပ် ကျော်ဇောသည် တရုတ်နိုင်ငံသို့ ထွက်ပြေးရပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သည်။
ဗိုလ်ကြီး အုန်းကျော်မြင့်ကို နိုင်ငံတော်ပုန်ကန်မှုအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ၁၉၇၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြိုးပေးကွပ်မျက်သည်။ သူ၏ အာဏာသိမ်းရန် ကြိုးစားမှု၊ ထိုအာဏာသိမ်းမှုတွင် ပါဝင်သည့် သို့မဟုတ် ထိုအာဏာသိမ်းမှုကို ထောက်ခံသည့် အရာရှိအရေအတွက်ကြောင့် ဗိုလ်ချုပ်ကြီး နေဝင်းသည် တုန်လှုပ်ခဲ့မည် ဖြစ်သည်။ သူသည် စစ်တပ်တွင်းမှအားလုံး သူ့ကို သစ္စာခံရမည်ဟု ယူဆသူဖြစ်သည်။
ထိုအာဏာသိမ်းရန် ကြံစည်မှုအပြီးတွင် စစ်အရာရှိပေါင်း ၂၀၀ ကျော်ကို ခေါ်ယူစစ်မေးပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ပါတီဝင် ၅၀,၀၀၀ ကျော်ကို ထုတ်ပယ်သည်။ စစ်အရာရှိများကို မကြာခဏ တာဝန်ပြောင်းလဲ ပေးအပ်ပြီး ပညာရှင် အရာရှိအများအပြားကို ပြောင်းရွှေ့ သို့မဟုတ် အငြိမ်းစားယူစေသည်။ ကျွမ်းကျင်မှု မရှိသော်လည်း သစ္စာခံသည့် အရာရှိများကို ရာထူးတိုးပေးပြီး ထိုသူများတွင် ၁၉၈၈ မှ ၁၉၉၂ ခုနှစ်အထိ စစ်အုပ်စုကို ခေါင်ဆောင်သူ ဗိုလ်စောမောင်နှင့် သူ့ကိုဆက်ခံသူ ဗိုလ်သန်းရွှေတို့ ပါဝင်သည်။
စစ်တပ်သည် စစ်မှန်သော စစ်တပ်မဟုတ်တော့ဘဲ ပဒေသရာဇ်ပုံစံဖြစ်နေပြီး ဘုရင်သည် ဘုရားဖြစ်သည်ဆိုသည့် အစဉ်အလာ အာဏာရှင်တန်ဖိုးများ အမြစ်တွယ်နေသည်။ ထိပ်တန်းခေါင်းဆောင်သည် သစ္စာခံများကို မွေးပြီး ချီးမြှင့်ကာ သဘောထားကွဲလွဲသူများကို သုတ်သင် ဒဏ်ခတ်သည်။
၁၉၇၆-၇၇ တပ်တွင်း သုတ်သင်မှုအပြီးတွင် မြန်မာစစ်တပ်သည် ခေါင်းဆောင်များကို အံတုရန် မစဉ်းစားတော့ရုံသာမက ၎င်းတို့အတွင်းမှ အကျိုးစီးပွားအုပ်စုများကို မမြင်နိုင်လောက်အောင် ပင်ဖြစ်လာသည်။ အာဏာကို စိန်ခေါ်ခြင်းကို မစဉ်းစားတော့။ ဗိုလ်ချုပ်ကြီး နေဝင်းကလည်း စစ်ထောက်လှမ်းရေးကို ပိုမိုတောင့်တင်းကြံ့ခိုင်အောင်လုပ်ပြီး စစ်ထောက်လှမ်းရေး၏တာဝန်မှာ သာမန်ပြည်သူများအကြားမှ အစိုးရဆန့်ကျင်သူများကို ဖော်ထုတ်ဖမ်းဆီးရန်သာမက ထိုထက်ပိုမိုအရေးကြီးသည့် တပ်တွင်းမှ ဆန့်ကျင်သူများကို ဖော်ထုတ်ရန် ဖြစ်လာသည်။ ထို့ကြောင့်ပင် ယနေ့တွင် ယခုအခြေစိုက်နေခြင်းဖြစ်သည်။
စစ်တပ်သည် စစ်မှန်သော စစ်တပ်မဟုတ်တော့ဘဲ ပဒေသရာဇ်ပုံစံဖြစ်နေပြီး ဘုရင်သည် ဘုရားဖြစ်သည်ဆိုသည့် အစဉ်အလာ အာဏာရှင်တန်ဖိုးများ အမြစ်တွယ်နေသည်။ ထိပ်တန်းခေါင်းဆောင်သည် သစ္စာခံများကို မွေးပြီး ချီးမြှင့်ကာ သဘောထားကွဲလွဲသူများကို သုတ်သင် ဒဏ်ခတ်သည်။
သို့သော် နောက်ထပ် ဗိုလ်ကြီး အုန်းကျော်မြင့်တယောက် ပေါ်ပေါက်နိုင်မည်လား။ ထိုကိစ္စကို အချိန်ကသာ အဖြေပေးနိုင်မည်ဖြစ်သော်လည်း ယခုနောက်ဆုံး ကွပ်မျက်မှုများသည် စစ်အရာရှိ အချို့ကို ထိတ်လန့် သွားစေမည်ဖြစ်သည်။ ယခုကွပ်မျက်မှုများကို မကျူးလွန်မီကပင် ၎င်းတို့ကို ပြည်သူများက မုန်းတီးကြောင်း ၎င်းတို့ သိပြီးဖြစ်သည်။ ယခုအခါ ၎င်းတို့ကို ပိုမိုရွံရှာ စက်ဆုတ်ကြမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Myanmar Military’s Long History of Executing its Enemies ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ကွပ်မျက်ခံရသူများ၏ မိသားစုဝင်များ လုံခြုံရေး စိုးရိမ်ရ
ကွပ်မျက်မှုကြောင့် ကျန်သေဒဏ်ချမှတ်ခံထားရသည့် နိုင်/ကျဉ်းများအရေး စိုးရိမ်နေ
အတုယောင် တရားရုံးကို အသုံးချ၍ သတ်ဖြတ်ခဲ့သော ဥပဒေမဲ့ လူသတ်မှု
မြန်မာ့နိုင်ငံရေး သမိုင်းထဲက သေဒဏ်စီရင်မှုများ
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်