မြန်မာနိုင်ငံက အသက်အကြီးဆုံး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၀ နှစ် ပြည့်တယ်။
စစ်ကောင်စီရဲ့ ထောင်တွေထဲမှာ တခြားအသက်အရွယ်ကြီးရင့်တဲ့ နိုင်ငံရေးအကျဉ်းသား အများအပြားရှိပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖိနှိပ်မှုကို ပြတ်ပြတ်သားသား သတိပေးနေတာ ဖြစ်တယ်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က အသက် ၇၉ နှစ်မှာ ပြန်လွှတ်ပေးခဲ့တဲ့ ဒေါ်ကြည်ကြည်ကို ကျော်တက်ပြီး အသက် ၈၀ အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအကျဉ်းသူ ဖြစ်တယ်။ ဒေါ်ကြည်ကြည်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဥက္ကဋ္ဌ သခင်ဇင်ရဲ့ဇနီး ဖြစ်တယ်။
ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဆွီဒင်၊ အီတလီ၊ ဖင်လန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက ဇွန်လ ၁၉ ရက်နေ့မှာ မွေးနေ့ဆုတောင်းတွေ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေတင်တာ၊ ပရိုဖိုင်းပုံ ပြောင်းတာတွေ လုပ်ကြတယ်။ မတရားဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက ထပ်မံ တောင်းဆိုတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် အများအပြား ဖမ်းဆီးခံရတယ်။ အသက် ၈၄ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးဝင်းထိန်၊ အသက် ၇၃ နှစ်အရွယ် သမ္မတ ဦးဝင်းမြင့်နဲ့ အသက် ၇၀ အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့ ထောင်ထဲမှာ ဆက်လက်ရှိနေတယ်။
အများစုက ကျန်းမာရေး မကောင်းကြဘူး။
လွန်ခဲ့တဲ့ အောက်တိုဘာလက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ထောင်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရဘဲ အသက် ၇၃ နှစ်မှာ သွေးကင်ဆာနဲ့ ကွယ်လွန်တယ်။ စစ်အာဏာသိမ်းမှုအတွင်း သူ့ကိုဖမ်းဆီးတော့ သူဟာ သွေးကင်ဆာ ခံစားနေရတယ်။ မန္တလေး အိုးဘိုထောင်ထဲမှာ သူ့အခြေအနေ ယိုယွင်းလာတော့ သူ့ကို မန္တလေး အထွေထွေရောဂါကုဆေးရုံကို တင်တယ်။
သူ မကွယ်လွန်မီ နာရီပိုင်း သတိလစ်နေချိန်မှာ စစ်ကောင်စီအရာရှိတွေက သူ့ကိုထောင်က လွှတ်ပေးတယ်။ အဲဒီလို လွှတ်ပေးတာဟာ မရိုးသားဘူးလို့ မြန်မာပြည်သူတွေနဲ့ ဥရောပသမဂ္ဂက ရှုတ်ချတယ်။
စစ်အာဏာသိမ်းမှုအတွင်း အဖမ်းခံရတဲ့ NLD စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ မန္တလေး အထွေထွေရောဂါကုဆေးရုံမှာ နှလုံးရောဂါနဲ့ ကွယ်လွန်တယ်။ ကျန်းမာရေးကြောင့် ထောင်ကလွှတ်ပေးပြီး ၁၂ ရက်အကြာ အသက် ၇၃ နှစ်မှာ သူကွယ်လွန်တာ ဖြစ်တယ်။
အခြား NLD ဝါရင့်ခေါင်းဆောင် ဦးဉာဏ်ဝင်းဟာ ၂၀၂၁ ခုနှစ် အင်းစိန်ထောင်မှာ ကိုဗစ်နိုင်တင်း ကူးစက်ခံရပြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို လွှဲပြောင်းပေးခံရကာ မကြာမီ ကွယ်လွန်တော့ အသက် ၇၉ နှစ်ရှိပြီ ဖြစ်တယ်။
အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ လေးနှစ်လုံး အိုးဘိုထောင်မှာ နေရတယ်။ စစ်အာဏာ မသိမ်းခင်က သူဟာ ဘီးတပ်ကုလားထိုင် အသုံးပြုရပြီး သွေးတိုး၊ နှလုံးနဲ့ လည်ပင်း အကျိတ်ရောဂါ ခံစားနေရတယ်။ သူ့ကို အောက်ဆီဂျင်ပေးဖို့လည်း လိုတယ်။ စစ်ကောင်စီက သူ့ကို ထောင် အနှစ် ၂၀ ချထားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေက သွားကိုက်တာ၊ သွေးပေါင်ကျတာ၊ မူးဝေတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စိုးရိမ်တယ်။ စစ်ကောင်စီကသူ့ကို ထောင် ၂၇ နှစ် ချထားတယ်။
ကရင်ပြည်နယ်က ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ဟာ ဘားအံထောင်မှာ ထောင်အနှစ် ၄၀ ကျနေတယ်။ သူ့ကို အစောပိုင်းက ထောင်အနှစ် ၈၀ ချပြီးမှာ ၂၀၂၂ ခုနှစ်မှာ တဝက်လျှော့ပေးတာ ဖြစ်တယ်။
လွန်ခဲ့တဲ့နှစ် ဇွန်လမှာ အသက် ၇၃ နှစ်အရွယ် ဦးဝင်းမြင့်ဟာ ဆီးပိုက်ထည့်ဖို့ လိုတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အဆိုအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လူ ၂၉,၂၉၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၂,၀၀၀ ကျော်ဟာ ထောင်ထဲမှာ ဆက်ရှိနေတယ်လို့ သိရတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အဆိုအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လူ ၂၉,၂၉၅ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၂,၀၀၀ ကျော်ဟာ ထောင်ထဲမှာ ဆက်ရှိနေတယ်လို့ သိရတယ်။
“သူတို့တွေက သံတိုင်နောက်ကို ဘယ်တော့မှ မရောက်သင့်တဲ့ နိုင်ငံခေါင်းဆောင်တွေဖြစ်တယ်။ သူတို့ကို မတရားဖမ်းပြီး စနစ်တကျ ဆေးဝါးကုသခွင့် မပေးဘူး။ ဒါဟာ အမုန်းနဲ့ တဖြည်းဖြည်း တွက်ချက် ညှဉ်းပန်းနှိပ်စက်တာဖြစ်တယ်” လို့ AAPP အဖွဲ့ဝင် ကိုဘိုကြည်က ဧရာဝတီကို ပြောတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD နဲ့ NLD ခေါင်းဆောင်တွေကို ဆက်လက် ဝေဖန်ရှုတ်ချနေပြီး လွှတ်ပေးရက် ကြေညာမဲ့ သဘောမရှိပါဘူး။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar’s Aging Leaders Continue to Suffer in Junta Jails ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)
အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်
နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု လိုအပ်သည်
ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်
အာဏာသိမ်း စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသားများ