• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မင်းရာဇာအမှုမှ အက်ဆစ်ဖြင့် အပက်ခံရသည့် မိန်းကလေး ဆေးရုံဆင်းခွင့် ရတော့မည်

by ထွန်းထွန်း
20 April 2020
in သတင်း
A A
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော် / ဧရာဝတီ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော် / ဧရာဝတီ

73k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မင်းရာဇာနှင့် အမျိုးသမီးဖြစ်သူ၏ အက်ဆစ်ဖြင့် ပက်ကာ နှိပ်စက်ခံထားရသည့် အိမ်အကူမိန်းကလေး၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လာပြီဖြစ်ရာ ရက်ပိုင်းအတွင်း ဆေးရုံ ဆင်းခွင့် ရတော့မည်ဟု ကာယကံရှင် အိမ်အကူမိန်းကလေး၏ ဦးလေး ဖြစ်သည့် ဦးအောင်က ဧရာဝတီသို့ ပြောသည်။

ဦးအောင် က “တာမွေရဲစခန်းက ဒီနေ့ ဖုန်းလှမ်းဆက်တာက ဓာတ်မှန်ပြန်ရိုက်ဖို့ လိုတယ် ပြောတယ်၊ အရင်ကလည်း ရိုက်ထားတာ ရှိပါတယ်၊ အခုထပ်ရိုက်မှာကတော့ မနက်ဖြန်ရိုက်မယ်တဲ့၊ ဆရာဝန်တွေကတော့ စစ်ချက်တွေ အကုန်လာ ယူသွားတယ်၊ ကျန်းမာရေးက လမ်းတွေဘာတွေ လျှောက်နိုင်လာပြီး၊ တိုးတက်လာပါတယ်။ ဆင်းမယ့်ရက်ကို အတိအကျ မပြောနိုင်သေးမယ့် ဒီရက်ပိုင်းအတွင်း ဆင်းနိုင်မယ်လို့တော့ ဆေးရုံဘက်ကပြောပါတယ်”ဟု ပြောသည်။

အမှုနှင့် ပတ်သက်ပြီး ကာယကံရှင် အိမ်အကူမိန်းကလေးအနေဖြင့် ကျန်းမာရေးအရ သက်သာလာပြီဖြစ်သော်လည်း အမှုအား အမှန်တရားပေါ်ပေါက်လာမည့် အဆုံးထိ ဆက်လက်ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

သရုပ်ဆောင် မင်းရာဇာအနေဖြင့် အိမ်အကူ မိန်းကလေးအပေါ် ပြုကျင့်မှုများနှင့် ပတ်သက်ပြီး ၎င်း၏ ဇနီးဖြစ်သူက အိမ်ထောင်ရေး ဖောက်ပြန်မှုဟုဆိုကာ မေးမြန်းထားသည့် အသံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ပြီးနောက် အမှုမှာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိမ်အကူ မိန်းမကလေး၏ မိသားစုဝင်များမှ ပြောကြားချက်များအရ မိန်းကလေးသည် အသက်မပြည့်သေးဘဲ ၂၀၀၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က မွေးဖွားသူဖြစ်ကြောင်း သိရသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
192
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

အိမ်အကူမိန်းကလေးအား ကူညီဆောင်ရွက်ပေးနေသူ Forward Women Empowerment အဖွဲ့မှ စောခင်သူဇာ က “အမှုက CID က လွှဲယူထားတယ်လို့တော့ သိထားရပါတယ်၊ ကလေးရဲ့ကျန်းမာရေးက အက်ဆစ်နဲ့အပက်ခံရတဲ့ ဆွေးနေတဲ့ အသားတွေကို ခြစ်ထုတ်ပြီးတော့မှ ဆေးထည့်ပြီး လုပ်ပေးနေတာ တော်တော်လေး သက်သာသွားပါပြီ၊ ရက်ပိုင်းအတွင်း ဆေးရုံက ဆင်းနိုင်မယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မင်းရာဇာတို့အား ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်း ပေးထားသော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးကြောင်းလည်း အမှုတွင် လိုက်ပါကူညီဆောင်ရွက်မည့် ရှေ့နေအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ဌေးက ပြောသည်။

လက်ရှိတွင် ကျူးလွန်မှုများနှင့် ပတ်သက်ပြီး မင်းရာဇာ၊ ဇနီးဖြစ်သူ ဖူးငုံပွင့်နှင့် ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးတို့အား မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ရဲစခန်းတွင် နာကျင်စေမှု ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည့် အပြင် မင်းရာဇာတို့နေအိမ် တည်ရှိရာ တာမွေမြို့နယ်၏ ရဲစခန်းတွင်လည်း မုဒိမ်းမှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်။

အမှုနှင့်ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းခဲ့သည့် မင်းရာဇာနှင့် ဇနီးဖြစ်သူတို့အား မန်နေဂျာ ရခိုင်လေး ဆိုသူနှင့်အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့က ဧပြီ ၉ ရက်နေ့ ညပိုင်းတွင် ဖမ်းမိခဲ့ပြီး မြဝတီမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်လင့်

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား

Your Thoughts …
Tags: ပုဒ်မ ၃၇၆မင်းရာဇာအိမ်အကူ
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နေအိမ်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် / Nyi Nyi / facebook

အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

by လဲ့လဲ့
14 April 2020
67.9k

တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ်အား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13.1k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

အလုပ်ရှင် ဂိုင်ယာသီရိ မူရူဂါယန်နှင့် မပိုင်ငေးဒွန်

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

by Jean Lau
29 June 2023
6.5k

သေမှုသေခင်း စစ်ဆေးမှုအရ မပိုင်ငေးဒွန်၏ ခန္ခာကိုယ်တွင် အမာရွတ် ၃၁ ခုနှင့် ပြင်ပဒဏ်ရာ ၄၇ ခု ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော် / ဧရာဝတီ

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

by ထွန်းထွန်း
9 April 2020
33.2k

အမှု အခြေအနေများ၊ အိမ်ဖော်မိန်းကလေး၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းပြောပြသည့် ဖြစ်စဉ်များအား ဆေးရုံသို့ ရောက်ရှိနေသည့် ကာယကံရှင်မိန်းကလေး၏ မိဘ ၂ ဦးနှင့် ဆွေမျိုးနီးစပ်သူတို့အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် တန်းစီနေကြသူများ

အရှေ့အလယ်ပိုင်း နိုင်ငံများရောက် မြန်မာအလုပ်သမများ အခက်အခဲကြုံ

by ဧရာဝတီ
20 October 2022
2.3k

ယခုနှစ်ပိုင်းတွင် ပြည်တွင်း၌ စီးပွားရေးကျပ်တည်းနေခြင်းကြောင့် ငွေကြိုပေးစရာမလိုဘဲ လုပ်ခ လစာ ကျပ် ၁၀သိန်း ဝန်းကျင်ရရှိမည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်အကူ အဖြစ် သွားရောက် လုပ်ကိုင်မှုများ မြင့်တက်လာသည်။

Next Post
ရဲကို ဓားဖြင့် ခုတ်သူအား ဖမ်းဆီးနေမှု  / မောင်လေးငယ်ငယ်

Mask တပ်ရန်ပြောသော ယာဉ်ထိန်းအား ဓားဖြင့်ပြန်ခုတ်သည့် အမျိုးသား သေဆုံး

ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလုပ်သမားတွေ ဘယ်လိုရပ်တည်မလဲ (ရုပ်/သံ)

ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလုပ်သမားတွေ ဘယ်လိုရပ်တည်မလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved