COVID-19 ရောဂါ ကာကွယ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံတွေဟာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီမှသာ ဖွင့်ခွင့်ပြုမှာ ဖြစ်ပြီး ဧပြီ ၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ဆေးသွားမယ်လို့ မနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့ မနက်မှာတော့ စက်ရုံတွေမှာ အလုပ်ပြန်ဝင်နေတဲ့ အလုပ်သမားတွေ ရှိနေပါတယ်။
တချို့စက်ရုံတွေဟာ အလုပ်ပြန်မဝင်ရင် အလုပ်ကနေ ထုတ်မယ်ဆိုတဲ့ ဖိအားပေးမှုတွေလည်း ရှိနေသလို အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ လုပ်ခလစာ ပြဿနာကလည်း ဖြေရှင်းစရာ တစ်ခု ဖြစ်နေပါတယ်။
ဓာတ်ပုံ – မျိုးမင်းစိုး
အင်တာဗျူး/ တည်းဖြတ် – ဇင်မိုးဝါ











