• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကလေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ

by ထွန်းထွန်း
9 April 2020
in အင်တာဗျူး
A A
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု  / ဇော်ဇော် / ဧရာဝတီ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မန္တလေးတွင် ပြုလုပ်ခဲ့သော ကလေးသူငယ်များအား လိင်အမြတ်ထုတ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခု / ဇော်ဇော် / ဧရာဝတီ

33.2k
VIEWS
Share on FacebookShare on Twitter

ဗီဒီယို သရုပ်ဆောင် မင်းရာဇာသည် ၎င်း၏ နေအိမ်မှ အိမ်အကူနှင့် ဖောက်ပြန်နေသည်ဟုဆိုကာ မင်းရာဇာ၏ ဇနီး ဆိုသူက ဖုန်းဆက်မေးထားသည့် အသံဖိုင်များ Han Nyein Oo ဆိုသူ၏ ဖေ့စ်ဘုတ် အကောင့်မှတဆင့် စတင် ပျံ့နှံ့လာပြီးနောက် လူအများ စိတ်ဝင်စားခဲ့ကြသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး အိမ်ဖော်မိန်းကလေးတွင် နှိပ်စက်ခံရမှုများ၊ မိန်းမကိုယ်အား အက်စစ်ဖြင့် ပက်ခံထားမှုများ ရှိနေသည့် အတွက် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကုသမှု ခံယူနေရပြီး မိန်းကလေး၏ မိဘများက မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ရဲစခန်းနှင့် တာမွေရဲစခန်း တို့တွင် မုဒိမ်းမှု၊ နာကျင်စေမှုတို့ဖြင့် မင်းရာဇာနှင့် ဇနီးဖြစ်သူအပြင် ၎င်း၏ ယောက္ခမဖြစ်သူတို့ကို အမှုဖွင့်လှစ်ထားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး အမှု အခြေအနေများ၊ အိမ်ဖော်မိန်းကလေး၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းပြောပြသည့် ဖြစ်စဉ်များအား ဆေးရုံသို့ ရောက်ရှိနေသည့် ကာယကံရှင်မိန်းကလေး၏ မိဘ ၂ ဦးနှင့် ဆွေမျိုးနီးစပ်သူတို့အား ဧရာဝတီ သတင်းထောက် ထွန်းထွန်းက မေးမြန်းထားသည်။

မေး ။ ။ မိန်းကလေးရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ ခင်ဗျာ။

ဖြေ ။ ။ သူ့ကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ကမှ မွေးတာဆိုတော့ ၁၄ နှစ် ၁၀ လပဲရှိသေးတယ်၊ မွေးစာရင်း ဆိုတာတော့ နာဂစ်ဖြစ်တုန်းက အကုန်ပါသွားတယ်ခင်ဗျ၊ ကျောင်းနေတုန်းက စာရင်းကို ကျနော်တို့ဆီမှာရှိပါတယ်၊ လိုအပ်ရင်လည်း ကျောင်းဝင်အမှတ်နဲ့စာရင်းကို သွားယူမှာပါ။

မေး ။ ။ လတ်တလော မိန်းကလေးရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဆေးရုံကို မနေ့က ည ၈ နာရီလောက်က ရောက်တာပါ၊ ကလေးရဲ့ ကျန်းမာရေးအခြေအနေက အတိအကျ ပြောမရသေးဘူးလို့ ဆရာဝန်ကြီးက ပြောတယ်၊ ဆိုးတယ်လို့တော့ ပြောတယ်၊ ကလေးရဲ့ ဒဏ်ရာထဲမှာ ပိုးတွေဝင်တယ် ဆိုတာလည်း ကျနော်တို့ကိုပြောတယ်။

မေး ။ ။ မိန်းမကိုယ်မှာ အက်စစ်နဲ့ အပက်ခံရတယ် ဆိုတာရော ဟုတ်ပါလားခင်ဗျာ။

ဖြေ ။ ။ အက်စစ်နဲ့အပက်ခံရတာ ဟုတ်ပါတယ်ခင်ဗျာ၊ ဘယ်လိုတွေဖြစ်လဲဆိုတာ သူကိုယ်တိုင် ကျနော်တို့ကို ပြောပြ ပါတယ်၊ သူ့ကို ကိုမင်းရာဇာရဲ့ အမျိုးသမီးက “ ငါ့လင်သားနဲ့ နင်ဖောက်ပြန်တာ၊ နင့်ကို ဒီအတိုင်းထားလို့ မရဘူး၊ အပြစ် ပေးမယ်ဆိုပြီး ပြောတယ်၊ အဲဒီအပြစ်ဒဏ်ကို နင်ခံမလား၊ မခံဘူးလား။ မခံရင် ရိုက်မယ်ပုတ်မယ်” ဆိုပြီး လည်း ပြောတယ်၊ ကလေးက ကြောက်ပြီး အပြစ်ပေးတဲ့ အက်စစ်နဲ့ပဲ အပက်ခံမယ်ဆိုပြီး ပြောလိုက်တယ်တဲ့၊ အဲဒီတော့ မင်းရာဇာကို “သူ့ကို နင်ပက်မလား၊ ငါပက်ရမလား၊ ငါပက်ရင် ပိုဆိုးမယ်၊ နင်ပက်မလားဆိုပြီး ပြောတော့ ကိုမင်းရာဇာ ကိုယ်တိုင်ကနေပြီးတော့ လက်နဲ့ညစ်ပြီး ဖျန်းတဲ့ဗူးထဲကို အက်စစ်ထည့်ပြီးတော့ မိန်းမကိုယ်ကို ဖျန်းတာ”လို့ သူက(ကာယကံရှင်မိန်းကလေး) ကျနော်တို့ကို ပြန်ပြောတယ်၊

မေး ။ ။ ဘယ်နေ့က ဒီလိုမျိုး လုပ်တာလည်းရော သိရလား ခင်ဗျာ။

ဖြေ ။ ။ အဲဒီရက်ကိုတော့ သူအတိအကျ မပြောနိုင်သေးဘူး။ တပတ်၊ ၁၀ ရက်လောက်တော့ရှိပြီ ပြောတယ်။ သူတို့နှစ်ယောက် ဖြစ်နေတဲ့အကြောင်းကို မင်းရာဇာရဲ့ အမျိုးသမီးသိတာက ရက် ၂၀ လောက်ရှိပြီလို့တော့ ပြောတယ်၊ အဲဒီနောက်ပိုင်း သူ့ကို ရိုက်နှက်တာတွေ လုပ်တယ်လို့ ပြောတယ်။

မေး ။ ။ ရိုက်နှက်တာနဲ့ ပတ်သက်ပြီး ဘာတွေပြောပြထားသေးလဲ။

ဖြေ ။ ။ သူမှတ်မိသလောက် ပြောတာကတော့ သူ့ခေါင်းမှာ တူထုရာ ဒဏ်ရာ ၂ ချက်ရှိတယ်၊ ထုတာကကို မင်းရာဇာရဲ့ ယောက္ခမ၊ သူ့မိန်းမရဲ့ အဖေပေါ့၊ “နင်က ငါ့သားသမီးရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးတယ်”ဆိုပြီး တူနဲ့ ထုသတ်မယ်ဆိုပြီး ထုတာ၊ ပထမ ၂ ကြိမ် ထုပြီးတော့ နောက်တကြိမ် ထပ်ထုမယ်အလုပ်မှာ ကိုမင်းရာဇာရဲ့ အမေကနေ အသံကြားပြီးတော့ ဝင်ဆွဲလိုက်လို့ ကလေးက အသက်ဘေးကနေ လွတ်လာတာ။

မေး ။ ။ အိမ်ဖော်အဖြစ်လာနေတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ ။ အိမ်ဖော်လာ လုပ်နေတာ ဒီနှစ်နဲ့ဆို ၅ နှစ်လောက်ရှိပြီ။ မုဒိမ်းမှု ကျူးလွန်တာက တာမွေက ကိုမင်းရာဇာ အိမ်မှာဖြစ်တာပါ၊ အကြိမ်များစွာ ကျူးလွန်ပြီး နှစ်နှစ်ကြာတဲ့အချိန်မှာ သူ့အမျိုးသမီးက ဒီကလေးနဲ့ ကျူးလွန် နေတာကို တွေ့ပြီးတော့ မြောက်ဥက္ကလာမှာရှိတဲ့ ဖိုးခေါင်လမ်းက အိမ်ကိုပို့ပြီး လာလာ နှိပ်စက်တာလို့ ပြောပါတယ်။

ကလေးက သေကြောင်းကြံစည်တယ်၊ ဓားနဲ့ထိုးတယ် ဆိုတာကလည်း ကလေးကို သူတို့က “မိဘတွေ လာနေတယ်၊ လိုက်ပို့ပေးမယ်၊ အဝတ်ထုပ်တွေ ကားပေါ်ရောက်နေပြီ၊ လာလိုက်ခဲ့ဆိုပြီး” အဝေးပြေးလမ်းမကြီး ဘက်ခေါ်သွားတာ၊ ဟိုရောက်တော့ မဟုတ်ဘဲ ကလေးကို ကားပေါ်က ဆင်းခိုင်းပြီး နင့်ကို ဒီအတိုင်းထားလို့ မရဘူးဆိုပြီးတော့ ကိုမင်းရာဇာရဲ့ အမျိုးသမီးက “ နင် ဓားနဲ့ထိုးရမယ်၊ နင်မထိုးရင် ငါထိုးမယ်”ပြောတော့ ကိုမင်းရာဇာ က ကိုယ်တိုင်ထိုးတာလို့ ပြောတယ်၊ ချုပ်ပေးထားတာက ကိုမင်းရာဇာရဲ့ မန်နေဂျာဆိုသူရယ် သူ့အမျိုးသမီးရယ်က ချုပ်ပေးတယ်။ ကိုမင်းရာဇာက ညှင်းပမ်း နှိပ်စက်ပြီး တော့မှ အိမ်ပြန်ခေါ်လာပြီး ဆေးဝါးကုသမှု ဘာမှမပေးဘဲနဲ့ အိမ်မှာပဲ ပိတ်ထားတာပေါ့။

မေး ။ ။ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံက အိမ်မှာက ဘယ်သူတွေနေတာလဲ သိလား။

ဖြေ ။ ။ ကျနော်တို့သိသလောက်က ကိုမင်းရာဇာရဲ့ အမေရယ်၊ သူ့ရဲ့ ယောက္ခမရယ် အဲဒီမှာနေပါတယ်။ ကလေးကို တူနဲ့ထုတဲ့သူပါ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
113
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
63
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
168

မေး ။ ။ အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေကို မိသားစုတွေအနေနဲ့ ဘယ်လိုသိခဲ့ရတာလဲ ခင်ဗျာ။

ဖြေ ။ ။ ဒီလိုတွေဖြစ်နေတာကို ကျနော်တို့က ဧပြီ ၆ ရက်နေ့ကမှသိတာ။ အဲဒီမတိုင် ကျန်ခဲ့တဲ့ရက်တွေထဲ နှိပ် စက်တာတွေလုပ်နေတာ၊ ကျနော်တို့ကို ဘေးက သူငယ်ချင်းတွေက ပြောပြမှသိခဲ့တာ၊ အဲဒီတော့မှ ရန်ကုန်ကို ၇ ရက်နေ့က တက်လာခဲ့ပြီး ကလေးကိုသွားခေါ်တာ။

မေး ။ ။ မိန်းကလေးကို သွားခေါ်တဲ့နေ့ကရော ဘယ်လိုကြုံရသေးလဲ။

မေး ။ ။ ကျနော်တို့ ကလေးကို သွားခေါ်တဲ့နေ့က သူတို့ကလေးကို ငွေ ၂ သောင်း ထည့်ပေးလိုက်တယ်။ နောက်မှ တွေ့တာပါ ပိုက်ဆံကို။ အဲဒါနဲ့ မေးကြည့်တော့မှ လမ်းတဝက်ရောက်ရင် ပြန်ထွက်ပြေးခဲ့လို့ မှာလိုက်တယ်တဲ့၊ ထွက်ပြေးပြီး သူတို့ဆီရောက်အောင် ပြန်လာခဲ့ရင် ဆေးကုပေးမယ်လို့ ပြောတယ်တဲ့၊ ကလေးက ပြောပြတာ၊ ကျနော်တို့ကို တွေ့တွေ့ ချင်းမှာလည်း ကလေးက ထွက်ပြေးတယ်၊ ဘာလို့ပြေးလဲမေးတော့ “ကျနော်တို့က လင်ဖောက်ပြန်တဲ့မိန်းမ၊ နင့်အဖေ၊ အမေက ခေါ်ပြီးရင် သတ်မယ်ပြုမယ်”ဆိုပြီး ပြောထားလို့ ထွက်ပြေးတာလို့ ပြောတယ်။ အမှုကို ကျနော်တို့က မှန်မှန် ကန်ကန်နဲ့ သွားချင်တယ်။

မေး ။ ။ လတ်တလော အမှုဖွင့်ထားတဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ တာမွေမှာ ဖွင့်ထားတာက ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ ဖွင့်ထားတာပါ၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံ စခန်းမှာကတော့ ညှင်းပမ်းနှိပ်စက်တဲ့ အမှုနဲ့ပဲတိုင်တာပါခင်ဗျာ။ ကျနော်တို့က ပုဒ်မတွေ သိပ်နားမလည်ဘူး။ သူတို့(ရဲ)ကနေ သင့်တော်သလို့ အကောင်းဆုံး လုပ်ပေးမယ်လို့တော့ ပြောတယ်၊ အမှန်တိုင်းပဲဖြစ်စေရမယ်လို့ ပြောပါတယ်။

မေး ။ ။ အခုလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာများရှိသေးလား။

ဖြေ ။ ။ ကျနော်တို့ပြောချင်တာကတော့ ဘာမှမသိသေးတဲ့ ကလေးငယ်လေးကို လိင်ကျွန်အဖြစ် လုပ်ခဲ့တာ၊ ကလေး ကလည်း အသက်က အရမ်းငယ်သေးတယ်၊ ဘာမှမသိသေးတဲ့ အရွယ်လေးကို ဒီလိုပဲ အနိုင်ကျင့်ပြီး လိင်ကျွန် ပြုတဲ့သူကို ဥပဒေအရ အရေးယူနိုင်ဖို့ လမ်းကြောင်းမှန်မှန်လေးနဲ့ ကူညီပေးမယ့်သူတွေ လာပါစေပဲ ဆုတောင်းနေတာပါ။

ဆက်စပ်လင့်

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲဖို့ အဆင်သင့်ဖြစ်နေပြီ

ကိုယ်ဝန်ဖျက်ချခွင့် ပုဒ်မ ၁၆ အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်ထောက်ပြ

“စူးရှထက်ရဲ့ ကျေအေးလွှာက ကျေအေးလွှာလို့ သတ်မှတ် မရဘူး”လို့ တာမွေမြို့နယ် တရားရုံးမှ ပြော

Your Thoughts …
Tags: ပုဒ်မ ၃၇၆မင်းရာဇာမုဒိမ်းမှုလိင်ကျွန်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မိန်းမ နှင့် ဒေါသ

မိန်းမ နှင့် ဒေါသ

by ခင်ဆွေဦး
28 July 2024
2k

အများအားဖြင့် မိန်းမတွေဟာ “ဒိန်းလိန်း” နတ် ပူးလာရင် သူတို့ရဲ့ စိတ်ထွက်ပေါက်ကို ဒေါသဘက် လှည့် ဖြေရှင်းတတ်ကြပါတယ်။

အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်နေအိမ်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် / Nyi Nyi / facebook

အသက် ၁၄ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်သူကို ဖမ်းဆီး

by လဲ့လဲ့
14 April 2020
67.9k

တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ်အား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

မုဒိမ်းကျင့်တာကို မုဒိမ်းကျင့်တယ်လို့ ပြောရင် ရိုင်းသတဲ့လား

by ဆာရာနွယ်
21 November 2025
943

'မုဒိမ်း' စကားလုံးကို လူသုံးအများဆုံးနဲ့ အတွင်ကျယ်ဆုံး အစားထိုး စကားလုံးကတော့ 'သားမယား ပြုကျင့်သည်' ပဲ ဖြစ်တယ်။

လပွတ္တာမြို့ ဆိုင်းဘုတ် / ဆလိုင်းသန့်စင် / ဧရာဝတီ

၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ပထွေးနှင့်ခဲအိုကို ဖမ်းဆီး

by ဆလိုင်းသန့်စင်
4 July 2019
80.6k

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုဖြင့် ၎င်း၏ ပထွေးနှင့် ခဲအို ဖြစ်သူတို့ကို ရဲတပ်ဖွဲ့က ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း

--

ပုဒ်မ ၃၇၆ ပြင်ဆင်တဲ့အပေါ် ဘယ်လိုမြင်ကြလဲ

by လဲ့လဲ့ & မိုးမိုး
3 April 2019
13.1k

ပုဒ်မ ၃၇၆ ပြင်ဆင်သတ်မှတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသော အရပ်ဘက်အဖွဲ့အစည်းများ၏အမြင်သဘောထားများကို ဧရာဝတီသတင်းထောက်လဲ့လဲ့က မေးမြန်းတင်ပြထားသည်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

Next Post
မင်းသား လီဗြောင်ဟွန်းနဲ့ ရုပ်ရှင် အဖွဲ့သားများ

ရိုက်ကူးရေးများ ရွှေ့ဆိုင်းလိုက်မှုကြောင့် ကိုရီးယား သရုပ်ဆောင်များ အကျပ်တွေ့

ထိုင်းမှာ အကြောင်းရှိလို့ အပြင်ထွက်မယ်ဆိုရင် Mask တပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။

ဖူးခက်မှာ Mask မတပ်ဘဲ သွားလာနေတဲ့ ပြင်သစ်လူမျိုး ဖမ်းဆီးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved