• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားမဝင် ဝင်ရောက်လာသူများ အရေး မောင်တောဒေသခံတချို့ ဆန္ဒပြ

by မင်းအောင်ခိုင်
13 June 2020
in သတင်း
A A
တရားမဝင် ဝင်လာသူများကို တားဆီးကာကွယ်ရန် ဆန္ဒပြနေသော မောင်တောမြို့ခံတချို့  / Sein Hla Pru / Facebook

တရားမဝင် ဝင်လာသူများကို တားဆီးကာကွယ်ရန် ဆန္ဒပြနေသော မောင်တောမြို့ခံတချို့ / Sein Hla Pru / Facebook

10.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တရားမဝင် ရောက်ရှိလာသူ ၁၄ ဦးထဲမှ COVID 19 ရောဂါပိုးတွေ့လူနာ ပါရှိလာပြီ ဖြစ်သည့်အတွက် တရားမဝင်ဝင်လာသူများ တားဆီးရေး ယမန်နေ့က မြို့ပေါ်၌ လူ ၄ဦးက လှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ မောင်တောမြို့ပေါ်တွင် မြို့ခံတချို့ (၄ ဦး) မြန်မာ နယ်စပ် လုံခြုံမှု ရှိစေရေး၊ တရားမဝင် ဝင်လာသူများကို တား ဆီးကာကွယ်ပေးရေး၊ နယ်စပ် လုံခြုံရေး တာဝန်ကျသူများအား တာဝန်လစ်ဟင်းမှုအတွက် အရေးယူပေးရေး စသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ မြို့ပတ် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုစိန်လှဖြူ က “ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကော့ဘဇားခရိုင်ကို COVID 19 အနီရောင်အဆင့်သတ်မှတ် ထားတဲ့အချိန်မှာ အခု အစိုးရက တဖက်နိုင်ငံက လူတွေကို ဝင်ပါစေ၊ ထွက်ပါစေဆိုတဲ့ သဘောနဲ့ လုပ်ထားတယ်။ တရား စွဲလို့လည်း မရဘူးလို့ ပြောတယ်။ ကျနော်တို့ ဒေသ အခြေအနေ တော်တော် စိုးရိမ်နေရတဲ့အတွက် အခုလိုမျိုး ဆန္ဒပြ တောင်းဆိုရတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က လတ်တလော ကာလအတွင်း နယ်စပ်က ရောက်ရှိလာသူများ အပါအဝင် ထိတွေ့ခဲ့သူများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဒေသအတွင်း ဖွင့်လှစ်ထားသည့် Quarantine centre များ၌ စောင့်ကြပ် ထိန်းသိမ်းထားကြောင်းလည်း ပြောဆိုသည်။

၎င်းက “လတ်တလောမှာ တဖက်နိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၁၄ ဦး ရှိပါတယ်။ အဲဒီအထဲက မနေ့က ဘူးသီး တောင်က ၁ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့တယ်။ ကိုဗစ်ရောဂါ ပိုးတွေ့တာ မောင်တောက ၄ ဦး ဆိုတော့ အားလုံး ၅ ယောက် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရ အနေဖြင့် မောင်တော နယ်စပ်ကို ပိတ်ထားသည် ဆိုသော်လည်း လက်ရှိအချိန်ထိ တဖက်နိုင်ငံမှ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေကြပြီး အစိုးရအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပြဿ နာပေါင်း မြောက်များစွာ ရှုပ်ထွေးခဲ့ရပြီ ဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သောင်းရွှေက ဝေဖန် ပြောဆိုသည်။

၎င်းက “အလွန်တရာ စိုးရိမ်ရတယ်။ ဆိုလိုတာက နယ်စပ်တွေက သွားချင်သလိုသွား၊ လာချင်သလိုလာ ရနေတယ်။ ပိုက် ဆံ ပေးလိုက်ရင် ရတယ်။ နယ်စပ် ပြဿနာကြောင့်လည်း အခုလို ရခိုင်ပြည်နယ်မှာ ပြဿာနာပေါင်း မြောက်များစွာ ဖြစ် နေတာလေ။ အခုမှလည်း ဖြစ်တာ မဟုတ်၊ အရင်ကလည်း ဖြစ်နေတာ။ လူဝင်/လူထွက် ပြဿနာဟာ ဒီနေ့ကိုဗစ်မှာ ပိုပြီး တော့ ထိခိုက်လာတယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော မေလ ၃၀ ရက်က တဖက်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူ မွတ်စလင် မိသားစုဝင် ၅ ဦးထဲမှ အိမ်ထောင်ဦး စီး အမျိုးသား ၁ ဦးထံ၌ COVID 19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဇွန်လ ၄ ရက်ကလည်း မောင်တောမြို့နယ် ကြိမ်ချောင်း ကျေးရွာနှင့် ရွှေဇားကျေးရွာတို့တွင် တဖက်နိုင်ငံမှ မွတ်စ လင် အမျိုးသား၂ ဦး ထပ်မံ တရားမဝင် ရောက်ရှိလာခဲ့ပြီး လတ်တလောတွင် တရားမဝင် ရောက်ရှိလာသူ ၁၄ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကိုရိုနာဗိုင်းရပ် ကူးစက်မြန်ရောဂါကြောင့် အများပြည်သူ စိုးရိမ်နေကြသည့်အတွက် မောင်တော နယ်စပ် တံခါးများ လုံခြုံမှု မရှိသည့် အပေါ် ဒေသခံ လူထုကြား ဝေဖန်မှု မြင့်တက်လျက် ရှိသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ရွှေက “ဒီဟာတွေကို မထိန်းကျောင်းနိုင်ရင် ရခိုင်ပြည်နယ် တင်မက ဘူး။ မြန်မာနိုင်ငံ တနိုင်ငံလုံးကို ပျံ့နှံ့သွားနိုင်တယ်။ အရင်တုန်းကတော့ လုံခြုံရေး အမြင်တခုတည်း ပြဿနာ ဖြစ်နေတာ။ အခု ကျန်းမာရေး ကိစ္စတွေမှာ ပါလာပြီး ဆိုတော့ အခုလို လုံခြုံရေး ကျိုးပေါက်မှုသည် ပြည်သူ လူထုအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်လာမယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ တရားမဝင် ရောက်ရှိလာသူများမှာလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခြင်း မဟုတ်ဘဲ ကျေးရွာသားများ သတင်းပို့ပြီး လာရောက် အပ်နှံမှသာ သက်ဆိုင်ရာဌာန ဆိုင်ရာများက သိရှိခြင်း ဖြစ်သည်ဟု ဦးအောင်သောင်းရွှေက ပြောဆိုသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
59
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ နယ်စပ်လုံခြုံရေး ကိစ္စရပ်မှာ နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်သည့် အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကိုသာ မေးမြန်းရန်သာ ပြောသည်။

တရားမဝင် ဝင်လာသူများကို တားဆီးကာကွယ်ရန် ဆန္ဒပြနေသော မောင်တောမြို့ခံတချို့ (ဓာတ်ပုံ- Sein Hla Pru/ Facebook)

ထို့ပြင် မောင်တောခရိုင် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအနေဖြင့်လည်း နယ်စပ်တွင် လုံခြုံရေး တိုး မြှင့်ချထားပေးရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ စာပို့ထားကြောင်း ၎င်းက ဆိုသည်။

မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွားသူများ အနေဖြင့် မိမိဆန္ဒအလျှောက် ပြန်လည် ဝင်ရောက်ခဲ့လာရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများထံ တရားဝင် သတင်းပို့ပြီး လျှောက်လွှာမျာ တင်ကာ စိစစ် လက်ခံ မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဒေသအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိမရှိ၊ အကြမ်းဖက်ဖြစ်စဉ် ကြောင့် တဖက်နိုင်ငံသို့ ရောက် ရှိသွားခြင်း ဟုတ်မဟုတ်၊ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့မှု ရှိမရှိ စသည့် အချက်အ လက်များကို စိစစ်ပြီး ပြန်လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့် အချိန်က စပြီး မောင်တော နယ်စပ်ကို ပိတ် ကာ ပြန်လည် လက်ခံရေး လုပ်ငန်းများကို ယာယီရပ်ဆိုင်ထားသည့်အတွက် ယခုပြန်လည် ဝင်ရောက်လာသူများမှာ တ ရားမဝင် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း ဒေသ အာဏာပိုင်များက ပြောဆိုထားသည်။

မောင်တော ပဋိပက္ခကြောင့် တဖက်နိုင်ငံသို့ ရောက်ရှိသွာများသူများအနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တဦးတ ယောက်မှ ပြန်လည် ဝင်ရောက်လာမှု မရှိသေးသော်လည်း အကြောင်းအမျိုမျိုးကြောင့် မိမိ ဆန္ဒအလျှောက် တရားဝင် သတင်းပို့ကာ ပြန်လည် ဝင်ရောက်လာသူ ၆၀၀ ကျော် ရှိကြောင်းလည်း မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းအရ သိရသည်။

ပြီးခဲ့သော မေလအတွင်းက မလေးရှားနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ သံတွဲမြို့နယ်က အမျိုးသား ၁ ဦးနှင့် တောင် ကုတ်မြို့နယ်က အမျိုးသား ၁ ဦးတို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာ လက်ရှိအချိန်တွင် ၎င်းတို့ ၂ ဦးမှာလည်း ကျန်းမာရေး အခြေအနေ ကောင်းမွန်စွာဖြင့် ဆေးကုသမှု ခံနေကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၇ ဦး ရှိလာပြီဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်-

မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ

မောင်တောမှ ကိုရိုနာဗိုင်းရပ်တွေ့သူမှာ သတင်းမပို့ဘဲ ပြန်ဝင်လာသူဖြစ်

Your Thoughts …
Tags: ဆန္ဒပြနယ်စပ်မောင်တောင်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

ထိုင်းသံအမတ်ဟောင်း သတ်ခံရမှု၌ သံသယရှိသူ မြန်မာလူငယ် နယ်စပ်မှ ထွက်ပြေး

ထိုင်းသံအမတ်ဟောင်း သတ်ခံရမှု၌ သံသယရှိသူ မြန်မာလူငယ် နယ်စပ်မှ ထွက်ပြေး

by ဧရာဝတီ
10 October 2023
4.8k

ထိုင်းသံအမတ်ဟောင်းသေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည့်အတွက် မြန်မာလုပ်သားများအနေဖြင့် ယခုရက်ပိုင်းအတွင်း သတိဝီရိယဖြင့် နေထိုင်ကြရန် အလုပ်သမားရေးဆောင်ရွက်သူများက သတိပေးသည်။

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

ဒေါက်တာတေဇာစန်းတို့ကို စစ်ကော်မရှင် ဆုငွေထုတ်

by ဧရာဝတီ
9 December 2025
3.9k

မန္တလေးမြို့လယ်ခေါင် ဈေးချိုတော်အနီး ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့သည့် ဒေါက်တာတေဇာစန်း၊ ကိုနန်းလင်း (ရန် ကုန်)၊ ကိုခန့်ဝေဖြိုး (စစ်ကိုင်း)တို့ကို စစ်ကော်မရှင်က ဆုကြေးထုတ်ပြီး ပြည်သူများအနေဖြင့် ပူးပေါင်း၍ သတင်းပေးကြရန် စည်းရုံးနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

by ဧရာဝတီ
13 June 2025
2.7k

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) စစ်ဆေးရေးဂိတ် (ဗိုလ်ရိုင် ဂိတ်)အား အခွန်ကောက်ယူမှုနှုန်း များလွန်သဖြင့် ဇွန် ၁၁ ရက်မှစတင်ကာ ယနေ့အချိန်ထိ ကားသမားများနှင့် ဒေသခံများက ဆန္ဒပြနေကြောင်း သိရသည်။

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

by ဧရာဝတီ
21 March 2024
2.5k

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့တွင် ပြုလုပ်ခဲ့သော ရိုဟင်ဂျာများ၏ ဆန္ဒပြပွဲသည် စစ်ကောင်စီက ကြိုးကိုင်စီစဉ်ခဲ့ခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

Next Post
Amazon သူဌေး Jeff Bezos

ကိုဗစ်ကာလမှာ ပိုချမ်းသာလာတဲ့ ဘီလီယံနာများ

အဆိုတော် ချယ်ရီသင်း  / Cherry Thin's Facebook

ချစ်သူထားရင် ကိုယ်ချင်းစာစိတ် ရှိတဲ့သူကို ရွေးမယ့် ချယ်ရီသင်း

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved