Entertainment

ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး

Want create site? Find Free WordPress Themes and plugins.

ကချင်တိုင်းရင်းသူ၊ အလှမယ်တဦးဖြစ်တဲ့ Lဘောက်နူးက ဖောင်ကြီး ကိုဗစ် ကုသရေး စင်တာမှာ ၁ လတာ လုပ်အားသွားပေးဖြစ်ခဲ့တဲ့အကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“နူးက အောက်တိုဘာ ၅ ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ ဖောင်ကြီး ကုသရေးစင်တာမှာ Volunteer သွားလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုပြီး သွားတာပေါ့။ ဒါပေမဲ့ ဟိုရောက်တော့ နူးက သူနာပြုကျောင်းလည်း တက်ဖူးတော့ သူနာပြုအနေနဲ့ ကူပေးပါဆိုတာနဲ့ ၁ လ သွားရောက် ကူညီပေးဖြစ်ခဲ့ပါတယ်”လို့ Lဘောက်နူးက ပြောပါတယ်။

ဖောင်ကြီးမှာ Volunteer လုပ်စဉ်က အမှတ်တရတွေအကြောင်းလည်း အခုလိုပဲ ပြောပြပါတယ်။

ဖောင်ကြီးမှာ လုပ်အားပေးခဲ့တဲ့ Lဘောက်နူး (ဓာတ်ပုံ – L Bauk Nu’s Facebook)

“နူးဆံပင်က ခါးရောက်တော့မယ်။ အသက် ၃၀ ထိ မညှပ်ဘူးလို့ ဆုံးဖြတ်ထားပြီးသား။ ၃၀ ပြည့်ရင် တိုတိုလေး ညှပ်ပြီး တခုခု အမှတ်တရဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပြီးသား။ ဒါပေမဲ့ Volunteer သွားလုပ်မယ့် အချိန်မှာ PPE ဝတ်ရမယ်ဆိုတော့ PPE ဝတ်ပြီးတိုင်း ရေချိုးရတယ်။ ဆံပင်ရှည်နဲ့ ရေခဏခဏ ချိုးရင် ကိုယ့်ဆံပင်ကို ဂရုစိုက်ရတာရော၊ နှာစေးတာတို့ ဖြစ်လာနိုင်တယ်”

Volunteer လုပ်ခဲ့တဲ့ Lဘောက်နူး (ဓာတ်ပုံ- L Bauk Nu’s Facebook)

“အဲ့လိုဆို ကိုယ့်ကိုပါ ကူးစက်နိုင်တယ်။ အဲ့အတွက် ဆံပင်ညှပ်ပြီးမှ သွားလိုက်ရတယ်။ အဲ့ဒါ အမှတ်တရပေါ့။ နောက်တခုက အဆောင်နေတဲ့ အစ်မ တယောက်က သူက ပြန်မယ့်နေ့မှာ စစ်တော့ သူက Positive ဖြစ်တယ်။ နူးနဲ့ သူနဲ့က စကားတွေ ပြောခဲ့တော့ ကူးပြီ ထင်ထားတာ ဒါပေမဲ့ စစ်လိုက်တော့ Negative ဖြစ်တယ်။ အားလုံးရဲ့ ဆုတောင်းပေးမှုကြောင့်လည်း ကျန်းကျန်းမာမာနဲ့ ပြန်လာခွင့်ရတယ်”လို့ Lဘောက်နူးက ပြောပါတယ်။

ရောဂါ ကူးခံရလို့ အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် အကာအကွယ်တွေနဲ့ အပြင်ထွက်ကြပါလို့ Lဘောက်နူးက ဆိုပါတယ်။

အလှမယ် Lဘောက်နူး (ဓာတ်ပုံ – L Bauk Nu’s Facebook)

“နူးတို့ ပျော်စရာတွေကို အပြင်မှာ ရှာမယ့်အစား ကိုယ့်ထဲမှာပဲ ရှာယူပါ။ မွေးဖွားလာကတည်းက ပွဲတွေလည်း အမြဲ ကျော်ဖြတ်လာပြီးပြီ။ တနှစ်လောက်လေး ခဏလေး သည်းခံပေးကြပါ။ ပျော်ပွဲရွှင်ပွဲတွေ ပြန်ကြုံလို့ ရပါတယ်။ ဒီအချိန်မှာ မတော်တဆ နူးတို့ ရောဂါကူးခံရလို့ အသက်အန္တရာယ် ထိခိုက်သွားရင် နောက်ထပ် ပျော်စရာတွေ ကြုံရတော့မှာ မဟုတ်ဘူး။ ခဏလေး သည်းခံပြီး အကာအကွယ်တွေနဲ့ အပြင်ထွက်ကြပါ”လို့ Lဘောက်နူးက ပြောပါတယ်။

မဖြစ်မနေ အပြင်ထွက် အလုပ်လုပ်ရတဲ့အခါမှာလည်း Mask တပ်တာနဲ့ လက်ဆေးတာကို အမြဲ လုပ်ဖို့ Lဘောက်နူးက ဆိုပါတယ်။

“မတတ်သာလို့ အလုပ်တွေ လုပ်လို့ ထွက်ရတယ်။ စားဝတ်နေရေးကြောင့် ထွက်ရတယ်။ အဲ့ဒါဆိုလည်း Mask တပ်မယ်။ Hand gel တွေ ကိုင်ထားစေချင်တယ်။ နူးအမြဲ ပြောတယ်။ Mask တပ်တာ နူးတို့ Accessories တွေ ဝတ်ခိုင်းသလို ဝတ်တာ မဟုတ်ဘူးပေါ့။ အသက်အန္တရာယ် ကာကွယ်ဖို့ တပ်ခိုင်းတာဖြစ်ပါတယ်။ အဲ့လို တပ်တဲ့အတွက် ကိုယ်ချစ်တဲ့ မိသားစုကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်”လို့ Lဘောက်နူးက ပြောပါတယ်။

အလှမယ်၊ မော်ဒယ် Lဘောက်နူး (ဓာတ်ပုံ – L Bauk Nu’s Facebook)

Lဘောက်နူးကတော့ Miss Supranational Myanmar 2015 အလှမယ် တဦးအနေနဲ့ အနုပညာလောကထဲ စတင် ဝင်ရောက်ခဲ့ပြီး မော်ဒယ် အနေနဲ့လည်း အနုပညာလှုပ်ရှားမှုများ ပြုလုပ်နေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading