Entertainment

မိုးဟေကို ကိုယ်တိုင် ပြောပြထားတဲ့ မိုးဟေကို အကြောင်း

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင် ရိုက်ကူးရေးများ၊ အနုပညာ အလုပ်များ နားထားရတဲ့အချိန်မှာ မိုးဟေကိုက သူကိုယ်တိုင် ပြောပြမယ့် သူ့အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာကတဆင့် အခုလိုပဲ ပြောပြလာပါတယ်။

“အခုလို Stay home ကာလမှာ မိုးက စိတ်ကူးလေးတခု ရတယ်။ အဲ့စိတ်ကူးလေးကို အကောင်အထည် ဖော်ချင်တာနဲ့ ဒီဗီဒီယိုလေးကို ရိုက်ဖြစ်တာပါ။ ပရိသတ်တွေ သိထားတဲ့ မိုးဟေကိုနဲ့ မိုးကိုယ်တိုင် ပြောပြမယ့် မိုးဟေကို အကြောင်းပါ”လို့ မိုးဟေကိုက ပြောပါတယ်။

မိုးဟေကိုကတော့ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီး အပြင်ပန်းကကြည့်ရင် အနေအေးပြီး အနေတည်လို့ ပြောပါတယ်။

“မိုးရဲ့ စိတ်နေစိတ်ထားကို ပြောရရင် မိုးက အနေတည်တယ်။ အနေအေးတယ်။ စကားနည်းတယ်။ ဒါအပြင်က လူတွေကြည့်တာပေါ့။ မိုးနဲ့ ရင်းနှီးတဲ့သူတွေကတော့ မိုးကို အမျိုးမျိုး ဝေဖန်ကြတာတော့ ရှိမှာပေါ့။ ကိုယ်တကယ် ရင်းနှီးသွားရင် ရင်းရင်းနှီးနှီး ပေါင်းတတ်တယ်။ အတည်ပေါက်နဲ့ အစအနောက် အရမ်းသန်တယ်။ အရမ်း အရယ်သန်တယ်”လို့ မိုးဟေကိုက ပြောပါတယ်။

ဆက်လက်ပြီး မိုးဟေကိုက စိတ်အားထက်သန်ပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်ရှိတယ်လို့ ဆိုပါတယ်။

“မိုးက စိတ်အားထက်သန်တယ်ဆိုရင် ဖြစ်အောင် လုပ်တတ်တဲ့အကျင့် ရှိတယ်။ မလုပ်ချင်ဘူး၊ စိတ်မပါဘူးဆိုရင်လည်း ဘယ်လောက် ကောင်းနေတဲ့အရာပဲဖြစ်ဖြစ် ခေါင်းမာတယ်ပဲပြောပြော၊ အားနာပြီး လုပ်လေ့လုပ်ထ မရှိဘူး”လို့ မိုးဟေကိုက ပြောပါတယ်။

ခင်မင် ရင်းနှီးတဲ့ မိတ်ဆွေတွေက မိုးဟေကိုမှာ အချက် ၃ ချက်ရှိတယ်လို့လည်း ဆိုကြပါတယ်။

သရုပ်ဆောင် မိုးဟေကို (ဓာတ်ပုံ – Moe Hay Ko’s Facebook)

“မိုးရဲ့ ခင်မင်ရတဲ့ မိတ်ဆွေတွေက ပြောကြတယ်။ မိုးက အရမ်း ဇီဇာကြောင်တယ်။ စိတ်ကောက်တတ်တယ်။ စကား အရမ်းများတယ်။ အဲ့ ၃ ချက် နင့်မှာ ရှိတယ်တဲ့။ ဟုတ်လား၊ မဟုတ်လား တခါတလေ မစဉ်းစားတတ်ဘူး။ မိုးချစ်တဲ့ မိုးရဲ့ ပရိသတ်တွေကရော မိုးကို ဘယ်လိုမြင်လဲ”

“မိုးက စကားအရမ်းများတဲ့သူလား။ မိုးက ဇီဇာကြောင်တဲ့သူလားဆိုတာ ပြောပြပေးပါဦး။ အခု ဗီဒီယိုလေးမှာတော့ ဒီလောက်ပါပဲ။ နောက်ဗီဒီယိုမှာ မိုးအကြောင်းလေးတွေ ဘယ်လိုရှိမလဲဆိုတာ ကြည့်ပေးကြပါဦး”လို့ မိုးဟေကိုက ပြောပါတယ်။

သရုပ်ဆောင် မိုးဟေကိုကတော့ သူ့ရဲ့ ကိုယ်ပိုင် “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေသလို ပိုးထည်ဆိုင်လည်း ဖွင့်လှစ်ထားပါတယ်။

Stay home ကာလမှာ မိုးဟေကိုက လူမှုကွန်ရက် စာမျက်နှာကတဆင့် “Moe Life & Beauty” ဆိုတဲ့ ခေါင်းစဉ်နဲ့ အလှအပရေးရာ၊ ဖက်ရှင်နဲ့ Lifestyle အကြောင်းအရာတွေကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်

Did you find apk for android? You can find new Free Android Games and apps.
Loading