• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ဖမ်းဆီးတာ မတရားဘူး”

by ချစ်ပိုး
27 February 2021
in Entertainment
A A
အဆိုတော် မိစန္ဒီ / Mi Sandi's Facebook

အဆိုတော် မိစန္ဒီ / Mi Sandi's Facebook

9.1k
VIEWS
Share on FacebookShare on Twitter

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတဲ့ ပြည်သူတွေနဲ့ အနုပညာရှင်တွေကို ဖမ်းဆီးချုပ်နှောင်တာက မတရားဘူးလို့ အဆိုတော် မိစန္ဒီက ပြောပါတယ်။

“လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာနဲ့ အန္တရာယ်လည်း မပြုဘဲ ဆန္ဒဖော်ထုတ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူနဲ့ တသားတည်း ရပ်တည်ပေးနေသူတွေကို ဖမ်းဆီးချုပ်နှောင်တာ မတရားဘူးလို့ မြင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတခုကို သွားနေတဲ့အချိန်မှာ ဒီလိုလုပ်တာက ဒီမိုကရေစီ လမ်းစဉ်ကို မလိုက်နာရာလည်း ကျတယ်။ လေးလေးစားစားနဲ့ တောင်းဆိုချင်ပါတယ်။ ကျမတို့ အနုပညာရှင်တွေကို လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပေးပါ”လို့ မိစန္ဒီက ပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့ စာရင်းမျိုးလည်း မရှိသင့်ဘူးလို့ ဆိုပါတယ်။

RelatedPosts

အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k
အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

အိန္ဒြေသိက္ခာ ရှိသော ဗျစ်ဆိုင်များ ကွယ်လွန်ခြင်း

3 January 2026
581

“ဖမ်းဆီးထားတဲ့သူတွေကိုလည်း ပြန်ပြီး လွှတ်ပေးစေချင်ပါတယ်လို့ လေးလေးစားစား တောင်းပန် ပြောချင်ပါတယ်။ ဖမ်းဝရမ်း ထုတ်တဲ့ List က အတုလား၊ အစစ်လားလည်း မသိဘူး။ သတင်းတွေကလည်း မယုံရဘူး။ ဒါပေမဲ့လည်း အဲ့လို List က မရှိသင့်ဘူးလို့ မြင်ပါတယ်။ အားလုံး ကြောက်စေချင်တဲ့ ဆန္ဒနဲ့ လုပ်သည်ပဲဖြစ်စေ၊ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ အနုပညာရှင်တွေကိုတော့ ဒီလိုမျိုး မလုပ်စေချင်ပါဘူး”လို့ မိစန္ဒီက ပြောပါတယ်။

အခက်အခဲတွေကြားက သတ္တိရှိရှိ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) လုပ်ပေးကြတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်တယ်လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုတော် မိစန္ဒီ (ဓာတ်ပုံ – Mi Sandi’s Facebook)

“CDM လုပ်နေတဲ့ ဝန်ထမ်းတွေက အားလုံးရဲ့ သူရဲကောင်းတွေပါပဲ။ ခက်ခဲမယ်၊ ဖိအားတွေ များမယ်ဆိုတာလည်း သိပါတယ်။ အခက်အခဲတွေကြားက သတ္တိရှိရှိ CDM လုပ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ CDM မလုပ်ရသေးတဲ့ ပြည်သူ့ဝန်ထမ်းတွေလည်း ပါဝင်စေချင်ပါတယ်”

“စားရေးသောက်ရေး၊ နေရေးထိုင်ရေးအတွက် လှူနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတာကြောင့် ရဲရဲသာ ပြည်သူဘက်ကနေ ကူညီပေးကြပါလို့ ပြောချင်ပါတယ်။ ညီမတို့လည်း အဖွဲ့အစည်းတွေနဲ့ တတ်နိုင်သလောက် လှူပေးနေပါတယ်”လို့ မိစန္ဒီက ပြောပါတယ်။

ပြည်သူတွေ စိတ်ကို ထိန်းပြီး ဖြစ်သင့်တာ၊ လုပ်သင့်တာ သေချာစဉ်းစားပြီး လုပ်ပါလို့ မိစန္ဒီက ဆိုပါတယ်။

“ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပါ။ အချိန်ဘယ်လောက်ကြာမှန်း မသိသေးတာကြောင့် အန္တရာယ် ကြည့်ရှောင်ပါ။ ညီမတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုတဲ့ ပန်းတိုင်ကို သွားရမှာပါ။ လူငယ်တွေက တော်ပါတယ်။ စိတ်ကို ထိန်းပြီး ဖြစ်သင့်တာ၊ လုပ်သင့်တာကို သေချာ စဉ်းစားပြီး ပန်းတိုင်ကို အတူတူ လျှောက်လှမ်းကြမယ်”လို့ မိစန္ဒီက ပြောပါတယ်။

အဆိုတော် မိစန္ဒီကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တတပ်တအား ပါဝင်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂီတအနုပညာရှင်များနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

You may also like these stories:

“ပြည်သူတွေက အကြမ်းမဖက်ဘူး”လို့ လူကြမ်း အောင်တိုး ပြော

တရားမဝင် နိုင်ငံခြားရေးဝန်ကြီးအား ကန့်ကွက်ဖို့ ထိုင်းပရိသတ်များကို ပိုင်တံခွန် ပြော

“ပြည်သူတွေကို ထိမှန်တာ ကျနော်တို့ကို မှန်သလို ခံစားရတယ်”

Your Thoughts …
Tags: ဖမ်းဆီးမှုမိစန္ဒီအနုပညာရှင်အာဏာရှင် ဆန့်ကျင်ရေး
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

Next Post
ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများ

ထားဝယ်တွင် ဆန္ဒပြလူထု ပစ်ခတ်ဖြိုခွင်းခံရ၊ ဒဏ်ရာရသူများရှိလာ

မနေ့က နေပြည်တော်ရှိ ကော်မရှင် အစည်းအဝေးကို တက်ရောက်ခဲ့ကြသူများ / ထက်နိုင်ဇော် / ဧရာဝတီ

NLD ပါတီကို အပြီးဖျက်ပေးဖို့ ပါတီတချို့က ကော်မရှင်ကို သွားပြော

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved