• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အေသင်ချိုဆွေရဲ့ လက်ရှိ အခြေအနေကို ပြောပြထားတဲ့ မေသင်ချိုဆွေ

by ဧရာဝတီ
26 May 2021
in Entertainment
A A
အေသင်ချိုဆွေနဲ့ ညီမ မေသင်ချိုဆွေ  / Maythen Chow Swe's Facebook

အေသင်ချိုဆွေနဲ့ ညီမ မေသင်ချိုဆွေ / Maythen Chow Swe's Facebook

15.1k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရတဲ့ အဆိုတော် အေသင်ချိုဆွေအား မေလ ၂၃ ရက်နေ့၊ ည ၇ နာရီခွဲ အချိန်ခန့်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်းရှိ Shwe Parami ကွန်ဒိုမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဆိုတော် အေသင်ချိုဆွေရဲ့ ညီမ မေသင်ချိုဆွေက အစ်မဖြစ်သူနဲ့ သွားတွေ့စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ အခုလိုပဲ ပြောပြထားပါတယ်။

“သွားတွေ့တဲ့အချိန် အမေနဲ့ ညီမကို ဝမ်းနည်းမှာ စိတ်မကောင်းဖြစ်မှာစိုးလို့ အဆင်ပြေပါတယ်ချည်းပြော၊ အားတင်းပြီး စကားတွေ ပြောနေတာ။ ကိုယ်တောင် စိတ်ထဲ နည်းနည်း သက်သာသွားသေးတယ်။ ပြန်ခါနီး အမေက အပြင်အရင်ထွက်သွားတော့မှ မျက်နှာလေးအုပ်ပြီး ခိုးငိုရှာတယ်။ ငါ့အစ်မရယ် အားတင်းထားပါနော်”

“ငါတို့အမြဲ ရှိနေပါတယ်။ ငါ့အစ်မက သန်မာပြီးသားပါနော်။ အခြားသူတွေကိုလည်း ဘဝနဲ့ယှဉ်ပြီး စိတ်ဓာတ်ခွန်အား ပေးတတ်တဲ့ ငါ့အစ်မ၊ ကြည့်လိုက်ရင်သာ မာကြောကြော ကျွတ်ဆတ်ဆတ်နဲ့ ဘယ်လောက်ထိ စိတ်ခံစားလွယ်လဲ ငါတို့အသိဆုံး။ ဒါပေမဲ့ ဒီတခါတော့ ထပ်ပြီး အားတင်းပေးထားပါဦးနော်။ နင့်ကို ချစ်တဲ့သူတွေ အများကြီး စောင့်နေပါတယ်”လို့ မေသင်ချိုဆွေက ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
138
သဇင်ပန်း

သဇင်ပန်း

10 January 2026
151
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဆက်လက်ပြီး အေသင်ချိုဆွေအကြောင်း သတင်းပေးတဲ့ ဒလန်ကို တူသောအကျိုး ဆတိုး ခံစားရပါစေလို့ မေသင်ချိုဆွေက ပြောထားပါတယ်။

မေသင်ချိုဆွေနဲ့ အေသင်ချိုဆွေ (ဓာတ်ပုံ – Maythen Chow Swe’s Facebook)

“ငါ့အစ်မကို သတင်းပေးတဲ့ ဒလန်ကို မေးချင်တယ်။ သူ အဖမ်းခံရလို့ အချုပ်ထဲ အိပ်နေရပြီ။ နင်ပျော်လား။ တယောက်ပဲရှိတဲ့ ဒီအမေနား ကပ်တွယ်နေတတ်တဲ့ သူ့သမီးလေးအတွက်ရော နင်စိတ်မှ ချမ်းသာနေရဲ့လား။ သူများမိသားစုတွေ မျက်ရည်ပေါက် ကြီးငယ်ကျပြီး စိတ်ဆင်းရဲနေတာ ကြည့်ပြီးရော နင်ပြုံးပျော်နေရဲ့လား။ တူသောအကျိုး ဆတိုးခံစားရပါစေ”လို့ ဆိုပါတယ်။

အေသင်ချိုဆွေရဲ့ သမီးလေး အိုင်ဗီကတော့ လက်ရှိအချိန်မှာ အဘွားဖြစ်သူနဲ့အတူ ရှိနေပြီး၊ အေသင် အမြန်ဆုံး ပြန်လွတ်နိုင်ဖို့ ဆုတောင်းပေးကြပါဦးလို့ မေသင်ချိုဆွေက ဆိုပါတယ်။

“အိုင်ဗီလေးကတော့ သူ့အဘွားဆီမှာ ရှိပါတယ်။ ကလေးလည်း ဝမ်းနည်းနေပေမယ့် ကြီးကြီးတွေ၊ အဘွားတွေ၊ အစ်ကိုတွေနဲ့ ဂရုစိုက်ပေးထားပါတယ်နော်။ စိတ်ပူပေးကြတဲ့သူတွေ အားလုံး ကျေးဇူးပါနော်။ အေသင်ကတော့ အခု စခန်းက အချုပ်ထဲမှာပါ။ ရိုက်နှက်တာ ဘာညာ မရှိပါဘူး။ အမြန်ဆုံး ပြန်လွတ်နိုင်ဖို့ကိုတော့ ဝိုင်းဆုတောင်းပေးကြပါနော်”လို့ မေသင်ချိုဆွေက ပြောထားပါတယ်။

Your Thoughts …
Tags: ညီမ မေသင်ချိုဆွေပုဒ်မ ၅၀၅ (က)အဆိုတော် အေသင်ချိုဆွေအနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

ရုပ်ရှင်သရုပ်ဆောင်များ ရွေးကောက်ပွဲကြွေးကြော်သံ ရိုက်ရမည်

by ဧရာဝတီ
2 November 2025
2.3k

ရွေးကောက်ပွဲနှင့်ပတ်သက်သော ကြွေးကြော်သံများကို တဦးချင်း ဖတ်ပြရမည်ဖြစ်ပြီး ရိုက်ကူးရေးကို စစ်ကော်မရှင်ဘက် ပြုလုပ်မည်ဖြစ်ကာ သတင်းနှင့် ဖျော်ဖြေရေး ပလက်ဖောင်း အားလုံးတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း၊ ရိုက်ကူးမှုများအား နိုဝင်ဘာလဆန်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.7k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ

by မောင်ကဝိ
25 August 2025
1.6k

ဦးခင်ရီက အဲဒီ အမျိုးသားရေးအစွန်းရောက်တွေနဲ့ အနုပညာရှင်တွေကို “မိတ်ဆွေတွေ” လို့ ရည်ညွှန်းခေါ်ဝေါ်တယ်။

Next Post
ရခိုင်ပြည်နယ် မောင်တောမြို့

မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

ဦးအောင်တိုးသည် တရားသူကြီးချုပ်အဖြစ် ၂၂ ခွဲကြာ လုပ်ကိုင်ခဲ့သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရာထူးသက်တမ်း အရှည်ဆုံးသော တရားသူကြီးချုပ်ဖြစ်သည်

စစ်တပ်ယိမ်း ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲသူ ကွယ်လွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved