Travel

တိုကျို Disneyland နဲ့ DisneySea ကို ခရီးသွား စံချိန်တင် ဝင်ရောက်

ဂျပန်အစိုးရရဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ်က ပြီးခဲ့တဲ့ မတ်လ ၃၁ နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ပြီးဆုံးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှာတော့ ဂျပန်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွား အများစုဟာ တိုကျိုမြို့ Disneyland နဲ့ DisneySea အပန်းဖြေဥယျာဉ်ကို အများအပြား လာရောက်ခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ်အတွင်း Disneyland နဲ့ DisneySea အပန်းဖြေဥယျာဉ်ကို လာရောက်ကြသူ အရေအတွက်ဟာ စံချိန်တင် မြင့်တက်ခဲ့ပြီး ၃၂ ဒဿမ ၅၆ သန်းအထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ လွန်ခဲ့တဲ့နှစ်ကထက် ၈ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်က တင်ထားခဲ့တဲ့ စံချိန် ၃၁ ဒဿမ ၃၈ သန်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

၂၀၁၈ ဘဏ္ဍာနှစ်မှာ အခုလို စံချိန်တင်နိုင်ခဲ့တဲ့ အကြောင်းကတော့ ၂၀၁၈ ခုနှစ် ကုန်ဆုံးခါနီး အချိန်က ကျင်းပခဲ့တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည် အစီအစဉ်ကြောင့်ပါ။ တိုကျို Disneyland ရဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည် ပွဲတော်မှာ ကျင်းပခဲ့တဲ့ အထူး အခမ်းအနားဖြစ်ရပ်တွေက ခန့်မှန်းထားတဲ့ ပမာဏထက် ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

တိုကျို Disneyland ကိုတော့ ၁၉၈၃ ခုနှစ်၊ ဧပြီ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိက ပြည်ထောင်စု အပြင်ဘက်မှာဆိုရင်တော့ တိုကျို Disneyland က ပထမဆုံးဖွင့်လှစ်တဲ့ ဥယျာဉ်ပါ။ တိုကျို Disneyland ရဲ့ အကျယ်အဝန်းကတော့ ၁၁၅ ဧက ကျယ်ဝန်းပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှာရှိတဲ့ Disneyland နဲ့ ဖလော်ရီဒါမှာရှိတဲ့ Magic Kingdom တို့နဲ့ ပုံစံတူဆောက် လုပ်ထားတာပဲ ဖြစ်ပါတယ်။

တိုကျို DisneySea ကိုတော့ ၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ကိုလည်း အစီအစဉ်တွေချမှတ်ပြီး ဆောင်ရွက်နေကြပါတယ်။

Ref : bangkokpost

Loading