ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတကျွန်းဖြစ်တဲ့ ဟွန်းရှူးကျွန်းပေါ်မှာရှိပြီး Chugoku နယ်မြေ အတွင်းမှာရှိပါတယ်။ ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံတောင်ပိုင်းမှာတော့ လှပတဲ့နေရာ တနေရာပါပဲ။ ယာမာဂူချီကိုရောက်ရင် ဘယ်နေရာတွေကိုအလည်သွားသင့်သလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) Tsunshima Ohashi Bridge
ဒီတံတားကတော့ ယာမာဂူချီအနောက်မြောက်ပိုင်းမှာရှိတဲ့ Tsunshima ကျွန်းမှာရှိပါတယ်။ ဒီကျွန်း ဟာ ဂျပန်နိုင်ငံရဲ့ လှပတဲ့ကျွန်းတကျွန်းပါ။ ဒီတံတားကြီးဟာ Tsunshima ကျွန်းနဲ့ ပြည်မကြီးကို ဆက်သွယ်ထားတဲ့ တံတားတစင်းဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံးတံတားတစင်းပါ။
(၂) Unrinji Temple
ဒီဘုရားကျောင်းကတော့ ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်ပြီး ယာမယဂူချီစီရင်စုရဲ့ တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကတော့ ဆာမူရိုင်းခေါင်းဆောင်တွေဟာ ဒီကျောင်း တော်ကြီးမှာ သစ္စာခံယူလေ့ရှိကြ ပါတယ်။ ဒီကျောင်းတော်ကြီးဟာ ကြောင်ချစ်သူတွေအနေနဲ့ မဖြစ် မနေသွားသင့်တဲ့နေရာတနေရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီကျောင်းတော်ကြီးအတွင်းမှာ ကြောင်ရုပ် ပေါင်းများစွာ ထုလုပ်ထားတဲ့အတွက်ပါ။ ဒါကြောင့်လည်း ဒီကျောင်းတော်ကို ကြောင်ဘုရား ကျောင်းလို့လည်း ခေါ်လေ့ရှိကြပါသေးတယ်။
(၃) Karato Market
Karato ဈေးဟာ Shimonoseki မြို့ မှာတည်ရှိပြီး တိုကျိုမြို့ ရဲ့ နာမည်ကြီးဈေးတဈေးဖြစ်တဲ့ Tsukiji ဈေးလိုပဲ နာမည်ကြီးတဲ့ဈေးတဈေးပါ။ အဲဒီဈေးအတွင်းမှာဆိုရင်တော့ လတ်ဆတ်တဲ့ပင်လယ်စာတွေကို ဝယ်ယူနိုင်ပါတယ်။ ဒီဈေးကိုတော့ သောကြာ ၊ စနေဆိုရင် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိဖွင့်ပြီး တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက် တွေမှာဆိုရင်တော့ မနက် ၈ နာရီကနေ ညနေ ၃ နာ ရီအထိဖွင့်ပါတယ်။
(၄) Kintaikyo Bridge
Kintaikyo တံတားကလည်း ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့တံတားတစင်းပါ။ ဒီတံတားကိုတော့ ၁၆၇၃ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ဒီတံတားကိုတော့ သစ်သားနဲ့တည်ဆောက်ထားတာဖြစ်ပြီး ယာမာဂူချီစီရင်စုအတွင်းက Iwakuni မြို့ မှာရှိပါတယ်။
Ref:en.japantravel&jw-webmagazin