လက်ရှိအချိန်ထိလောင်ကျွမ်းနေဆဲဖြစ်တဲ့ သြစတြေးလျတောမီးနဲ့ပတ်သက်ပြီး BBC ၊ New York Times မီးသတ်တပ်ဖွဲ့ နဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကနေရရှိတဲ့ ဂရပ်ဖ်တခုကို Statista ဝက်ဘ်ဆိုက်ကနေ တရားဝင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂရပ်ဖ်အရ သြစတြေးလျတောမီးနဲ့ အရင့်အရင်က လောင်ခဲ့ဖူးတဲ့ တောမီးတွေကို နှိုင်းယှဉ်ပြသထားတာ ဖြစ်ပြီး အမေဇုန်တောမီးလောင်ကျွမ်းမှုထက် ၅ဆပြင်းထန်ကြောင်း ဖော်ပြထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ၆.၇သန်းရှိတဲ့ မြေဧကတွေဟာ ဆိုက်ဘေးရီးယားမှာ လောင်ကျွမ်းပျက်စီးခဲ့ရတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ သတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေအတိုင်း သြစတြေးလျအထိ ဆက်လက်ပျံ့နှံ့ခဲ့တာလည်း ဖြစ်ပါတယ်။ နီးစပ်ရာ ဒေသနဲ့ နယ်ပယ်တွေမှာ တောမီးလောင်မှုရဲ့ အပူရှိန်ကို ခံစားနေကြရတာဖြစ်ပြီး ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ အမေဇုန်တောမီးလောင်မှုနဲ့ နှိုင်းယှဉ်လေ့လာနေကြရတာ ဖြစ်ပါတယ်။
အမေဇုန်တောမီးလောင်မှုမှာ ပျက်စီးခဲ့တဲ့ မြေဧက ၂သန်းခန့်သာရှိပေမယ့် သြစတြေးလျမှာ လောင်ကျွမ်းနေတဲ့ တောမီးကတော့ ၁၂သန်းခန့်အထိရှိတာဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ ကမ္ဘာကြီးရဲ့ အဆုတ်တွေလို့ တင်စားခေါ်ဝေါ်ကြတဲ့အတိုင်းပဲ အမေဇုန်တောမီးလောင်မှုအပြင် သြစတြေးလျတောမီးလောင်မှုဟာ သဘာဝပတ်ဝန်းကျင် ရဲ့ ဂေဟစနစ်ကိုပိုမိုထိခိုက်သွားစေနိုင်တဲ့ စိုးရိမ်အခြေအနေကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။
တောမီးလောင်ကျွမ်းမှုအနေအထားဟာ ထင်ထားတာထက်ပိုမိုပြင်းထန်နေတာဖြစ်ပြီး လောင်ကျွမ်းရာကနေဖြစ်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ မိုးလေဝသအခြေအနေကို ပြောင်းလဲစေနိုင်တာပါ။ နီးစပ်နိုင်ငံတခုဖြစ်တဲ့ နယူးဇီလန်နိုင်ငံရဲ့ ကောင်းကင်အရောင်ကို အညိုရောင်အထိ ပြောင်းလဲသွားစေခဲ့ပြီဖြစ်ပါတယ်။
Ref. truththeory.com
You may also like these stories:
တောမီးကြောင့် သြစတြေးလျ စီးပွားရေးထိခိုက်မှု မြင့်မားလာ
သြစတြေးလျ တောမီးအတွက် ဝတ်လစ်စလစ်ပုံများကို ရောင်းချကာ ရန်ပုံငွေရှာခဲ့တဲ့ မော်ဒယ်
အမျိုးသမီးပေါင်း ၁၈,၀၀၀ ကျော်ကို လူကုန်ကူးခံရမှုကနေ ကယ်တင်ပေးခဲ့တဲ့ အဘွားအို