Entertainment

သြစတြေးလျ တောမီးအတွက် ရည်ရွယ်လှူဒါန်းခဲ့ကြတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တောမီးလောင်ကျွမ်းမှုဟာဆိုရင် ရက်သတ္တပတ်အားဖြင့် အတော်လေး ကြာမြင့်နေပြီလို့ ပြောလို့ရနိုင်သလို တောရိုင်းတိရစ္ဆာန်တွေ သေဆုံးမှုနဲ့ တခြားသော အဘက်ဘက်မှ ဆုံးရှုံးမှုတွေဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။

တောမီးဒဏ် ခံစားရသူတွေနဲ့ မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေကို ရည်ရွယ်ပြီး ကမ္ဘာကျော် အနုပညာရှင်တွေက တိုက်တွန်းနှိုးဆော်မှုတွေ ပါဝင်လှူဒါန်းမှုတွေကို ပြုလုပ်နေကြပါတယ်။

(၁) Russell Crowe


နယူးဇီလန်မှာမွေးပြီး သြစတြေးလျမှာ ကြီးပြင်းခဲ့တဲ့ မင်းသား Russell Crowe ဟာဆိုရင်တော့ သြစတြေးလျ တောမီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှှုတွေကို ပြန်လည် ထူထောင်နိုင်ဖို့ ဒေါ်လာ ၁၀၅,၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။

(၂) Selena Gomez


အဆိုတော် Selena Gomez ဟာဆိုရင်လည်း သြစတြေးလျ တောမီးအတွက် ကိုယ်တိုင် လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်သလို သူ့ကိုအားပေးတဲ့ ပရိသတ်တွေကိုပါ ပါဝင်လှူဒါန်းဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။

(၃) Dacre Montgomery


Stranger Things ဇာတ်လမ်းတွဲနဲ့ လူသိများအောင်မြင်လာတဲ့ မင်းသားချော Dacre Montgomery ဟာလည်း သြစတြေးလျ တောမီးအတွက် ဒေါ်လာ ၂ သိန်းခွဲကို ပါဝင်လှူဒါန်းခဲ့ပြီး သူ့ရဲ့ ပရိသတ်တွေနဲ့ ဒေါ်လာ ၅ သိန်းအထိ တိုးမြှင့်လှူဒါန်းနိုင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

(၄) Chris Hemsworth

Thor မင်းသားလို့ လူသိများကြတဲ့ မင်းသား Chris Hemsworth ဟာဆိုရင်လည်း သူ့ရဲ့ မွေးရပ်မြေ သြစတြေးလျနိုင်ငံအတွက် ဒေါ်လာ ၁ သန်းကို မိသားစုနဲ့အတူ လှူဒါန်းခဲ့ပါတယ်။

(၅) Pink

နာမည်ကျော်အဆိုတော် Pink ဟာဆိုရင်လည်း သြစတြေးလျ တောမီးအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းခဲ့သလို မီးငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေ လိုအပ်သမျှကို ကူညီထောက်ပံ့နေပါတယ်။

Ref. www.insider.com

You may also like these stories:

နောက်ထပ် Star Terk ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေတဲ့ Chris Hemsworth

လူထုရဲ့အမွေ စာရေးဆရာ ညီပုလေးနှင့် တွေ့ဆုံခြင်း

ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံတက်ခဲ့ရတဲ့ မင်းသား Liam Hemsworth

Did you find apk for android? You can find new Free Android Games and apps.
Loading