နိုင်ငံအသီးသီးမှာ ကိုယ့်ကိုယ်ကို သတ်သေနေသူတွေ အများအပြား ရှိနေပါတယ်။ အဲဒီလို လူတွေထဲ အောင်မြင်ကျော်ကြားတဲ့လူတွေလည်း ပါဝင်သလို လူမသိ သူမသိ သေဆုံးနေကြသူတွေလည်း ရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင်တော့ ထိုင်းနိုင်ငံက အမြင့်ဆုံးနေရာမှာ ရှိနေပြီး မြန်မာနိုင်ငံက စတုတ္ထနေရာမှာ ရှိနေပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ မိနစ် ၄၀ တိုင်း လူတယောက် ကိုယ့်ကိုယ်ကို သတ်သေပြီး သေဆုံးနေတဲ့အတွက် နှစ်စဉ် လူ ၈ သန်းနီးပါးသေဆုံးနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
အာဆီယံနိုင်ငံတွေထဲ ကိုယ့်ကိုယ်ကို လုပ်ကြံသတ်သေမှု အများဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အရ ၃၂ နေရာ ရှိနေပြီး လူ ၁ သိန်းမှာ ၁၄ ဒဿမ ၄ ယောက်နှုန်း သတ်သေနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာအရ ကိုယ့်ကိုယ်ကို သတ်သေမှု အများဆုံး နေရာမှာ ရပ်တည်နေကြတဲ့ နိုင်ငံတွေရဲ့ စာရင်းနဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ဖော်ပြပေးချင်ပါသေးတယ်။
(၁) ထိုင်းနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃၂ )
(၂) စင်ကာပူနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၆၇ )
(၃) လာအိုနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၈၄ )
(၄) မြန်မာနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၉၄ )
(၅) ဗီယက်နမ်နိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၀၁ )
(၆) မလေးရှားနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂၃ )
(၇) ကမ္ဘောဒီးယားနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂၇ )
(၈) အင်ဒိုနီးရှားနိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၅၈ )
(၉) ဖိလစ်ပိုင်နိုင်ငံ (ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၆၃ ) ဖြစ်ပြီး ဘရူနိုင်းနိုင်ငံကတော့ ကိုယ့်ကိုယ်ကို သတ်သေမှု လုံးဝ မရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
ထိုင်းနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုတွေမှာ အများဆုံး အသက် အပိုင်းအခြားကတော့ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ် အရွယ်အတွင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆိုရင်လည်း လူ ၁ သိန်းမှာ ၇ ဒဿမ ၈ ယောက်နှုန်း ကိုယ့်ကိုယ်ကို သတ်သေနေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: theaseanpost
You may also like these stories:
ပေါင်းတည်တွင် ၉ လအတွင်း လူ၁၀ဦး မိမိကိုယ်မိမိ အဆုံးစီရင် သေဆုံး
ကျောင်းသား လူငယ်တွေ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်လာတဲ့ ဂျပန်နိုင်ငံ
ရက် ၂၀ အတွင်း ကိုရီးယားနိုင်ငံမှာ မိသားစုလိုက် ကိုယ့်ကိုယ်ကို သတ်သေမှု ၃ မှု ဖြစ်ပွားခဲ့