Trend

ပြည်တော်ပြန်များ COVID-19 ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဖို့လို

Want create site? Find Free WordPress Themes and plugins.

လတ်တလော ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကပ်စိုက်နေတဲ့ အချိန်ပါ။ COVID-19 ဟာ တနိုင်ငံပြီးတနိုင်ငံ ကူးစက်လာခဲ့တာ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကူးစက်သူ ၂ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

ကမ္ဘာမှာ COVID-19 မကူးစက်သေးတဲ့ နိုင်ငံဆိုလို့ လာအိုလောက်သာ ကျန်ပါတော့တယ်။ မြောက်ကိုရီးယားမှာ ကူးစက်မှု မရှိသေးဘူးလို့ ဆိုပေမယ့် သတင်း ထိမ်ချန်လေ့ရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြောက်ကိုရီးယား အစိုးရရဲ့ပြောဆိုချက်တွေဟာ သိပ်ယုံကြည်လို့တော့ မရပါဘူး။

လက်ရှိ အချိန်မှာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ပြန်လာနေကြပါတယ်။ မြန်မာအစိုးရကလည်း ပြည်တော်ပြန် နိုင်ငံသားတွေကို အစွမ်းကုန် ကူညီ ဆောင်ရွက်ပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဒါကြောင့် နိုင်ငံရပ်ခြားကနေ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ COVID-19 နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ထုတ်ပြန်ပေးထားတဲ့ စည်းကမ်းချက်တွေကို အထူးအလေးထားပြီး လိုက်နာသင့်ပါတယ်။ ဒီလို လိုက်နာမှလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်ကြပါလိမ့်မယ်။

မြန်မာနိုင်ငံကို ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine)ကို အထူးအလေးထားပြီး လိုက်နာသင့်ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပြည်တော်ပြန်တွေရဲ့နေအိမ်မှာ ပြုလုပ်သွားမှာဖြစ်တဲ့အတွက် တိတိကျကျ လိုက်နာပေးစေလိုပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံအနေနဲ့ ဘေးအန္တရာယ်ဆိုးကြီးထဲ မကျရောက်မှာ ဖြစ်ပါတယ်။ နီးစပ်သူတွေကလည်း ပြည်တော်ပြန်တွေနဲ့ ပတ်သက်ပြီး ထိမ်ချန်မထားကြဖို့နဲ့ သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။

သက်ဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ အကြံပြုလိုပါတယ်။ မြန်မာနိုင်ငံ ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ ခရီးသွား ကုမ္ပဏီတွေနဲ့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေကြသူတွေလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading