ယခင်က အသုံးမဝင်ခဲ့သော ကွမ်းသီးပင်များ၏ ကွမ်းဖတ်များသည် ယခုတွင်တော့ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်း အဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။
အဆိုပါ ထုတ်ကုန်များကိုတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တဦးဖြစ်သော Nature Myanmar ကုမ္ပဏီ တည်ထောင်သူ ဦးမင်းကျော်ဇင်က အိုင်ဒီယာရရှိခဲ့ပြီး မီးရှို့ဖျက်ဆီးနေရသည့် ကွမ်းဖတ်ကို ယခုလို ပြောင်းလဲထုတ်လုပ်ခြင်းဖြစ်သည်။
ဒီပစ္စည်းတွေကို လူများအတွက် ကျန်းမားရေး အန္တရယ် နှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများ ဖြစ်ပေါ် စေသည့် ပလတ်စတစ် ပစ္စည်းနေရာတွင် အစားထိုးအသုံးပြုစေလိုသည့် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခြင်းပြီး ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်က သဘာဝပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်ပြု လုပ်ငန်းရှင်တဦးအနေဖြင့် ရွေးချယ်ခံခဲ့ရကာ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ လုပ်ငန်းရှင် ၁၅ ဦးကို ရွေးချယ်ခဲ့တာပြီး ဦးမင်းကျော်ဇင်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ရွေးချယ်ခံခဲ့ရခြင်းခံရသည်။
လက်ရှိအချိန်တွင် တခါသုံး ကွမ်းဖတ်ပစ္စည်းပေါင်း ၁၅ မျိုး အထိ ထုတ်လုပ်လျက်ရှိပြီး ယင်းပစ္စည်းများမှာ ထမင်းစားပန်းကန်အမျိုးမျိုး၊ ဇွန်းများ၊ ပန်းကန်လုံးများ၊ ဖော့ဘူးပုံစံ ဗူးများ၊ အချဉ်ထည့်သည့် ခွက်ငယ်လေးများ ဖြစ်ပြီး နောက်ပိုင်းတွင် တခါသုံး ထမင်းဗူများ နှင့် ရေခွက်များကိုလည်း ထုတ်လုပ်သွားရန် ရှိသည်ဟုသိရသည်။