သတင်းတို
ရခိုင် ပဋိပက္ခ ဒုက္ခသည် ၃၂၀၀၀ ကျော် ရှိ
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က တကျော့ပြန် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးအိမ် စွန့်ခွာ ရှောင်တိမ်းရသူပေါင်း ၃၂၀၀၀ ကျော်ကြောင်း သိရသည်။ အစိုးရက ကြိုတင် ကာကွယ်မှု ပျက်ကွက်သောကြောင့် ရခိုင် တိုင်းရင်းသားများနှင့် မွတ်စလင် များ အကြား ယင်းသို့ ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း AP သတင်းတွင် ယနေ့ ရေးသားထားသည်။ ကုလသမဂ္ဂ က အိုးအိမ် စွန့်ခွာ ရှောင်တိမ်းရသူ ဒုက္ခသည် ပေါင်း ၂၆၅၀၀ ခန့်ရှိကြောင်း ပြောဆိုထားသည်။