• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
in သတင်း
A A
တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

မြွေကို အရက်နှင့်စိမ်၍လည်း ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် တရုတ်နိုင်ငံတွင် မှီဝဲကြသည် (ဓာတ်ပုံ - Wikimedia)

8.3k
VIEWS
Share on FacebookShare on Twitter

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့အနီးတွင် မြန်မာနိုင်ငံဘက်မှ မှောင်ခို သယ်ဆောင်လာသည့် မြွေအရှင် အကောင် ၄၈၀၀ ကျော်အား တရုတ်နိုင်ငံ ယူနန် ပြည်နယ် ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ယခင်သတင်းပတ်အတွင်း ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက် နံနက်စောစောပိုင်းက စီးနင်းရာတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာဘက်မှ မှောင်ခို တင်သွင်းလာသည့် တန်နှင့်ချီသော မြွေများကို ဖမ်းဆီးရမိခြင်းမှာ တရုတ်-မြန်မာ နယ်စပ်သမိုင်း တလျှောက် အကြီးမားဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ အဆိုပါ တရားမဝင် တိရစ္ဆာန် တင်သွင်းမှုဖြင့် သံသယဖြစ်ခြင်း ခံရသူ တဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရွှေလီ သစ်တောအုပ်ချုပ်ရေး ပြည်သူ့ လုံခြုံရေးဗျူရို၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် အဆိုပါကိစ္စ သံသယ ဖြစ်၍ ဖမ်းဆီး ထိန်းသိမ်းထားသူသည် မည်သည့် နိုင်ငံသားဖြစ်သည်ကိုမူ ညွှန်ကြားချက် မရှိ၍ နိုင်ငံခြား မီဒီယာများအား မှတ်ချက် မပေးနိုင်ကြောင်း ရွှေလီ သစ်တော အုပ်ချုပ်ရေး ဌာန ပြောခွင့်ရသူက ဆိုသည်။

ထိုသို့ စီးနင်းဖမ်းဆီးရာတွင် မြွေတချို့ တောတွင်းသို့ လွတ်မြောက်သွားကြောင်း၊ ဒီဟောင်ခရိုင် တိရစ္ဆာန် ထိန်းသိမ်းရေး စင်တာမှ တာဝန်ရှိသူတဦးက တရုတ်အမျိုးသား သတင်းဌာနဖြစ်သည့် CNS သတင်းဌာနသို့ ပြောထားသည်။

တရုတ် ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ စောစောပိုင်းကတည်းက ကားလမ်းများကို ပိတ်ဆို့ တားမြစ် ရှာဖွေမှုများ လုပ်ဆောင်နေခဲ့ကြောင်း၊ ရက်ပေါင်း ၂၀ ကျော်ကြာ တရားမဝင် နယ်စပ်ဖြတ်ကျော် တင်သွင်းမှုများကို စိစစ်မှုများ လုပ်ဆောင်ခဲ့ရာ ကုန်သည်များက ကန့်ကွက်မှုများ ရှိလာသည့်အတွက် အချို့သော တားမြစ်ဂိတ်များကိုလည်း ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ တရားမဝင် တိရစ္ဆာန် ပမာဏများစွာ ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း CNS သတင်းဌာနသို့ ရွှေလီ သစ်တောအုပ်ချုပ်ရေး ပြည်သူ့ လုံခြုံရေးဗျူရို ညွှန်ကြားရေးမှူး ချန်ဟွာဂူဝိုက ပြောကြားသည်။

ရွှေလီမြို့သည် မြန်မာနိုင်ငံဘက်မှ တရားဝင် ကုန်ကြမ်း ပစ္စည်းများကိုသာ ကုန်သွယ်ခွင့် ပြုထားသည့် တရုတ်-မြန်မာ အကြီးမားဆုံး နယ်စပ်ကုန်သွယ်မှု မြို့တမြို့ဖြစ်ပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း၌ အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့် ကုန်သွယ်မှု ရှိခဲ့ရာ ၂၀၁၁ ခုနှစ်ထက် ၁၉.၉ ရာခိုင်နှုန်း မြင့်မားလာခြင်း ဖြစ်သည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
38
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
66
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
671

ထို့အပြင် ရွှေလီနယ်စပ် ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ်အတွင်း ကူးသန်းသွားလာမှု ၁၂ သန်း ရှိသည်ဟု မှတ်ပုံတင် စာရင်းဇယားများအရ သိရပြီး ယခင် ၂ နှစ်ကျော်ထက် ၅၀ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်သည်။

အဆိုပါ စာရင်းဇယားများမှာ ကျယ်ပြန့်သည့် နယ်စပ် ကုန်သွယ်ရေးတွင် တရားဝင် ညွှန်ပြသည့် ကိန်းဂဏန်းမျှသာ ဖြစ်ပြီး တရားမဝင် နယ်စပ်ကုန်သွယ်မှု၏ ၉ ရာခိုင်နှုန်းမျှသာ ဖြစ်ကြောင်း ဒေသတွင်းကုန်သည်တဦးက ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာ ၂ သောင်းခန့် နေထိုင်ကြပြီး အထူးသဖြင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်းလည်း သိရသည်။

ရွှေလီ သစ်တော အုပ်ချုပ်ရေး၏ လူထု လုံခြုံရေးဗျူရိုသည် ဝန်ထမ်း ၃၇ ဦး ရှိပြီး ယမန်နှစ်က စတင်ကာ တရားမဝင် တိရစ္ဆာန် မှောင်ခိုမှုများကို ကိုင်တွယ်ခဲ့ရာ ယခုအခါ အမှုပေါင်း ၂၇၃ မှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဘက်မှ ရှားပါးမျောက်လွှဲကျော် တကောင်လျှင် ရွှေလီ၌ တရုတ် ယွမ်ငွေ ၁၀၀ ( အမေရိကန်ဒေါ်လာ ၁၆ ဒေါ်လာခန့်) ဈေးပေါက်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရားမဝင် ခိုးသွင်းလာသည့် ဝက်ဝံ ခြေဖဝါး လက်ဖဝါး ၇၈ ခု၊ သင်းခွေချပ် အရှင် ၂၂ ကောင်ကိုလည်း အဆိုပါ သစ်တောဗျူရိုက ဖမ်းဆီးရခဲ့ဖူးသည်။

တရုတ်နှင့် မြန်မာ ၂ နိုင်ငံလုံးက သဘာ၀ ရှားပါး တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေး နိုင်ငံတကာ ကုန်သွယ်ရေး စာချုပ် (Convention on International Trade in Endangered Species of Wild Flora and Fauna) တွင် လက်မှတ်ရေးထိုးထားကြသည်။

ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) ၏ ယမန်နှစ်က အစီရင်ခံစာတွင် မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ သဘောတူစာချုပ်ကို အပြည့်အ၀ လိုက်နာမှု မရှိသေးကြောင်း ထောက်ပြထားပြီး တရုတ်နိုင်ငံကိုလည်း တရားမဝင် တောရိုင်း တိရစ္ဆာန် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အရေးတကြီး လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

Your Thoughts …
Tags: BorderChinaTradeWildlife
ပက်ထရစ်ဘိုးလား

ပက်ထရစ်ဘိုးလား

Contributor

Similar Picks:

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
670

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

by ဧရာဝတီ
5 July 2025
368

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တရုတ်အစိုးရက သီးသန့်စီခေါ်ယူတွေ့ဆုံကာ နှစ်ဖက်အပစ်ရပ်ဖို့ ပြောဆိုမှုရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Next Post
ပွဲပြန် … မောမော

ပွဲပြန် … မောမော

မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းများ ညှဉ်းပန်းခံနေရ

မန္တလေး အိုးဘိုထောင်တွင် နိုင်ကျဉ်းများ ညှဉ်းပန်းခံနေရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved