• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

တောင်ကုတ် လူ ၁၀ ဦး အသတ်ခံရမှု မြို့ခံ ၆ ဦးကို ဖမ်းဆီး

by ခင်ဦးသာ
18 July 2013
in Crime
A A
တောင်ကုတ် လူ ၁၀ ဦး အသတ်ခံရမှု မြို့ခံ ၆ ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့အဝင် ဆိုင်းဘုတ် (ဓာတ်ပုံ - နိရဉ္စရာ)

5.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ က လူ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြို့ခံ ၆ ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တောင်ကုတ်မြို့ခံများအား သံတွဲခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့က ညအချိန်တွင် ရုတ်တ ရက်ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေး အဖွဲ့ဝင် ဦးဝင်းနိုင် က ဧရာဝတီကို ပြော သည်။

“သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် မထွက်စေချင်တဲ့အတွက် ရုတ်တရက် ဝင်ဖမ်းလိုက်တာ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့ဆီကို လည်း ဒီမနက်မှ သတင်းတွေ ဝင်တာပါ”ဟု ၎င်း က ဆိုသည်။

သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့သည် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ရပ်မိရပ်ဘများ၊ မြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အငြိမ်းစား ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသတွင်း ပဋိပက္ခများအပြီး ကောလာဟလ သတင်းများကို တိုက် ဖျက်၍ သတင်းမှန်ဖော်ထုတ်ရန် ရည်ရွက်ချက်ဖြင့် အစိုးရ အာဏာပိုင်များက တရားဝင် ဖွဲ့စည်းပေးထားသော အဖွဲ့တခု ဖြစ် သည်။

တောင်ကုတ်လူသတ်မှုသည် တနှစ်ကျော်လာသည့်တိုင် တရားခံ တိတိကျကျဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ တောင်ကုတ်မြို့ခံ ၆ ဦးအား ယခု ဖမ်းဆီးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။

“ဒီလူတွေကို ဝင်ဖမ်းတာကို တောင်ကုတ်က ရဲတွေ မသိလိုက်ကြဘူးလို့ ပြောသံကြားပါတယ်၊ အဲဒီသတင်းကြောင့် တောင် ကုတ်မြို့က အဓိကကျတဲ့ နေရာတချို့မှာတော့ ဒီနေ့လုံခြုံရေးတွေ ချထားတယ်”ဟု တောင်ကုတ်မြို့နယ်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးမင်းအောင် က ဧရာဝတီ ကို ပြောသည်။

ဖမ်းဆီးခြင်းခံရသူများမှာ ဦးလေးမောင်(ခ) ထွန်းနိုင်၊ ဦးဝင်းနိုင်၊ ဦးသိန်းရွှေမောင်၊ ဦးစန်းကျော်၊ ဦးမင်းသိုက်ထွန်း(ခ) ပေါက် စီ၊ ဦးထွန်းဝင်း တို့ဖြစ်ကြောင်း၊ ၎င်းတို့အား သံတွဲထောင်သို့ ညတွင်းချင်း ပို့ဆောင်လိုက်ကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တချို့တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သံတွဲထောင်မှူး(ထောင်ပိုင်ကြီး) ဦးခင်မောင်ထွန်းအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ“ကျနော် တို့လည်း ကောလာဟလ သတင်းတော့ကြားနေရတယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ကျနော်တို့ထောင်ကို စာရင်းအတိအကျတွေနဲ့ ရောက်မလာသေးပါဘူး”ဟု ဖြေဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
548
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ထို့အတူ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး၏ တာဝန်ရှိသူ တဦးကလည်း ဧရာဝတီ ကို ပြောရာတွင် တောင်ကုတ်မြို့ခံများ ဖမ်းဆီးခံရမှုနှင့်ပတ်သက် ၍ ၎င်းတို့ မသိရှိကြောင်း ဖြေဆိုသည်။

“ကျနော်တို့ဆီကို သတင်းပို့တာတော့ မရှိသေးဘူး၊ တိတိကျကျ သိရဖို့ စုံစမ်းနေဆဲပါ”ဟု မြို့နယ်မှူးရုံး တာဝန်ရှိသူက ဆို သည်။

တောင်ကုတ်မြို့ခံများကမူ ယခု ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ အာဏာပိုင်များက ဖုံးကွယ်ရန် ကြိုးပမ်းလိုသည့် သဘော ထားများ တွေ့နေရကြောင်း ပြောဆိုကြသည်။

တောင်ကုတ် လူသတ်မှုသည် ပြီးခဲ့သည့်နှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် ဇွန်လ ၈ ရက်နေ့တွင် မောင်တော မြို့၌ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့သည်။ ထိုနေ့မှ စ၍ ရခိုင်ပြည်နယ် တဝန်း အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ် ပေါ်ခဲ့သည်။

တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးဖော်ထုတ်ရန် ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးခဲ့ သည်။

ထိုအဖွဲ့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲ ချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်း စစ်ဆေး ရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး တို့ပါဝင်သည်။

ထိုလူသတ်မှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့မှ ဒေသခံ  ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် မြို့နယ် အာ ဏာ ပိုင်များက စစ်ဆေးခံခဲ့သော်လည်း ယနေ့တိုင် တိတိကျကျ ဖော်ထုတ်နိုင်မှု မရှိသေး၍ လူအများ၏ ဝေဖန်မှုလည်း ခံနေ ရသည်။

Your Thoughts …
Tags: PoliceRakhine State
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မှုခင်း, လူသတ်မှု, ရဲတပ်ဖွဲ့, စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု

ရန်ကုန်တွင် ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုပေါင်း ၆၀၀ ကျော်ရှိ

by မေခ
27 September 2013
5.5k

ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်း မရှိသော အမှုအခင်းများ အနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခု အချိန်အထိ တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသည့် အပြင် ရဲတပ်ဖွဲ့ကလည်း အမှုနှင့် ပတ်သက်ပြီး...

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

Next Post
မွန်ပြည်သစ်နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်မှု မှားယွင်း ပစ်ခတ်ခြင်းဟု ဆို

မွန်ပြည်သစ်နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်မှု မှားယွင်း ပစ်ခတ်ခြင်းဟု ဆို

ဘိန်း အဆိပ်သင့် တောင်တန်း (ရုပ်/သံ)

ဘိန်း အဆိပ်သင့် တောင်တန်း (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved