• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

အရေးပေါ် အခြေအနေအလွန် လားရှိုး

by မေစစ်ပိုင်
10 August 2013
in Religion
A A
larshio-1
larshio-3
larshio-4
larshio-5
larshio
3.3k
VIEWS
Share on FacebookShare on Twitter

[irrawaddy_gallery]


ဘာသာရေး၊ လူမျိုးရေး အမြင်မတူရာကနေ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ဖူးတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကြီးမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေလို့ ဇူလိုင် ၂၇ ရက်နေ့က အရေးပေါ် ပုဒ်မ ၁၄၄ ပြန်လည် ရုပ်သိမ်းပေးခဲ့ပေမယ့် လက်ရှိ အချိန်အထိ ရဲလုံခြုံရေးတွေက နေ့ညမပြတ် နေရာအနှံ့အပြား ဆက်လက် စောင့်ကြပ်နေတာကို တွေ့ရပါတယ်။

လားရှိုး မြို့တော်ခန်းမနဲ့ ဘူတာကြီး အပါအဝင် လူစည်ကားရာ နေရာတချို့မှာတော့ မြို့ဒေသခံတွေကို လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြဖို့ မေတ္တာရပ်ခံတဲ့ ဆိုင်းဘုတ်တွေ ချိတ်ထားပါတယ်။ ပဋိပက္ခ ဖြစ်ပွားစဉ်က မီးလောင်ကျွမ်း ခဲ့တဲ့ ရပ်ကွက် ၂ ရဲ့ ဗလီကြီးကတော့ ရှေ့မျက်နှာစာတွေမှာ သံပန်းသံတံခါး ပြန်လည် တပ်ဆင်တာ၊ ဗလီအတွင်း ပြင်ဆင်မှုတွေ လုပ်နေကြပြီး ပုံမှန် အတိုင်း ဝင်ထွက် သွားလာတာ၊ ဝတ်ပြု ဆုတောင်းတာတွေ ပြန်လည် ပြုလုပ်နေကြပါပြီ။

ဗလီရှေ့မှာရှိတဲ့ မွတ်စလင် ဆိုင်ငယ်လေးတွေ ပြန်လည် ဖွင့်လှစ်ထားတာ တွေ့ရပေမဲ့ ဗလီရဲ့ အရှေ့မျက်နှာစာ မှာတော့ ရဲလုံခြုံရေး ၅ ဦးက နေရာခွဲပြီး စောင့်ကြပ်နေပါတယ်။

ပျက်စီးခဲ့တဲ့ ဗလီကို ပြန်လည် ပြင်ဆင်ဖို့အတွက် အစ္စလမ် ဘာသာဝင်အသင်းက တာဝန်ယူနေပြီး အစိုးရဘက်က အထောက်အပံ့ အနည်းငယ် ရတယ်လို့ လားရှိုးမြို့ ဒေသခံ ဦးမင်းသူက ဆိုပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ မွတ်စလင် မိဘမဲ့ ကလေးများကျောင်းနဲ့ ရပ်ကွက် ၉ ဈေးလမ်း အတွင်းက တွဲလျှက်ရှိနေတဲ့ ဆိုင်ခန်း တွေကိုတော့ လက်ရှိအချိန်အထိ ချိတ်ပိတ်ထားပြီး “ကန့်သတ် နယ်မြေ၊ မကျူးကျော်ရ” ဆိုတဲ့ တားမြစ် ဆိုင်းဘုတ် ချိတ်ဆွဲထားဆဲပါပဲ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

လားရှိုး မြို့မဈေးကြီးကလည်း အရင်အတိုင်း ဆိုင်ခန်းတွေ ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပေမယ့် တချို့ မျက်နှာစာတန်းမှာ ရှိတဲ့ ဆိုင်ခန်းတွေကတော့ ပြန်ဖွင့်တာ မရှိသေးပါဘူး။

ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးပြီး ဖြစ်တာကြောင့် ညအချိန်တွေ ပြန်လည်ထွက်ခွင့် ပြုထားပေမယ့် ညဘက် ရောက်ပြီဆိုရင် လူနည်းစု လောက်သာ သွားလာ လှုပ်ရှားကြပါတယ်။ ဒေသခံတွေကတော့ ပဋိပက္ခ ဖြစ်ပြီးကတည်းက လက်ရှိအချိန်အထိ လုံခြုံရေး အခြေအနေ စိုးရိမ်လို့ ညဘက် ဆိုရင် အပြင် သိပ်မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။

ဓာတ်ဆီ ဝယ်ရောင်း ပြုလုပ်ရာကနေ လားရှိုးမြို့ကြီးတခုလုံး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအသွင် ဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်မှာ နေတဲ့ မွတ်စလင် တချို့ကတော့ သူတို့နေထိုင်တဲ့ အိမ်တွေကို ရောင်းချပြီး မြို့ပြောင်း၊ ရပ်ကွက်ပြောင်း သဘောမျိုး လုပ်သွားကြတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

“ပဋိပက္ခ ပြီးကတည်းက တချို့ မွတ်စလင်တွေက သူတို့အိမ်တွေကို ရောင်းပြီး ပြောင်းကုန်ကြတယ်။ စီးပွားရေး ရှိတဲ့ သူတွေ လည်း အဲဒီအတိုင်းပဲ၊ မွတ်စလင် အများစုကတော့ ရပ်ကွက် ၇ ဘက်ကို အိမ်ပြောင်းကြတာ” လို့ ရပ်ကွက် ၁၀ နယ်မြေ ၉ က ဒေသခံ ဒေါ်ကလျာက ဆိုပါတယ်။

ပဋိပက္ခဖြစ်တုန်းက ရပ်ကွက် ၁၀ နယ်မြေ ၉ မှာ ရှိတဲ့ မွတ်စလင် ဆိုင်ခန်းနဲ့ တွဲလျှက်ရှိတဲ့ အိမ်တလုံးကို လာရောက် ရန်ပြုတဲ့ သူတွေ ရှိခဲ့တာကြောင့် အဲဒီ အိမ်မှာနေတဲ့ မွတ်စလင် မိသားစုက အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ ခေတ္တ ခိုလှုံခဲ့ရတယ်လို့ သိရပါတယ်၊ ပဋိပက္ခတွေ ငြိမ်သွားပေမယ့် အဲဒီ မိသားစုကတော့ ဆိုင်ခန်းနဲ့အိမ်ကို ပြန်အပ်ပြီး အပြီး ပြောင်းသွား ခဲ့တယ်လို့ ဒေါ်ကလျာက ပြောပြပါတယ်။

ဒါ့အပြင် ပဋိပက္ခ ဖြစ်တုန်းက ဖျက်ဆီးခံခဲ့ရတဲ့ သီတာအေး ရုပ်ရှင်ရုံ၊ ဟိုတယ်နဲ့ လားရှိုးဓာတ်ပုံတိုက် အပါအဝင် အဆောက်အဦး တွေကိုတော့ ပြန်လည် ပြင်ဆင်ပြီး ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။

“အရင်တုန်းက လားရှိုးမှာ ဘာသာရေး၊ နိုင်ငံရေး ဆိုတာမျိုးတွေ သိပ်မလုပ်ကြဘူး၊ အေးအေးဆေးဆေး နေကြတာများတယ်၊ အခု ပဋိပက္ခဖြစ်ပြီးမှ ဆိုင်ခန်းတွေ၊ ကားတွေနဲ့ တချို့ ဆိုင်ကယ်တွေမှာ ၉၆၉ စတစ်ကာတွေ ကပ်လာတယ်၊ ဦးဝီရသူ တရား တွေလည်း နေရာအတော်များများမှာ ဖွင့်လာကြတယ်” လို့ ရပ်ကွက် ၈ မှာ နေထိုင်တဲ့ ကိုကျော်မိုးဟိန်းက ဆိုပါတယ်။

လားရှိုးမှာ အခြေအနေတွေ မငြိမ်မသက်ဖြစ်တုန်း မန္တလေးဘက်က သံဃာတော်တွေက တရားစာတွေ ရွတ်ဖတ်ရင်း ရောက်လာတာကြောင့် နောင်ချိုဂိတ်မှာ ပိတ်ပြီး တားခဲ့တာက အခြေအနေကို ထိန်းသိမ်းရာ ရောက်ခဲ့ကြောင်း၊ သူကိုယ်တိုင် လည်း လားရှိုးမြို့ပြင် ဘက်ကို ကုမ္ပဏီ ပစ္စည်းတွေနဲ့ ဈေးကွက် အရောင်းထွက်ချိန် ဖြစ်နေတာကြောင့် မြို့တွင်း ပြန်ဝင်လို့ မရခဲ့ပေမယ့် မြို့တွင်းကို သံဃာတော်တွေ ရောက်လာပြီးမှ အခြေအနေတွေ ပိုရှုပ်ကုန်မှာ စိုးရိမ်ခဲ့တဲ့ အကြောင်း ကိုကျော်မိုးဟိန်းက ရှင်းပြပါတယ်။

လားရှိုးမြို့ အဓိကရုဏ်း စတင်ဖြစ်ပွားစေခဲ့တဲ့ မီးရှို့မှုကျူးလွန်သူ ဦးနေဝင်းကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ပြီး အကြမ်းဖက်မှု ကျူးလွန်ပါဝင်ခဲ့သူ ၄၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ထား ပါတယ်။

လားရှိုး အဓိကရုဏ်းကြောင့် ဗလီ ၁ လုံး၊ ဘာသာရေးကျောင်း ၃ ကျောင်း အပါအဝင်၊ လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေ ဖျက်ဆီး ခံခဲ့ရပြီး ကျပ် ၆၈၄ သိန်းကျော် ဆုံးရှုံးခဲ့ရတယ်လို့ ရှမ်းပြည်နယ် ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရှိရပါတယ်။

Your Thoughts …
Tags: ConflictReligious
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

by နန်းဆိုင်နွမ်
6 July 2013
12.6k

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေ

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မိုးပြာဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်မခံရန် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တောင်းဆို

by ထက်နိုင်ဇော်
5 January 2017
121.4k

ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

by ဧရာဝတီ
8 July 2024
98

ရာသီဥတုပြောင်းလဲမှု (climate change) နောက်ဆက်တွဲ အပူရှိန်လွန်ကဲတာ၊ ရေကြီးတာနဲ့ သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုတွေကို ဆယ်စုနှစ်ချီ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ စစ် ပဋိပက္ခကြောင့် သစ်တောထိန်းသိမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုအရေး ဆိုင်ရာ ရေရှည်ပြဿနာတွေကို ဦးစားပေးဖြေရှင်းနိုင်ဖို့ ခက်ခဲနေရတယ်လို့ ဝါရင့်...

Next Post
ဒီမိုကရေစီဖြစ်တည်လာပုံ – “တဆင့်ပြီးတဆင့်” သဘောတရား၏ အမှား (၃)

ဒီမိုကရေစီဖြစ်တည်လာပုံ - “တဆင့်ပြီးတဆင့်” သဘောတရား၏ အမှား (၃)

အစိုးရနှင့် TNLA တို့ ယနေ့ မူဆယ်မြို့ ရွှေလီရတနာ ခန်းမတွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြင်ကွင်း (ဓာတ်ပုံ – TNLA သတင်းနှင့် ပြန်ကြားရေးအဖွဲ့)

ငြိမ်းချမ်းရေး ရရန် တိုးတက်မှု ရှိသော်လည်း စောင့်ကြည့်နေရဆဲဟု TLNA ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved