• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူများကို ဖမ်းဟု အာဆီယံအမတ်များ တိုက်တွန်း

by ဧရာဝတီ
28 August 2013
in သတင်း
A A
အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူများကို ဖမ်းဟု အာဆီယံအမတ်များ တိုက်တွန်း

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာတွင် နေအိမ်နှင့် ဈေးဆိုင် ၆၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရအပြီး (ဓာတ်ပုံ - ရွှေအင်းသား ခင်မောင်ဝင်း)

4.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသည် “ဆူပူမငြိမ်သက်မှုများ ကျယ်ပြန့်လာနေခြင်း ချောက်ကမ်းပါးပေါ်တွင် ရောက်” ရှိနေသည့် အတွက် တာဝန်ရှိသူများ အနေဖြင့် ဒုက္ခရောက်ရသူများကို ကာကွယ်ပေးနိုင်ရန် ပဋိပက္ခများတွင် ပါဝင်သူ တရားခံများ၊ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာအောင် သွေးထိုးလှုံ့ဆော်နေသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း အစရှိသော ထိရောက်သော နည်းဗျူဟာများ အမြန်ဆုံး ချမှတ်အကောင်အထည် ဖော်သင့်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ (APHR) က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် နေအိမ်နှင့် ဈေးဆိုင် ၆၀ ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်းအပေါ် လျှင်မြန်ပြီး သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အဆိုပါ လုပ်ရပ်အတွက် တာဝန်ရှိသူများကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူရန် APHR က တိုက်တွန်းလိုက်သည်။

“အစိုးရ၊ တိတိကျကျပြောရရင် ဒေသဆိုင်ရာ လုံခြုံရေး အဖွဲ့တွေဟာ ဒေသတွင်းတင်းမာမှုတွေကို လျှော့ချနိုင်ဖို့ ထိထိ ရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စုဖွဲ့ ဆူပူသောင်းကျန်းမှုတွေကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ ဆူပူမှု အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာမယ့် အလားအလာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်လို့သာ မူဆလင်ဆန့် ကျင်ရေး ဟောပြောမှုတွေနဲ့ အဓိကရုဏ်းဖြစ်လာအောင် သွေးထိုးလှုံ့ဆော်မှုတွေကို မတားဆီး နိုင်ဘူးဆိုရင် ဒီလို တိုက်ခိုက်မှုတွေရဲ့ တရားခံတွေနဲ့ ခေါင်းဆောင်တွေဟာ သူတို့ ကို အရေးမယူဘူး၊ ကင်းလွတ်ခွင့်ပေးထားတယ်လို့ ဆက်ပြီး ယူဆနေကြပါလိမ့်မယ်” ဟု APHR ၏ ဥက္ကဌ အင်ဒိုနီးရှား အမျိုးသမီး လွှတ်တော် အမတ် Eva Kusuma Sundari က ပြောဆိုကြောင်း သိရသည်။

“နက်ရှိုှု်င်းတဲ့ တင်းမာမှုတွေကို လူတိုင်းထင်ထင်ရှား မြင်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရအာဏာပိုင်တွေက မြန်မာနိုင်ငံမှာ အခုလို အန္တရယ်ကြီးတဲ့ အခြေအနေတရပ်ကို ဦးတည်နေတဲ့ အပေါ်မှာ ထိရောက်တဲ့ တုန့်ပြန်မှုတွေ လုပ်မနေဘူးလို့ ကျနော် တို့ခံစားနေရပါတယ်” ဟုလည်း Ms. Sundari က ပြောကြောင်း ဩဂုတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြသည်။

APHR က ဆူပူမှု အထိကရုဏ်းများကို ဖြေရှင်းဖို့ ကြိုးစားရာတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် အခက်အခဲများ ကြုံတွေ့နိုင်သည်ကို လက်ခံခဲ့သော်လည်း လွန်ခဲ့သောနှစ်ကစ၍ ဖြစ်ပွားခဲ့သော ဘာသာရေး ခွဲခြားတိုက်ခိုက်မှုများတွင် တာဝန်ရှိသော ရဲတပ်ဖွဲ့၏ တုန့်ပြန်မှု အားနည်းခြင်းအပေါ် စိုးရိမ်မိကြောင်းပြောသည်။

မွတ်ဆလင်ဆန့်ကျင်ရေး ဟောပြော စည်း ရုံးမှုများ တိုးပွားလာနေသည်ကို တားဆီးနိုင်ရန် အစိုးရဘက်မှ လျှင်လျှင်မြန်မြန် တိတိကျကျ အရေးယူဆောင်ရွက်ရန်လိုသည်ဟုလည်း APHR က ဆိုသည်။ လူမျိုးဘာသာရေးခွဲခြားသည့် ဆူပူမှု အဓိကရုဏ်းများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်နေသော လှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း စိုးရိမ်မိကြောင်း ပြောသည်။ မွတ်ဆလင်ဆန့်ကျင်ရေး ဝါဒဖြန့် တရားများကို မီဒီယာအမျိုးမျိုးမှ တဆင့် ဖြန့်ဝေနေခြင်းသည် အန္တရာယ်ရှိသည်ဟုလည်း ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဖြေရှင်းရမယ့် ပြဿနာတွေလည်း အများကြီးပါပဲ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကိစ္စက ထိပ်ဆုံးမှာ ရှိနေပါတယ်။ အကြီးစားသတ္တုတွင်း စီမံကိန်းနဲ့ စီးပွားရေး စီမံကိန်းကြီးတွေ၊ လယ်ယာမြေသိမ်းယူမှုတွေကို ဆန့်ကျင် ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီး ထောင်ချနေတဲ့ အချိန်မှာ လူမျိုးရေး ဘာသာရေး မုန်းတီးမှုတရားတွေ ဟောပြောပြီး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်နေကြတဲ့ သူတွေကိုတော့ အစိုးရ အာဏာပိုင်တွေက မတို့မထိဘဲ ဒီအတိုင်း ထားကြတယ်” ဟု APHR ၏ ဒုတိယဥက္ကဌ Kraisak Choonhavan ကပြောသည်။ ယခုအချိန် လွှတ်တော်တွင် အခြေအတင် ဆွေးနွေးနေကြသည့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာလည်း မရေရာ မသေချာမှုတွေ ပါနေကြောင်း သူက ထပ်ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
480
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
171
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော် အတွင်းတွင် ယခုကိစ္စကို အလေးအနက်ထားကာ ဆွေးနွေးသင့်ပြီး အစိုးရ အာဏာပိုင်များ နှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ ပူးပေါင်းကာ လူ့အသိုင်းအဝိုင်းကြားမှ အက်ကြောင်းများ ကို ပြန်လည်စေ့စပ်ပြီး ယုံကြည်မှုကို ပြန်လည်တည်ဆောက်ကြရန် APHR က တိုက်တွန်းလိုက်သည်။

“မိမိတို့ နေစရာအိမ် ဆုံးရှုံးခဲ့တဲ့ သူတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကာကွယ်မှုနဲ့ ကူညီမှု ရရှိဖို့ အရေးကြီး ပါတယ်။ ဒါမှလဲ သူတို့ဘဝတွေနဲ့ သူတို့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ပြီးတော့ အမြန်ဆုံးပြန်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု Ms. Sundari ကပြောသည်။

“ပြီးခဲ့တဲ့ ၁၄လ ကာလအတွင်းမှာ နောက်ဆက်တွဲ ဖြစ်လာတဲ့ အကြောင်းအရာတွေကို တွေ့ခဲ့ပြီးပါပြီ။ မွတ်ဆလင်တွေကို သူတို့ရဲ့ ဗုဒ္ဓဘာသာ အိမ်နီးချင်းတွေနဲ့ ခွဲခြားထားလို့ မဖြစ်နိုင်ပါဘူး။ အစိုးရရဲ့ ခွဲခြားနေရာ ချထားရေး မူဝါဒက ခွဲခြားမှုတွေကို ပိုပြီး နက်ရှိုင်းလာစေပြီး ပဋိပက္ခ ဖြစ်ပေါ်နိုင်တဲ့ အလားအလာကို ပိုပြီးများစေပါတယ်” ဟုလည်း Ms. Sundari က ဆိုသည်။

ပြီးခဲ့သည့်အပတ်ကလည်း အမေရိကန်ပြည်ထောင်စုရှိ လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့ကလည်း အကယ်၍ မြန်မာအာဏာပိုင်များအနေဖြင့် အမုန်းတရားများကို ဟောပြောခြင်းနှင့် တရားလက်လွတ် ပြုမူမှုများကို မထိန်းချုပ်ဘဲ ဆက်လက်ခွင့်ပြုထားလျှင် မြန်မာနိုင်ငံသည် “လူမျိုးတုန်း ရှင်းလင်းသုတ်သင်မှု သို့မဟုတ် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်း အလားအလာ”ရှိသော “ဆိုးဆိုးရွားရွား”အဆင့် သတ်မှတ်ခံရမည့် အန္တရာယ်နှင့် ကြုံနိုင်ကြောင်း သတိပေးခဲ့သည်။

Your Thoughts …
Tags: ConflictMuslimReligious
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.6k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

by နန်းဆိုင်နွမ်
6 July 2013
12.6k

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေ

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မိုးပြာဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်မခံရန် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တောင်းဆို

by ထက်နိုင်ဇော်
5 January 2017
121.4k

ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

Next Post
အရှေ့တောင်အာရှ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအတွက် အမေရိကန် ဘတ်ဂျက်တိုးမြှင့်

အရှေ့တောင်အာရှ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအတွက် အမေရိကန် ဘတ်ဂျက်တိုးမြှင့်

“ဦးရွှေမန်းနဲ့ ဦးသိန်းစိန် ပဋိပက္ခ သက်ရောက်မှု ရှိနိုင်တာပေါ့”

“ဦးရွှေမန်းနဲ့ ဦးသိန်းစိန် ပဋိပက္ခ သက်ရောက်မှု ရှိနိုင်တာပေါ့”

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved