• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လိပ်ကျွန်းလူသတ်မှုမှ မြန်မာ နှစ်ဦး အရေး ထိုင်း၊ မြန်မာ၊ ဗြိတိန် သုံးပွင့်ဆိုင် ဆွေးနွေးမည်

by လင်းသန့်
13 October 2014
in Crime
A A
လိပ်ကျွန်း,ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ, ထိုင်းဘုရင့်ရဲတပ်

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသား နှစ်ဦး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)

5.6k
VIEWS
Share on FacebookShare on Twitter

လိပ်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ မနက်ဖြန် တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု သိရသည်။

“ကျနော်တို့ သံရုံး ( ဘန်ကောက်ရှိ မြန်မာသံရုံး) ကို ညွှန်ကြားပါတယ်။ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့  ဗြိတိန်သံရုံး က တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆွေးနွေးပြီးသွားပါပြီ” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြော သည်။

လိပ်ကျွန်းကိစ္စတွင် မြန်မာသံရုံးမှ ဥပဒေရေးရာ အကူအညီပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်ကလည်း မြန်မာ၊ ဗြိတိန် နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ၃ပွင့်ဆိုင် တွေ့ဆုံမည်မှာ မှန်ကန်ကြောင်း၊ မနက်ဖြန်  အောက်တိုဘာ လ ၁၄ ရက်နေ့ မနက် ၁၀ နာရီတွင် ဗြိတိန်သံအမတ်ကြီးနှင့်အတူ မြန်မာ သံအမတ်ကြီးတို့သည် ထိုင်းဘုရင့်ရဲ တပ်ဖွဲ့နှင့် တွေ့ဆုံမှာဖြစ်ကြောင်း  ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့  ဗြိတိန်သံရုံး၊ မြန်မာ သံရုံးနှင့် ထိုင်းရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံခြင်းမှ တရားမျှတပြီး မှန်ကန်သော စုံစမ်း စစ်ဆေးမှုများ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များ ဖြစ်ပေါ်စေမည်ဟု အပြည့်အ၀ ယုံ ကြည်ပါကြောင်း သူက ဆိုသည်။

ထို့အတူ  သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း သုံးပွင့်ဆိုင် တွေ့ဆုံမှုမှ ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစုံတရာ ထိခိုက်စေခြင်း မရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် မည် သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်း များ ရှာဖွေတွေ့ရှိမည်ဟု မျှော်လင့်ကြောင်းပြောသည်။

“ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ(၃)နိုင်ငံ ဆက်နွယ်ပတ်သက်နေသော ယခုကိစ္စကို ပြစ်မှုကျူး လွန်သူများ အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို မှားယွင်းအရေးယူမှု မရှိစေရေးအတွက် တရားမျှတမှု ရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မည် ဟု မျှော်လင့်ထားပါသည်” ဟုသူ ကဆက်ပြောသည်။

သို့သော် လိပ်ကျွန်း လူသတ်မှုကိစ္စနှင့် ပတ်သက်၍  မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီး အဆင့် ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့သွားရောက်ရန် ရှိသည်ဆိုသော်လည်း လတ်တလော မသေချာသေးပေ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

“လောလောဆယ်တော့ အဲဒီလိုပဲ ဥပဒေကြောင်းအရ ဘယ်လို ပူးပေါင်းပါဝင် လို့ရမလဲပေါ့။ သူ့ရဲ့ အချုပ်အခြာကို လည်း မထိခိုက်အောင်၊ ၂ နိုင်ငံ သဘောတူညီချက်နဲ့အညီ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို ဥပဒေကြောင်းအရ၊ နိုင်ငံတကာ ဥပဒေတွေအရ ကျနော်တို့ လေ့လာသုံးသပ်မှုတွေ လုပ်နေပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ထိုင်းနိုင်ငံ၏ ပြည်တွင်း ဥပဒေ နှင့် အချုပ်အခြာအာဏာကို မထိခိုက်စေရန် ဥပဒေအကြံပေး အဖွဲ့များဖြင့် လေ့လာသုံး သပ်နေရခြင်းဖြစ်ပြီး၊  ရာဇဝတ်မှုခင်းကိစ္စအပါအဝင် ထိုင်းနဲ့မြန်မာ ၂ နိုင်ငံ သဘောတူညီ ချက် များရှိသည့်အတွက် ဘက်စုံချိန်ဆ နေရခြင်းဖြစ်ကြောင်း သိရသည်။

ရှေ့နေ ဦးအောင်မျိုးသန့် က “လာမယ်ပြောပြီး လာဖို့ မလာဖို့ ဆုံးဖြတ်ချက်က သူတို့ တာဝန်ပါ။ ကျနော်တို့ကတော့ အချက်အလက်တွေ တင်ပြပြီး သားဖြစ်ပါတယ်၊ အခုထိ နိုင်ငံတော်က လူကြီးတွေက ပံ့ပိုးပေးနေတယ်၊ လူကြီးတွေ အစီအစဉ်ဆွဲနေတဲ့အချိန်မှာ ထိုင်းဘက်က အမှု တည်ဆောက်နေတဲ့ အချိန်မို့လို့ လွှတ်ပေးထားလို့မရပါဘူး၊ တရားလိုဘက်က လုပ်ဆောင်ချက် တွေ ကို ထပ်ချပ်မခွာ လိုက်ပါဆောင်ရွက်ကြည့်ရှုနေရမှာပါ” ဟု ဆိုသည်။

မနက်ဖြန် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ကော့စမွေ တွင် ထိုင်းအစိုးရ၏ တရားလိုပြသက်သေ မောင်မောင် အား စစ်ဆေးမည်ဟု အကြောင်းကြားလာသဖြင့် ထိုင်း ရှေ့နေများ ကောင်စီအပါအဝင်၊ မြန်မာသံရုံး ရှေ့နေ အဖွဲ့ စုစုပေါင်း ၇ ဦးက သွားရောက်တွေ့ဆုံရန် ရှိသည်ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းတပုဒ်တွင်မူ လိပ်ကျွန်းကိစ္စ ဖမ်းဆီးခံ မြန်မာနိုင်ငံသား ကိစ္စအား မြန်မာ အစိုးရ စိုးရိမ်ကြောင်း ပြောဆိုခြင်း၊ ကန့်ကွက်ခြင်း မရှိဟု ထိုင်းဝန်ကြီးချုပ် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ က မြန်မာနိုင်ငံမှ ပြန်လာပြီးနောက် ပြောဆိုသည်ဟု ဖော်ပြထားသည်။

သို့သော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာပြည်ခရီးစဉ်၌ သမ္မတ ဦး သိန်းစိန် တွေ့ဆုံစဉ် လိပ်ကျွန်းလူသတ်မှုတွင် တရားခံအဖြစ် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး ကိစ္စကို  ထိုင်းရောက် မြန်မာ အလုပ် သမားများ အရေးခေါင်းစဉ်အောက်တွင် ဆွေးနွေးခဲ့ ကြောင်း လည်း ဧရာဝတီသို့ အခိုင်အမာ ပြောသည်။

ထို့အပြင် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့၏ လူပုဂ္ဂိုလ် ၂ ဦးချင်း ဆွေးနွေးရာတွင်လည်း လိပ်ကျွန်း လူသတ်မှု ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း သူက ဆိုသည်။

“လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်လို့ကတော့ သမ္မတကြီးလည်း ပြောတယ်၊ ဖိအားပေးခြင်းတော့ မဟုတ်ဘူး၊ ကန့်ကွက်ခြင်း တော့ မဟုတ်ဘူး။ သို့သော်လည်း စုံစမ်းစစ်ဆေးရေး၊ တရားစီရင်ရေး ကိစ္စနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ပေးဖို့ ပါ၊ ဒါကလည်းတနိုင်ငံလုံး စိတ်ဝင်စားနေတဲ့ကိစ္စဆိုတာ သမ္မတကြီးက ပြောတယ်” ဟုလည်း ဦးဇော်ဌေး က  ပြောသည်။

ထိုင်းနိုင်ငံတွင် နေထိုင်သည့်အခါ ထိုင်းနိုင်ငံ၏ ဥပဒေကိုတော့ လေးစားလိုက်နာရမည်ကို သဘောပေါက်ကြောင်း၊ အ ကယ်၍ ပြစ်မှုကျူးလွန်သည်ဆိုပါက ဥပဒေနှင့်အညီပြစ်ဒဏ်ကျခံရမည်ကို နားလည်ကြောင်း၊ သို့သော် ယခုကိစ္စ သည် ၂ နိုင်ငံ ဆက်ဆံရေးနှင့်လည်း ပတ်သက်ဆက်နွယ်နေကြောင်း သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ်အား ထည့်သွင်း ပြောကြားခဲ့သည်ဟုသိရသည်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာကလည်း မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံတကာက လက်ခံ ယုံကြည်မှု ရှိစေရန် အဆိုပါ လိပ်ကျွန်းအမှုကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်အား ပြော ကြားခဲ့ကြောင်း ဦးဇော်ဌေးက ပြောသည်။

မြန်မာနိုင်ငံမှ ပြန်လည် ရောက်ရှိလာပြီးနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ်က သတင်းထောက်များအား ပြောကြားရာ တွင် လိပ်ကျွန်းလူသတ်မှုကို စုံစမ်း စစ်ဆေးသူများ သေချာစွာ လုပ်ကိုင်ဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း၊ သို့သော် မြန် မာ ၂ ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ခြင်းသည် တရားခံ မဟုတ်ပါက ဖမ်းဝံ့မည်မဟုတ်ဟုလည်း ရဲတပ်ဖွဲ့၏ လုပ်ဆောင် ချက် ကို ကာကွယ်ပြောကြားသွားသည်။

မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး၊ အပြစ်ရှိ သူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ် မပေးမိရန် လိုသည်ဟူသော ဥပဒေ စကား အတိုင်း သေချာစွာ စိစစ်လုပ်ဆောင်ပေးစေလိုကြောင်း ထိုင်း ဒု ဝန်ကြီးချုပ်အား တိုက် တွန်းပြော ကြားခဲ့သည်။

ယနေ့တွင်လည်း  မြန်မာအလုပ်သမား ၂ဦးအရေးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်၌ အရေးကြီးအဆို တင်သွင်း ကာ ဆွေးနွေးကြောင်း၊ ယင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး၊ အမျိုးသား လွှတ်တော် အနေဖြင့် ယင်းလူသတ်မှုနှင့် ပတ်သက် တရားမျှတမှုရှိစေရန် ထိုင်းလွှတ်တော်သို့ ဆက်သွယ်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

Your Thoughts …
Tags: Thai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

by ရန်ပိုင်
25 March 2014
4k

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့...

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
496

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
346

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

Next Post

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သက်သေများ စတင်စစ်ဆေး

လိပ်ကျွန်းလူသတ်မှု

လိပ်ကျွန်း လူသတ်မှုဖြင့် အဖမ်းခံရသည့် လူငယ်နှစ်ဦး၏ မိဘများ တည်းခိုရာ ဘုန်းကြီးကျောင်း စစ်ဆေးခံရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved