• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

by စနေလင်း
24 October 2014
in Ethnic Issues
A A
နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

မြေပုံမြို့၊ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ နိုင်ငံသား ဖြစ်ခွင့် (ပန်းနုရောင်ကတ်) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသမီး တဦး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter
မြေပုံမြို့၊ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ နိုင်ငံသား ပြုခွင့် (အစိမ်းရောင်ကတ်) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသား တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြေပုံမြို့၊ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ နိုင်ငံသား ဖြစ်ခွင့် (ပန်းနုရောင်ကတ်) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသမီး တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြေပုံမြို့၊ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ဧည့်နိုင်ငံသား၊ ယာယီ သက်သေခံ လက်မှတ် (White Card) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသမီး တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြေပုံမြို့နယ်ထဲက ဘင်္ဂါလီ ဒုက္ခသည်စခန်း။ ဒီစခန်းထဲမှာ အရင်တုန်းကတော့ ဒုက္ခသည် ၄ ထောင်လောက် ရှိပေမယ့် တဖြည်းဖြည်းနဲ့ စစ်တွေ၊ ကျောက်ဖြူ စတဲ့ နေရာတွေကို လှေနဲ့ ထွက်သွားကြလို့ အခုဆိုရင် ၃ ထောင်ဝန်းကျင်ပဲ ကျန်ပါတော့တယ်။

စခန်းအလယ်က လက်ဖက်ရည်ဆိုင်ထဲမှာ နှုတ်ခမ်းက  အက်ကွဲနေတဲ့ အသားမည်းမည်း၊ အရပ်ပုပု အသက် ၅၉ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးဖော်ရားစ်နဲ့ အတူ ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးတချို့ ထိုင်နေကြ ပါတယ်။

ဦးဖော်ရားစ်က သူ့ရထားတဲ့ နိုင်ငံသား ပြုခွင့်ရ အစိမ်းရောင် ကတ်ကလေးကို ပြရင်း သူ အရင်ကလို မြေပုံမြို့ အလယ်ရပ်ကွက်က အိမ်လေးမှာ ပြန်နေချင်တယ်လို့ ပြောပါတယ်။

“အခု အစိုးရက ကျနော်တို့ကို နိုင်ငံသား ပြုခွင့် ပေးလိုက်ပေမယ့် ကျနော်တို့က ဒီနေရာကနေ ဘယ်မှ ထွက်လို့ မရသေးဘူး။ ဒီကတ်ရလာတဲ့ အတွက် ကျနော်တို့မှာ ဘာအခွင့်အရေး ရမယ် ဆိုတာလည်း အတိအကျ မသိဘူး။ ကျနော်တို့ ဖြစ်ချင်တာတော့ အရင်ကလို မြေပုံမြို့မဈေး နားက ကျနော်တို့ နေခဲ့တဲ့ အိမ်နေရာမှာပဲ ပြန်နေရင်း ရေလုပ်ငန်းကိုပဲ ပြန်လုပ်ချင်တယ်´ လို့ သူက ဆိုပါတယ်။

ဦးဖော်ရားစ်က ဘူးသီးတောင်ဇာတိ ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်က ရဲတပ်ရင်း ၃ မှာ တာဝန်ထမ်း ဆောင်ခဲ့ရင်း  ၁၉၈၁ ခုနှစ်မှာ ပြစ်ဒဏ်တခုနဲ့ ရဲတပ်ဖွဲ့က ထွက်လိုက်ရပါတယ်။

အဲဒီနောက်မှာ မြေပုံမြို့ကို လာရောက် အခြေခြရင်း အခုဆိုရင် အိမ်ထောင် ၂ ဆက်ကျခဲ့ပါတယ်။

မြေပုံမှာ ကုန်တင်ကုန်ချ လုပ်ကိုင်ရင်း ပထမ အိမ်ထောင်က သားသမီး ၅ ဦး၊ အခု လက်ရှိအိမ်ထောင်နဲ့ သားသမီး ၂ ဦး ထွန်းကားခဲ့ ပါတယ်။

မမျှော်လင့်ဘဲနဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် အခုလို ဒုက္ခသည် စခန်းမှာ နေရပေမယ့် တချိန်မှာ ပြန်ပြေလည် သွားလိမ့်မယ် လို့ သူက မျှော်လင့်နေပါတယ်။

ရခိုင်ဒေသမှာ ရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ စိစစ်ပြီး နိုင်ငံသား ဖြစ်ခွင့်ရှိသူကို ဖြစ်ခွင့် ပေးမယ် လို့ အစိုးရက ကြေညာပြီး နောက်ပိုင်း မြေပုံမြို့နယ်က ဒုက္ခသည်စခန်းက ဘင်္ဂါလီလူမျိုး ၁၀၉၀ ဦး လာရောက် လျှောက်ထားပြီး၊ ၄၀ ဦး နိုင်ငံသားဖြစ်ခွင့် ပန်းရောင်ကတ် ရရှိခဲ့တယ်။ ၁၆၇ ဦး ကတော့ နိုင်ငံသားပြုခွင့် အစိမ်းရောင်ကတ် ရရှိခဲ့တယ်။

အဲဒီလို ရရှိလာတဲ့ အတွက် မြေပုံမြို့က ဒုက္ခသည် စခန်းက မယုံကြည်လို့ မလျှောက်ဘဲ နေခဲ့တဲ့ လူတွေ ထဲက ၁၂၄ ဦးက ထပ်မံလာလျှောက်ကြတယ် လို့ ရခိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက စရင်းများ အရ သိရတယ်။

နိုင်ငံသား ဖြစ်ခွင့်ရ ပန်းရောင်ကတ်ကို ကိုင်နိုင်ပြီဆိုလျှင် နိုင်ငံသား တဦးရရှိတဲ့ အခွင့်အရေး အားလုံးကို ခံစားပိုင်ခွင့် ရှိမှာ ဖြစ်ပြီး နိုင်ငံသား ပြုခွင့်ရ အစိမ်းရောက်ကတ်ကို ကိုင်နိုင်သည့်သူ ကလည်း နိုင်ငံသား တဦးကဲ့သို့ အသိအမှတ်ပြု ခံရသော်လည်း ၎င်းတို့၏ တတိယ မျိုးဆက် ရောက်မှသာ နိုင်ငံသား ဖြစ်ခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံသား ပြုခွင့် ရတဲ့သူတွေ အနေနဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေပါ ပြစ်မှုတခုခုကို ကျူးလွန်ခဲ့မယ် ဆိုရင်တော့ နိုင်ငံသား ပြုခွင့်ရ လက်မှတ်ကို ပြန်လည် ရုပ်သိမ်းခွင့် ရှိတယ်လို့ ရခိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနက ပြည်နယ်ဌာနမှူး ဦးခင်စိုးက ပြောပြတယ်။

“နိုင်ငံသား ဖြစ်ခွင့်ရော၊ နိုင်ငံသား ပြုခွင့်ရော အားလုံး နိုင်ငံသား ဥပဒေပါ ခံစားခွင့်တွေက အားလုံး အတူတူပါပဲ။ ဒါပေမယ့် နိုင်ငံသား ပြုခွင့်ရတဲ့ သူတွေကတော့ ဥပဒေပါ ပြစ်မှုတခုခု ကျူးလွန်ရင်တော့ ပြန်ရုပ်သိမ်းနိုင်တယ်။ နိုင်ငံသား ဖြစ်ခွင့် ရတဲ့သူတွေကိုတော့ ပြန်ရုပ်သိမ်းခွင့် မရှိဘူး။ ကျနော်တို့နိုင်ငံရဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေက ကိုယ့်တိုင်းရင်းသားတွေ အတွက်တော့ ဘာမှ မဖြစ်ပေမယ့် ကိုယ့်နိုင်ငံသား မဟုတ်တဲ့သူတွေကို နိုင်ငံသားပေးဖို့က တင်းကျပ်ထားပြီးသား” လို့ သူက ဆိုပါတယ်။

နိုင်ငံသား ဥပဒေ ပုဒ်မ ၅၃ တွင် နိုင်ငံသား ပြုခွင့်ရသူသည် နိုင်ငံတော်၏ ဥပဒေကို ရိုသေလိုက်နာ ရမည်၊ နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်၊ နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ် မှတ်သော အခွင့်အရေးမှ အပ နိုင်ငံတော် ဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ခံစားခွင့်ရှိသည် ဟု ပြဌာန်းထားပါတယ်။

နိုင်ငံသား ပြုခွင့် ရုပ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ပုဒ်မ ၅၈ မှာ ပြဌာန်းထားတဲ့ အနှစ်ချုပ်ကတော့ နိုင်ငံတော်က ပါဝင်တဲ့ စစ်မက်ကာလမှာ ရန်သူဘက်သို့ အထောက်အကူ ပြုခြင်း ဆက်သွယ်ခြင်း မလုပ်ရ၊ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနဲ့ ကုန်သွယ်ခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာနှင့် နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကို ဖြစ်စေ ထိပါးစေအောင် မလုပ်ရ စတာတွေ ပါဝင်ပါတယ်။

နိုင်ငံသား ဖြစ်ခွင့်ကတ် ရရှိထားတဲ့ ကိုအဒူမော်ဂျီကို ရခိုင်စကား တတ်သလားလို့ လှမ်းမေးလိုက်တဲ့ အခါ သူက ခေါင်းငြိမ့်ပြပါတယ်။ ပေမယ့် ထပ်မေးတဲ့ မေးခွန်းတွေကို သူနှုတ်က တခွန်းမှ ပြန်မဖြေပါဘူး။ ဗမာလိုပြောတာ နားလည်လားလို့ မေးလိုက်တဲ့ အခါမှာတော့ သူက ခေါင်းကို ခါပြတယ်။

နိုင်ငံသား ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရော၊ နိုင်ငံသား ပြုခွင့် အတွက်ပါ တိုင်းရင်းသား ဘာသာစကား တခုခု တတ်မြောက်ဖို့ လိုတယ်လို့  ဥပဒေမှာ ပြဌာန်းထား ပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူ တချို့ကတော့ ရခိုင်ပြည်နယ် တခုလုံးက ဘင်္ဂါလီတွေကို ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ စိစစ် လိုက်မယ် ဆိုရင် သုံးပုံ နှစ်ပုံလောက်က နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား ပြုခွင့်တွေ ရရှိနိုင်မယ့် အနေအထားမှာ ရှိတယ်လို့ မှတ်ချက်ပြုပါတယ်။

“ဥပဒေအရ မှန်မှန်ကန်ကန် စိစစ်ဦးတော့ဗျာ။ ဥပဒေအတိုင်းသာ ဆိုရင် တော်တော်များများက ဥပဒေ အကျိုးကို ခံစားခွင့် ရကြမှာပဲ ဗျ။ အခု မြေပုံမှာ နိုင်ငံသားစိစစ်မှု လုပ်လိုက်တဲ့ အခါမှာ ရခိုင်လူမျိုး တော် တော်များများက အဲဒီလောက် အထိ ဥပဒေအကျိုးကို ခံစားရမယ် လို့ မထင်ထားခဲ့ကြဘူး´ လို့ သူက ဆက်ပြောတယ်။

မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသား ဥပဒေကို စိစစ်ရာတွင် ဌာနဆိုင်ရာများ ဘက်က ၄ ဦး၊ ရခိုင်လူမျိုး ဥပဒေပညာရှင် ရပ်မိရပ်ဖ ၂ ဦးနှင့် ဘင်္ဂါလီဘက်က ၁ ဦး တို့ဖြင့် စိစစ်ရေး ကော်မတီ ဖွဲ့စည်းကာ ဒုက္ခသည်စခန်းထဲက လျှောက်ထား သူတွေကို စိစစ်ခဲ့ကြောင်း ရခိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနက ပြည်နယ်ဌာနမှူး ဦးခင်စိုးက ပြောပြတယ်။

ဒုက္ခသည်စခန်းထဲက ဘင်္ဂါလီ လူမျိုးတွေ တော်တော်များများဟာ အထောက်အထား ပြည့်စုံမှု မရှိခဲ့ရင် ရခိုင်လူမျိုး ပညာရှင်တွေရဲ့ ဘယ်ရပ်ကွက်၊ ဘယ်အိမ်၊ ဘယ်သူ့ သားသမီး စတဲ့ ရှေးဖြစ်စဉ်တွေပါ သိနေတဲ့ သူတွေရဲ့ အကူအညီနဲ့ မှန်ကန်တာ ရှိ-မရှိကို လူသက်သေနဲ့ စိစစ်ပြီးမှသာ နိုင်ငံသား ဖြစ်ခွင့် ရှိတဲ့သူကို နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား ပြုခွင့်ရှိတဲ့သူကို နိုင်ငံသား ပြုခွင့် ပေးတာ ဖြစ်တယ်လို့ သူက ဆက်ပြောပြတယ်။

“ရခိုင်လူမျိုး ရပ်မိရပ်ဖတွေက ကမန်လူမျိုးလို့ ဆိုရင် အသေအချာကို စစ်တာ။ ကမန်လူမျိုး အမှန်တကယ် ဖြစ်တဲ့သူ ကိုမှ သူတို့က ကမန်လို့ ထောက်ခံပေးတာ။ မဟုတ်တဲ့သူ ဆိုရင်တော့ အရင်က ကမန်လို့ ဘယ်လိုပဲ ပြောခဲ့ ပြောခဲ့ ဘင်္ဂါလီပဲ ရတာ။ ကျနော်တို့ဘက်ကလည်း ဥပဒေအတိုင်းပဲ စိစစ်သလို တကယ်ရသွားတဲ့ သူတွေကလည်း ဥပဒေရဲ့ အကျိုးအတိုင်းပဲ ရတာ” လို့ သူက ဆိုပါတယ်။

လက်ရှိ အချိန်အထိ မြို့နယ် စိစစ်ရေး ကော်မတီဘက်မှ စိစစ်ပြီး ပြည်နယ်အဆင့် အထိ တင်ပြထားတဲ့ လျှောက်လွှာ ၇၀၀ နဲ့ ပြည်နယ်အဆင့်မှ စိစစ်ပေးပြီး လျှောက်လွှာမှာ ၃၀၀ သာ ရှိနေသေးကြောင်း သိရပါတယ်။

အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အရာရှိတဦးက“ တကယ်လို့ ဥပဒေနဲ့ မညီလို့ သူတို့ကို မပေးခဲ့ဘူး ဆိုရင်လည်း ဘာဆက်လုပ်မလဲ။ ခိုးဝင်လာသူလို့ ဆိုပြီးတော့ ထောင်ဒဏ် အပြစ်ပေးလိုက်မယ် ဆိုရင်တောင်မှ ပြစ်ဒဏ်စေ့ပြီး သွားရင် ဘယ်မှာ သွားထားမလဲ။ တဖက်နိုင်ငံ ပြန်ပို့ဖို့ ဆိုတာကလည်း ထင်သလောက် လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အခု တဖက်နိုင်ငံမှာ စရင်းပေါက်ထားတဲ့ ခိုးဝင်လာသူ တွေကို ထောင်ချပြီးလို့ ပြန်လွတ်လာ တာကိုတောင် ဟိုဘက်က သူတို့လူ မဟုတ်ပါဘူးလို့ ငြင်းတာမျိုးတွေ ရှိနေတဲ့ ဟာကို။ ဒါက အစိုးရ အနေနဲ့ တကယ့်ကို သတိထား ဖြေရှင်းရမယ့် ကိစ္စဗျ” လို့ သူက ဆိုပါတယ်။

သူတို့ရဲ့ ဘာသာရေး တားမြစ်ချက်အရ ပဋိဇီ၀ တားမြစ်ဆေးတွေကို သုံးစွဲခွင့် မရှိတာကြောင့် လူဦးရေ ပေါက်ဖွားနှုန်း မြင့်မားနေတာကလည်း အထူး သတိထားစရာ ဖြစ်တယ်လို့ သူက ဆက်ပြောပြတယ်။

မြေပုံ ဒုက္ခသည်စခန်း လုံခြုံရေး တာဝန်ယူရတဲ့ ရဲအုပ် လှဝင်းက“ ကျနော်က ခင်ဗျားတို့ကို ဒုက္ခသည် စခန်းထဲ ရဲလုံခြုံရေး မပါဘဲနဲ့ ပေးမသွားရတာက လုံခြုံရေး ကြောင့်ပါ။ တမျိုး မထင်ပါ နဲ့။ ကျနော်တို့ နေရာမှာ ခင်ဗျားတို့သာ တခုခု ဖြစ်သွားရင် ကျနော်တို့မှာလည်း တာဝန်မကင်းသလို အထက်က သူတို့ ဘာလုပ်လဲ လို့ ပြန်မေးတဲ့ အခါ ကျနော်တို့ ဘာမှ ပြန်မဖြေနိုင်ရင်လည်း အထက်က အပြစ်တင်ဦးမယ်။ ကျနော်တို့ ရဲတွေ ပါနေပေမယ့် ခင်ဗျားတို့ လွတ်လွတ်လပ်လပ် မေးလို့ ရသလို တွေ့ချင်တဲ့ သူတွေနဲ့လည်း တွေ့လို့ ရပါတယ်။ အဲဒီအတွက် ဘာမှတားမြစ် ထားတာမျိုး မရှိပါဘူး” လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာ နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား ပြုခွင့် စတဲ့ လက်မှတ်တွေ ရရှိနေပြီ ဖြစ်ပေမယ့် မြေပုံက ဒုက္ခသည် စခန်းထဲမှာပဲ နေရင်း စားသောက်ရေး အတွက် အလုပ်လည်း ထွက်မလုပ်နိုင်၊ နိုင်ငံတကာက ဆန်၊ ဆီ စတဲ့ဟာတွေ ပေးပေမယ့် တကယ် ချက်ပြုတ်ဖို့ အတွက် ထင်း အခက်အခဲလည်း တွေ့နေကြရတယ် လို့ အသက် ၃၅ နှစ် အရွယ်ရှိ နိုင်ငံသား ဖြစ်ခွင့်၊ နိုင်ငံသား ပြုခွင့်ကတ် လျှောက်ထားဆဲ ဖြစ်တဲ့ မတိုးတိုးက ပြောပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
520
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
42
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
89

“ဒီမှာနေကြတဲ့ လူတွေဟာ အပြင်ဘက်က တောင်တွေမှာတောင် ထင်းသွားရှာလို့ မရဘူး။ ဒီဒုက္ခသည် စခန်းထဲက ဘယ်မှကို သွားလို့ရတာ မဟုတ်တော့ ချက်ပြုတ်ဖို့ ထင်းရှာရတာ အရမ်းကို အခက်တွေ့ နေရပြီ။ အခု ချက်နေတာ တွေဟာလည်း သစ်ပင် အသေးလေးတွေရဲ့ အမြစ်ကိုတူးပြီး ချက်ပြုတ်နေရတာ” လို့ သူက ဆိုပါတယ်။

နိုင်ငံတကာက အထောက်အပံ့တွေ အပြင် လက်ရှိ အချိန်အထိ ရန်ကုန် အစ္စလမ် ဘာသာရေး အဖွဲ့ အစည်း တွေက ငွေကြေး ထောက်ပံ့မှု ပေးတာကြောင့် ခံသာသေးတယ်လို့ မြေပုံဒုက္ခသည်စခန်းက ဦးအောင်ထွန်းက ဆိုပါတယ်။

၎င်းတို့ လှူဒါန်းမှုတွေကို မြေပုံမြို့မှာ တခုတည်းသော ဘဏ်ဖြစ်တဲ့ အစိုးရ စီးပွားရေး ဘဏ်ကနေ တဆင့် လွှဲပြောင်း လက်ခံ ရရှိတဲ့ အတွက် ဒုက္ခသည် စခန်းထဲမှာ နေထိုင်စားသောက်လို့ ရနေနိုင်တာ လို့ သူက ဆက်ပြောပါတယ်။

ဘင်္ဂါလီလူမျိုး အနေဖြင့်သာ နိုင်ငံသား ဖြစ်ခွင့် လျှောက်လွှာကို လက်ခံနိုင်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ယနေ့အထိ မလျှောက်သေးတဲ့ သူတွေလည်း ရှိနေတာကို တွေ့ရတယ်။

ပဋိပက္ခ မဖြစ်ခင် အချိန်များက သန်းခေါင်စာရင်းနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ လက်ထက်က ထုတ်ပေးခဲ့တဲ့ နိုင်ငံသား မဟုတ်သော ဧည့်နိုင်ငံသား၊ ယာယီသက်သေခံလက်မှတ် ( White Card ) တွင် သတ်မှတ်ပေးထားတဲ့ `ရခိုင်/မွတ်စလင်´သာ ဖြစ်စေချင်ကြောင်း၊ ဘင်္ဂါလီ လူမျိုး ဆိုသည်မှာ လက်ရှိ အချိန်တွင် အကြမ်းဖက် ဆိုတဲ့ စကားလုံး နဲ့ ယှဉ်တွဲနေသလို ဖြစ်တာကြောင့် မလိုချင်ကြောင်း မြေပုံဒုက္ခသည် စခန်းက ဘာသာရေးဆရာ ဦးသန်းအောင်က ဆိုပါ တယ်။

“ကျနော်တို့ ရိုဟင်ဂျာ ဆိုတာလည်း လက်မခံဘူး။ လိုလည်း မလိုချင်ဘူး။ ဘင်္ဂါလီ ဆိုတာလည်း မလိုချင်ဘူး။ ၁၉၈၂ အရှေ့ပိုင်းကတည်းက ကျနော်တို့ကို သတ်မှတ်ထားတဲ့ ရခိုင်၊ မွတ်စလင်ဆိုတာပဲ လိုချင်တယ်။ အဲဒါကြောင့် ကျနော် အခုချိန်ထိ မလျှောက်ဘူး။ သန်းခေါင်စာရင်း လာကောက်တုန်း ကလည်း ဘင်္ဂါလီလို့ပဲ ကောက်တာကြောင့် ကျနော် အကောက်မခံခဲ့ဘူး´ လို့ ရခိုင်တပြည်နယ်လုံးကို လှည့်လည် သွားလာခဲ့ဖူးတဲ့ ဦးသန်းအောင်က ဆိုပါတယ်။

ရခိုင်လူမျိုး တချို့ကတော့ တကယ်လို့များ နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်တွေကို ဥပဒေအရ အကျိုးခံစားခွင့် ပေးလိုက်ပြီ ဆိုရင် သူတို့ကို ရခိုင်ပြည်နယ် ပြင်ပကို လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ပေးခြင်းကို ပိုမိုလိုလားသူတွေလည်း ရှိပါတယ်။
`ဥပဒေအရ သူတို့ကို ခွင့်ပြုပေးလိုက်ပြီ ဆိုရင် အခုလို ပိတ်လှောင်ထားမယ့် အစား ရခိုင်ပြည်နယ် အပြင် ဘက်ကို သွားချင် ကြတဲ့ သူတွေ သွားပလေ့စေ။ ခွင့်ပြုပေးဖို့ ကောင်းတယ်။ ဒီမှာပဲ ပိတ်လှောင်ထားတဲ့ အခါ သူတို့နဲ့ ပက်သက်တဲ့ ဒုက္ခတွေကို ရခိုင်လူမျိုးတွေကပဲ ခံစားကြရတယ်။ အခုချိန်ထိ အစိုးရဘက်က သူတို့နဲ့ ပက်သက်ပြီး ဘယ်လို စီမံထားတယ် ဆိုတာကို တိတိကျကျ မသိရသေးဘူး´ လို့ မြောက်ဦးမြို့မှ ကိုထွန်းနေ ဝင်းက ပြောပြတယ်။

ဒုက္ခသည် စခန်းထဲက ဘဂါၤလီလူမျိုး တော်တော်များများ ကတော့ တကယ်တမ်း မိမိတို့ ဇာတိဖြစ်ခဲ့တဲ့ ဒီမြို့ကနေ ထွက်ခွာ ချင်တဲ့စိတ် မရှိကြဘူး လို့ တညီတညွတ်တည်း ပြောကြ ပါတယ်။ ရန်ကုန်မြို့လို နေရာမှာ အခြေချဖို့ ဆိုတာ သူတို့မှာ ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ အရာရာ ဆုံးရှုံးခဲ့ရတာကြောင့် နယ်မြေ အသစ်တခုမှာ ပြန်အခြေချဖို့ ဆိုတာ လုံး၀ မဖြစ်နိုင်ဘူးလို့ မတိုးတိုးက ဆိုပါတယ်။

ဦးဖော်ရာစ်က“ ကျနော့် မိသားစုနဲ့ ကျနော်တို့ အခြေချခဲ့တဲ့ ဒီမြေပုံမြို့ထဲကနေ ဘယ်ကိုမှ မသွားချင်ဘူး။ ဒီမှာပဲ တနည်းနည်းနဲ့ နေချင်တယ်။ ဒါပေမယ့် အခုလို ပိတ်လှောင်ထားတာမျိုး ကိုလည်း လက်မခံချင်ဘူး။ ကျနော်တို့ရဲ့ ရှေ့ဆက် ဘယ်လို ရပ်တည်ရမယ် ဆိုတာ အစိုးရကလည်း ဘယ်လို စီစဉ်ပေးမလဲဆိုတာ အခုထိ ဘာမှ ရေရေရာရာ မသိသေးဘူး။ အခု ကျနော်တို့မှာ နိုင်ငံသား ပြုခွင့်၊ ဖြစ်ခွင့် ကတ်တွေ ရနေပါပြီဆိုတာတောင် ဘာ အခွင့်ရေးတွေ ရမယ် ဆိုတာ လုံး၀ မသိဘူး´ လို့ ဆိုပါတယ်။     ။

Your Thoughts …
Tags: Immigration
စနေလင်း

စနေလင်း

ဧရာဝတီ

Similar Picks:

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

by ကျော်ခ
11 April 2013
7.2k

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

ဘင်္ဂလားဒေ့ရှ်, ရခိုင်, နိုင်ငံသား

ရွှေ့ပြောင်း ရခိုင်မျိုးနွယ်စုများကို နိုင်ငံသားပေးရန် ၃ နှစ် စောင့်ကြည့်မည်

by မင်းအောင်ခိုင်
4 September 2015
6.5k

ကိုယ့်လူမျိုး တိုင်းရင်းသားတွေ ဆိုပေမယ့် သူတို့က ဟိုဘက်နိုင်ငံသား ဖြစ်နေတယ်လေ။ ဟိုဘက်နိုင်ငံသားကို စွန့်လွှတ်ပြီး ဒီနိုင်ငံမှာပဲ အမြဲနေတော့မယ် ဆိုရင်ရတယ်။ ဒါပေမယ့် ၃ နှစ်တော့ စောင့်ကြည့်ရမယ်

လူဝင်မှု ကြီးကြပ်ရေး, နိုင်ငံရေး, နိုင်ငံသား ပြန်လည်ခံယူရေး

မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားသူများကို စိစစ်ပေးနေဟု ဆို

by မေခ
10 May 2014
5.2k

လက်ရှိ နိုင်ငံတကာမှာ ပညာရှင် မြန်မာလူမျိုးတွေ အများကြီး ရှိနေတယ်။ အစိုးရ ပြန်လက်ခံတဲ့မူက ပွင့်လင်းဖို့ လိုတယ်။ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ဖို့ လိုတယ်။ သိက္ခာအရ လုပ်ပေးတာ မရှိတော့ ပြန်လာဖို့ခက်တယ်။

Next Post
သတင်းထောက်, စာနယ်ဇင်း, တပ်မတော်, တပ်မတော်

သတင်းထောက် သေဆုံးမှု စစ်တပ်အား ကျန်ရစ်သူမိသားစု တရားစွဲမည်

ဘိန်းစိုက်ပျိုးမှု, UNODC , ရှမ်းပြည်နယ် , လက်နက်ကိုင် ပဋိပက္ခ , လယ်ယာမြေ သိမ်းဆည်းမှု

လက်နက်ကိုင် ပဋိပက္ခနှင့် လယ်ယာ သိမ်းဆည်းမှုကြောင့် ဘိန်းစိုက်ပျိုးမှု တိုးလာဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved