• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

“ဒီလို အလား သဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့”

by ကျော်ခ
26 December 2014
in Crime
A A
လက်ပံတောင်း, NLD , စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး

လက်ပံတောင်း ဒေသခံတွေနဲ့ တွေ့ဆုံနေတဲ့ ဒေါ်ခင်စန်းလှိုင် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

5.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ အစိုးရရဲ့ လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံ ဝမ်ပေါင် ကုမ္ပဏီက ယာမြေ သိမ်းယူမှုတွေကြောင့် ဒေသခံတွေနဲ့ ကုမ္ပဏီအတွက် လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့တွေ အကြား အခုလ ၂၂ ရက်က ပြန်လည်ပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။

ဒေသခံတွေရဲ့ သီးနှံစိုက်ပျိုးထားဆဲ ဘိုးဘွားပိုင်ယာမြေတွေကို ကုမ္ပဏီဘက်က သံဆူးကြိုးတွေခတ်လိုက်တဲ့ အတွက် တောင်သူ တွေ ကတားမြစ်ရာမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့လို့ ဒေသခံတဦး သေနတ်ကျည်ဆန် ထိမှန် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီပဋိပက္ခဖြစ်စဉ်တွေအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အနည်းကပ်စောင့်ကြည့်နေသလို မြန်မာနိုင်ငံရဲ့
အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကလည်း ကွင်းဆင်း စောင့်ကြည့်မှုတွေ ပြုလုပ် နေ တာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသာအေးကို အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၄ ရက်မှာ မျက်နှာချင်းဆိုင် သွားရောက်တွေ့ဆုံမေးမြန်း ခဲ့ တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့မှု အပါအဝင် ဒေသခံ တောင်သူတဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားတဲ့ ပဋိပက္ခဖြစ် စဉ်နဲ့ ပတ်သက်ပြီး မိုးကြိုးပြင်ရွာကို ရောက်ရှိလာတဲ့ ဒေါ်ခင်စန်းလှိုင်ကို ဧရာဝတီ သတင်းထောက် ကျော်ခ က တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
548
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

မေး။  ။ လက်ပံတောင်းမှာ ဖြစ်သွားတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အန်တီတို့ အနေနဲ့ ဘာတွေဆက်ဖို့ရှိလဲ။

ဖြေ။  ။ ကျမ အနေနဲ့ကတော့ ဒီကနေ့ တိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူ့ဘက်ကတော့ သံဆူးကြိုးခတ်တဲ့အထဲမှာ ပါသွားပြီး
အသိမ်းခံလိုက်ရတဲ့ လယ်တွေမှာပါသွားတဲ့ သီးနှံတွေကိုတော့ လျော်ကြေးပေးသွားမယ်လို့ ပြောပါတယ်။ မြေယာတွေ အတွက်ကို တော့ လျော်ကြေးပြန်ပေးမယ်။ အဲဒီအတွက်ကိုတော့ ဒေသခံလယ်သမားတွေနဲ့ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ပါလို့ပြောတယ်။

ကျမတို့ဘက်ကတော့ နောင်ကို ဒီလို အလားသဏ္ဍာန်တူတဲ့ ဖြိုခွဲနှိမ်နှင်းရေး လုပ်ငန်းတွေ မလုပ်ပါနဲ့ နောက် ဒေသခံတွေကိုလည်း
ဒီလိုမျိုးပုံစံတွေနဲ့ နောင်မှာလည်း အကြမ်းဖက်တဲ့ ဒီလိုမျိုး ထိခိုက် နစ်နာတဲ့ကိစ္စမျိုးတွေကိုတော့ မဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ် ကိုပြောခဲ့တယ်။

အဓိက ကတော့ ဖြစ်သွားတဲ့ ပြဿနာရဲ့ အပေါ်မှာ တိုင်းဒေသကြီးတခုလုံးရဲ့ တာဝန်အရှိဆုံး ဝန်ကြီးချုပ်တဦးအနေနဲ့ ဘယ်လို
ကိုင်တွယ် ဖြေရှင်းမလဲဆိုတာရယ် နောက်တခုက ဝန်ကြီးချုပ်တင်မဟုတ်ဘူး။ နောက် လက်ပံတောင်းတောင် စီမံကိန်း အကောင် အထည်ဖော်တဲ့ ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ အနေနဲ့ရော ဘယ်လိုဆောင်ရွက်မလဲဆိုတာ ကျမတို့က စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေတဲ့ ကာလ ၂ ပတ်အတွင်းမှာတော့ ဘယ်လိုအဖြေထွက်မလဲဆိုတာကို ကျမတို့ ကြည့်ပြီးတဲ့ နောက်မှာတော့ ကျမတို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

မေး။  ။ လက်ပံတောင်းကိစ္စက ဖြစ်နေတာကြာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့သလို အစီရင်ခံစာ ထုတ်ပြန် ခဲ့တာလည်း ရှိတယ်။ ဒီအစီရင်ခံစာအပေါ်မှာ စီမံကိန်း အကောင်အထည်ဖော်တဲ့ အဖွဲ့က လိုက်နာမှုမရှိဘူးလို့လည်း သိရတယ်။ နောက်ဒီလိုပြဿနာတွေ ထပ်ဖြစ်နေမယ်ဆိုရင်ရော NLD ပါတီအနေနဲ့ ဘာဆက်လုပ်မယ့် အစီအစဉ်တွေရှိလဲ။

ဖြေ။  ။ အဓိက ကတော့လေ ကျမတို့ကတော့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြောနိုင်တဲ့ အခွင့်အရေး တခုပဲရှိတယ်။ မလုပ် ပါနဲ့ ဆိုတာမျိုး တားမြစ်နိုင်တဲ့ အနေအထားမရှိဘူး။ အဲဒီတော့ ကျမတို့က ဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြည်သူလူထု ဘက် ကို ထိခိုက်လာပြီ။ ပြည်သူလူထု နစ်နာလာပြီဆိုလို့ရှိရင်တော့ ကျမတို့ တတ်နိုင်တဲ့ အခန်းကဏ္ဍတွေ ကနေ ပြောနေရမှာ။ ဒါတွေကို မလုပ်ဖို့ရာ အတွက်ကတော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ သက်ဆိုင်ရာ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေမှာ အဓိက တာဝန် အရှိဆုံးပါ။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေက ဘယ်လိုဆက်လက် ကိုင်တွယ်ဆောင်ရွက်မလဲ ဆိုတာက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

မေး။  ။ လက်ရှိဖြစ်ပွားသွားတဲ့ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီးတော့ရော NLD ဗဟိုကို တင်ဖို့ အစီအစဉ်ရှိလား။

ဖြေ။  ။ ဒါနဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ ဒီကနေပြန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံးနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို အစီရင်ခံစာ တင်မယ်။ ပြီးပြီဆိုလို့ရှိရင်တော့ ဒီဘက်က ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နည်းလမ်းမကျဘူးဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တရား ဥပဒေ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ရာအတွက် ဒေသခံပြည်သူ လူထုနဲ့ ကျမတို့ ပူးပေါင်းမယ်။ နောက်တခုကတော့ ဒါပြီးပြီဆိုလို့ရှိရင် တော့ ၁၂ ကြိမ်မြောက် ကျင်းပမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အရေးကြီး အဆိုတရပ် အနေနဲ့ ဖြစ်ဖြစ် မေးခွန်းအနေနဲ့ဖြစ်ဖြစ် မေးမြန်းဖို့ရာအတွက် ကျမတို့မှာ အစီအစဉ် ရှိပါတယ်။     ။

Your Thoughts …
Tags: Rule of Law
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post

လိပ်ကျွန်းလူသတ်မှု ယနေ့ဒုတိယ အကြိမ် ကြားနာစစ်ဆေးမည်

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved