• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

White card မဲပေးခွင့်သည် အနောက် အင်အားကြီး နိုင်ငံတချို့ ဖိအားကြောင့်ဟု ဆို

by ဘုန်းမြတ်
10 February 2015
in Human Rights
A A
White card, ယာယီ သက်သေခံ လက်မှတ် , သမ္မတ, လွှတ်တော်

ရခိုင်ပြည်နယ် မြေပုံမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ယာယီ သက်သေခံ လက်မှတ် (White Card) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသမီး တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးသိန်းစိန်နှင့့်လွှတ်တော်က ယာယီသက်သေခံလက်မှတ် (White card) ကိုင်ဆောင်ထားသူများအား မဲပေးခွင့် ပြုလိုက်ခြင်း သည် အနောက် အင်အားကြီး နိုင်ငံတချို့၏ ဖိအားပေးမှုကြောင့် ဖြစ်နိုင်သည်ဟု ရခိုင် အမျိုးသား ကွန်ရက်က ဧရာဝတီသို့ ပြော သည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ရခိုင်ဓမ္မာရုံ၌ ရခိုင်အမျိုးသား ကွန်ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအပြီးတွင် ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတင်ထူးအောင်က“ပြည်ထောင်စု လွှတ်တော်က ဒီကိစ္စကို ဆုံးဖြတ်ပြီးနောက်မှာ အမေရိကန် အစိုးရက အမေရိကန်သံရုံးက တဆင့် ကျနော့်ဆီ ဖုန်းဆက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ သဘောထားကို မေးတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးတချို့ရဲ့ ဖိအားလည်း ရှိကောင်း ရှိနိုင်တယ်”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် White card ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုရန် သမ္မတ၏ သဘောထား မှတ်ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ် ရယူခဲ့ကြရာ ထောက်ခံသူ ၃၂၈ဦး၊ ကန့်ကွက်သူ ၇၉ ဦးနှင့် ကြားနေသူ ၁၉ ဦး ရှိခဲ့သည်။

ထို့ကြောင့် White card  ဖြင့် မဲပေးခွင့် ပယ်ဖျက်ရေး အတွက် ရန်ကုန်တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်၍ ၇ ရက်ကြာ ဆန္ဒ ထုတ်ဖော်ရန် သံဃာတော်များနှင့် ရခိုင် လူမှုအဖွဲ့အစည်းတို့ စီစဉ်ခဲ့သော်လည်း သမ္မတ အကြံပေးများ၊ သာသနာရေး ဝန်ကြီး ဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများက လာရောက် တွေ့ဆုံညှိနှိုင်းခဲ့၍ ဖေဖော်ဝါရီလ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရကြောင်း ရခိုင် လူမှုအဖွဲ့အစည်းက ပြောသည်။

ရန်ကုန်မြို့ရှိ အစ္စလမ် ဘာသာဝင် တရားရုံးချုပ် ရှေ့နေ ဦးကိုနီက “White card ကိုင်တဲ့သူတွေမှာ မဲပေးခွင့် ရှိရမယ်။ White card ဆိုတာ နိုင်ငံသားကိုပဲ ပေးရတာ။ နိုင်ငံသား စိစစ်ရေး ကတ်ပြား မထုတ်ပေးနိုင်ခင်မှာ ယာယီ သက်သေခံ လက်မှတ်လို့ ခေါ်တဲ့ ဒီ White card တွေကို အရင် ထုတ်ပေးထားတာ။ ဒါကြောင့်မိုလို့ သူက နိုင်ငံသားပဲ”ဟု ဧရာဝတီသို့ ပြောသည်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူများ ဆိုပြီး နိုင်ငံ သား အမျိုးအစား ၃ ခု ကွဲပြားသွားသဖြင့် ပြန်လည်စိစစ်ရာတွင် နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဆဲ ကာလအတွင်း White card ဟု ခေါ်သော ယာယီ သက်သေခံလက်မှတ် ထုတ်ပေးရာမှ ယခုပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်းလည်း ဦးကိုနီက ပြောဆို သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
507
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
38
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
84

သို့သော် ထိုပြောဆိုချက်ကို သဘောမတူကြောင်း ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ လည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ အေးမောင်က“၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရဆို White card ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်မရှိဘူး။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေမှာဆို White card လို့ပြောတဲ့ ယာယီသက်သေခံကတ် ဆိုတာ မပါဘူး။ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြု၊ နိုင်ငံ သား လက်မှတ်တခုခု မကိုင်ဆောင်ထားတဲ့ သူတွေက နိုင်ငံခြားသားပဲ။ ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ အဲဒီ အဆင့် ၃ ဆင့်နဲ့သတ်မှတ်တယ်။ အဲဒီ အဆင့် ၃ ဆင့်နဲ့သတ်မှတ်တဲ့ လက်မှတ် မရှိတဲ့သူအားလုံးက နိုင်ငံခြားသားပဲ”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးပိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲ ဥပဒေ တွင်လည်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိကြောင်း ပြဌာန်းထားသည်။

ထို့အပြင် ဒေါက်တာ အေးမောင် ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးက White card ကိုင်ဆောင်ထားသူများအား ဆန္ဒမဲပေးခွင့် ပြုထားခြင်းကို ပယ်ဖျက်ပေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ တောင်းဆိုထားကြောင်းလည်း သိရသည်။

Your Thoughts …
Tags: Immigration
ဘုန်းမြတ်

ဘုန်းမြတ်

Contributor

Similar Picks:

နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

နိုင်ငံသား ဖြစ်ခွင့်၊ ပြုခွင့်နဲ့ အနာဂတ်အတွက် ရွေးချယ်စရာများ

by စနေလင်း
24 October 2014
4.9k

နိုင်ငံသား ပြုခွင့်ရတဲ့ သူတွေကတော့ ဥပဒေပါ ပြစ်မှုတခုခု ကျူးလွန်ရင်တော့ ပြန်ရုပ်သိမ်း နိုင်တယ်။ နိုင်ငံသား ဖြစ်ခွင့်ရတဲ့ သူတွေကိုတော့ ပြန်ရုတ်သိမ်းခွင့် မရှိဘူ …

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်အဖြစ် ပြောင်းနိုင်ရန် စမ်းသပ်

by ကျော်ခ
11 April 2013
7.2k

မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို စမတ်ကတ် အဖြစ်ပြောင်းလဲ နိုင်ရေးအတွက် နိုင်ငံခြား ကုမ္ပဏီများက လာရောက် စမ်းသပ်မှု ပြုလုပ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ထံမှ သိရသည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

ဧည့်စာရင်း, ရန်ကုန်

ဘယ်အချိန်အထိ ဧည့်စာရင်း တိုင်နေရဦးမှာလဲ

by သွေး (စစ်ကိုင်း)
2 October 2013
4.7k

ရန်ကုန်မြို့မှာ လာရောက်နေထိုင်ကြတဲ့ တခြားသောအရပ်က လူတွေလိုပဲ ကျမတို့ဟာ အိမ်ငှားနေရပါတယ်။ ကိုယ့်မြို့၊ ကိုယ့်ရပ်ရွာ မဟုတ်တဲ့နေရာမှာ အခက်အခဲတွေကလည်း အများကြီးပါ။ အိမ်ငှားနေတဲ့ သက်တမ်း တလျှောက်လုံးမှာ မဖြစ်မနေ လုပ်ရတာက “ဧည့်စာရင်း” ပါပဲ။

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယားတွင် အဖမ်းခံရ

by လင်းသန့်
27 December 2012
13.9k

သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။

ဘင်္ဂလားဒေ့ရှ်, ရခိုင်, နိုင်ငံသား

ရွှေ့ပြောင်း ရခိုင်မျိုးနွယ်စုများကို နိုင်ငံသားပေးရန် ၃ နှစ် စောင့်ကြည့်မည်

by မင်းအောင်ခိုင်
4 September 2015
6.5k

ကိုယ့်လူမျိုး တိုင်းရင်းသားတွေ ဆိုပေမယ့် သူတို့က ဟိုဘက်နိုင်ငံသား ဖြစ်နေတယ်လေ။ ဟိုဘက်နိုင်ငံသားကို စွန့်လွှတ်ပြီး ဒီနိုင်ငံမှာပဲ အမြဲနေတော့မယ် ဆိုရင်ရတယ်။ ဒါပေမယ့် ၃ နှစ်တော့ စောင့်ကြည့်ရမယ်

Next Post
ဗိုလ်ချုပ် အောင်ဆန်း, လွတ်လပ်ရေး, တပ်မတော်

အကောင်အထည် မပေါ်သေးတဲ့ ဗိုလ်ချုပ်ရဲ့အိပ်မက်

ကိုးကန့်အရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်နိုင်ငံ တိုက်တွန်း

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved