• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုးကန့် တိုက်ပွဲကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေး အထိခိုက်မခံဟု ဦးသိန်းစိန် ပြော

by နန်းလွင်နှင်းပွင့်
3 April 2015
in သတင်း
A A
ကိုးကန့်, တရုတ် , ဦးသိန်းစိန်

၂၀၁၄ ခုနှစ် ဇန်နဝါရီ လဆန်းက နှစ်သစ်ကူး မိန့်ခွန်း ပြောကြားနေသော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုက်)

8.2k
VIEWS
Share on FacebookShare on Twitter

ကိုးကန့်တိုက်ပွဲများကြောင့် မြန်မာနိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်ခံမည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်က ပြည်သူများကို လစဉ်ပြောဆိုနေသည့် ရေဒီယိုမိန့်ခွန်းအနေနှင့် ဧပြီလ ၃ ရက်က ရေဒီယို မိန့်ခွန်းတွင် ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ကိုးကန့်ဒေသရှိ တိုက်ပွဲသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တရုတ် နယ်စပ်တွင် ဖြစ်ပွားနေသဖြင့် သမ္မတ၏ ပြောဆိုမှုတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများဆိုသည်မှာ တနည်းအားဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိက ညွှန်းလိုခြင်း ဖြစ်ပြီး သွယ်ဝိုက် ဆိုလိုလိုက်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အမျိုးသား လွှတ်တော်အမတ် ဦးအောင်ကြည်ညွှန့်က ပြော သည်။

ကိုးကန့် ပဋိပက္ခများနှင့်ပတ်သက်ပြီး သမ္မတက“အိမ်နီးချင်း နိုင်ငံတွေသာမက ကမ္ဘာ့အင်အားကြီး နိုင်ငံများနဲ့ ဆက်ဆံရေး ကောင်း ရှိဖို့ လိုအပ်နေတဲ့ အချိန်မှာ ဒီလို ပဋိပက္ခတွေကြောင့် ကျနော်တို့ နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို အထိခိုက်ခံမှာ မဟုတ်ဘူး ဆိုတာကို ပြောကြားလိုပါတယ်”ဟု ရေဒီယိုတွင် ပြောဆိုသည်။

ဆက်လက်၍ အစိုးရအနေဖြင့် ကိုးကန့်ဒေသတွင် အရေးကြီးလုပ်ငန်းစဉ်အဖြစ် တည်ငြိမ်အေးချမ်းမှု ရရှိရေးကို အဓိကထား လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

ဦးအောင်ကြည်ညွှန့်က သမ္မတအနေဖြင့် စကားလှအောင် ပြောဆိုခြင်းမပြုဘဲ တကယ်လိုအပ်နေသည့် ကိစ္စများကို အကောင်ထည် ဖော်ရန်၊ ကိုးကန့်အရေးတခုတည်း မဟုတ်ဘဲ အခြားကိစ္စ အရေးများတွင်လည်း ဆွေးနွေးသင့်သည့် အခါ ဆွေးနွေးပေးရန်၊ ညှိနှိုင်း ပေးရန် လိုအပ်သည်ဟုလည်း ဧရာဝတီကို ပြောသည်။

သမ္မတက လက်ရှိအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၊ လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန် ကိစ္စရပ်များကို ဦးစားပေးလုပ်ငန်းစဉ် အဖြစ် ဆောင်ရွက်နေသဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး များကို တည်ငြိမ်သွားစေရန်၊ ယခု ပဋိပက္ခ ရှိနေဆဲ အခြေအနေမှ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည် ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဟု လည်း ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖေဖော်ဝါရီလ ၉ရက်မှစ၍ ယနေ့ အထိ အစိုးရ တပ်မတော်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ် ပွားနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်တွင် အစိုးရတပ်မတော်က ကိုးကန့်ဒေသကို အရေးပေါ် အခြေအနေဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့သည်။

တိုက်ပွဲများ ဖြစ်နေစဉ်အတွင်း တပ်မတော်မှ လေကြောင်းဖြင့် ကိုးကန့်တပ်ဖွဲ့ကို ပစ်ခတ်လိုက်သည့် ဗုံး တလုံးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းခရိုင် အတွင်းရှိ ကြံခင်းအတွင်သို့ ကျခဲ့ပြီး တရုတ်နိုင်ငံသား ၅ ဦး သေဆုံး၍ ၉ ဦးဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပွား ခဲ့သည်။

ထိုဖြစ်စဉ် အတွက် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံကို တောင်းပန်ထားပြီး ထိခိုက်ခဲ့သည့် တရုတ် နိုင်ငံသား တဦးလျှင် အမေရိကန်ဒေါ်လာ တသောင်းကျော်စီ လျော်ကြေးပေးရန် ညှိနှိုင်းမှုများလည်း ပြုနေသည်ဟု တရုတ် မီဒီယာများတွင် ဖော်ပြထားသည်။

ပြည်တွင်းမှ ဒီမိုကရေစီအတိုက်အခံ အင်အားစုများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပြည်သူများက ကိုးကန့် တိုက်ပွဲကြောင့် သေနတ်ထိမှန် သေဆုံးသူများ၊ ဖမ်းဆီးခံရသူများ၊ နေရာအနှံ့သို့ ထွက်ပြေး တိမ်းရှောင် နေရသူများ၊ ဒုက္ခသည်စခန်းများတွင် နေ ထိုင်နေရသူများ၏ ကိစ္စကို အစိုးရအဖွဲ့က ဖြေရှင်းပေးခြင်း မပြုလုပ်ဘဲ ထိုသို့ တရုတ်နိုင်ငံသားများအပေါ်တွင် လျော်ကြေးပေး မည်ဟု ပြောဆိုမှုများနှင့် ပတ်သက်၍ အစိုးရအဖွဲ့ အပေါ် ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် စစ်တိမ်းရှောင်နေရသူ ၂၀၀၀ ခန့် ရှိသည်ဟု ဒုက္ခသည်စခန်းတွင် ကယ်ဆယ်ရေး တာဝန်ယူထားသူ ဦးလေးမောင်က ဧရာဝတီကို ပြောထားသည်။

Your Thoughts …
Tags: China
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
670

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

တရုတ်က TNLA နဲ့ စစ်တပ်ကို သီးသန့်စီ ခေါ်ယူတွေ့ဆုံ (ရုပ်/သံ)

by ဧရာဝတီ
5 July 2025
368

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့ သတင်းပတ်အတွင်း တရုတ်အစိုးရက သီးသန့်စီခေါ်ယူတွေ့ဆုံကာ နှစ်ဖက်အပစ်ရပ်ဖို့ ပြောဆိုမှုရှိတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

တရုတ်အစ မြန်မာကဟု လေ့လာတွေ့ရှိ

by ဧရာဝတီ
3 April 2015
75.6k

Chinese Academy of Sciences Kunming Institute of Zoology မှ သုတေသီများက တရုတ်ပြည် အနောက် တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံ အတွင်းရှိ ရှေးဦး လူသားများနှင့် ဆင်တူပြီး...

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ (ရုပ်/သံ)

by ယဉ်မွန်
19 October 2024
257

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် မရှိတဲ့ အဆိုးဆုံး နိုင်ငံတွေအဖြစ် ပူးတွဲရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအပေါ်သဘောထား တရုတ်ထုတ်ပြော (ရုပ်/သံ)

by ဧရာဝတီ
26 June 2025
204

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံပြီး အမြန်ဆုံးအကောင်အထည်ပေါ်ဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဇွန်လ ၂၅ ရက်နေ့က နေပြည်တော် ဆွေးနွေးပွဲမှာ ထုတ်ပြောလိုက်ပါတယ်။

Next Post
ခရိုနီ, ပြေတီဦး, ဇင်ဝိုင်း, ဝတ်မှုံရွှေရည်, ချမ်းမီမီကို,

ခေတ်ပုံရိပ်ရေစီးထဲက ‘လူကြီးမင်းခင်ဗျား’

သင်္ကြန်, လုံခြုံရေး, မဏ္ဍပ်

သင်္ကြန်ကာလ မှုခင်းလျော့ကျရေး အထူးကြပ်မတ် ဆောင်ရွက်မည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved