ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား လှေစီးပြေး ဒုက္ခသည် ၂၀၀ ကျော် အနက် ၁၂၆ ဦး ကို သြဂုတ် ၂၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် လွှွဲပြောင်းပေး သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
လွှဲပြောင်းပေးမည့် သူများသည် မေလအတွင်းက ဖမ်းမိခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀၀ မှ ကျန်ရှိနေသူများ ဖြစ်သည်။ လှေစီပြေး ဒုက္ခသည် ၉၀၀ ကျော် အနက် စိစစ်ပြီးသူများအား ပြန်လည်လွှွဲပြောင်းပေလျှက်ရှိရာ ယခုအကြိမ် သည် ၅ ကြိမ်မြောက် လွှဲပြောင်းမှုဖြစ်မည်။ ၎င်းတို့အား မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်၌ အလံတင် အခမ်းအ နားဖြင့် လွှဲပြောင်းပေးသွားမည်ဟု သိရသည်။
တောင်ပြိုလက်ဝဲ၌ ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ရခိုင်ပင်လယ်ပြင်နှင့်ဧရာဝတီတိုင်း ဟိုင်း ကြီးကျွန်း ပင်လယ်ပြင်၌ ဖမ်းမိထားသူများ ဖြစ်သည်။