• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

ကြံ့ခိုင်ရေးပါတီ၏ သန်းခေါင်ယံ ဥက္ကဋ္ဌလုပွဲ အခြေခံဥပဒေ ချိုးဖောက်ခဲ့သလား

by သာလွန်ဇောင်းထက်
27 August 2015
in Election 2020
A A
ဦးသိန်းစိန်, ကြံ့ခိုင်ရေးပါတီ, ဖွဲ့စည်းပုံအခြေခံဥပဒေ,

၂၀၁၂ ခုနှစ် နေပြည်တော် ကြံ့ခိုင်ရေးညီလာခံကို ကြံ့ခိုင်ရေး တံဆိပ်တပ် တက်ရောက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်။(ဓာတ်ပုံ-ဧရာဝတီ)

5.1k
VIEWS
Share on FacebookShare on Twitter

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအတွင်းမှာ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့ အကြား အင်အားပြိုင်မှုရဲ့ နောက်ဆုံး တိုက်ပွဲဖြစ်တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ ပါတီ ဥက္ကဋ္ဌ ရာထူး လုပွဲမှာ သမ္မတဦးသိန်းစိန်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်လုပ်ဆောင်ခဲ့တယ် ဆိုတဲ့ သုံးသပ် ချက်တွေ ထွက် ပေါ် နေပါတယ်။
သန်းခေါင်ယံ ဥက္ကဋ္ဌ ရာထူးလုပွဲမှာ သူရ ဦးရွှေမန်း ရှုံးနိမ့်ခဲ့ပြီး သမ္မတဦးသိန်းစိန် အသာရခဲ့တဲ့ အပြင် ဥက္ကဋ္ဌသစ် အဖြစ် ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးကို ပူးတွဲ ခန့်အပ်ခြင်း၊ အဖွဲ့ဝင် ၅၃ ဦးပါတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြင် ဆင် ဖွဲ့စည်းခြင်းတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌ ရာထူးကို ပြန်လည် သိမ်းယူနိုင်ပြီးတဲ့နောက် ဩဂုတ်လ ၁၃ ရက် နေ့က စလို့ ယနေ့ အချိန် အထိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကြေညာချက်တွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်ပြီး သမ္မတဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ပြုမူနေထိုင်ကြောင်း၊ ပါတီတွင်း ကိစ္စတွေ ဆောင်ရွက် ခြင်း မရှိဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ မှာ သမ္မတ၊ ဒုသမ္မတတွေဟာ နိုင်ငံရေး ပါတီတခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် သမ္မတ၊ ဒုတိယသမ္မတတွေ အဖြစ် ရွေးချယ်တင်မြှောက် ခံရတဲ့နေ့က စပြီး မိမိတို့ရာထူး သက်တမ်းအတွင်း ပါတီ အဖွဲ့အစည်း ရဲ့ လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ခြင်း မပြုရဘူး လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ အပိုဒ်ခွဲ က (၂) မှာ နိုင်ငံတော် သမ္မတတွေ၊ ဒုတိယ သမ္မတတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ခဲ့ရင် စွပ်စွဲပြစ်တင် နိုင်တယ် လို့ တရားဝင် တိတိကျကျ ပြဋ္ဌာန်း ထားပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ သန်းခေါင်ယံ ပါတီ ဥက္ကဋ္ဌ ရာထူးလုပွဲမှာ သေချာပေါက် သမ္မတ ဦးသိန်းစိန်က အခြေခံဥပဒေ ချိုး ဖောက်ခဲ့တယ် လို့ တရား လွှတ်တော်ရှေ့နေ ဦးကိုနီက ထောက်ပြပါတယ်။

“နိုင်ငံတော် သမ္မတသည် သမ္မတရာထူးကို စတင်ထမ်းဆောင်တဲ့ အချိန်က စပြီး ပါတီနဲ့ပတ်သက်တဲ့ ဘာတာဝန်ကိုမှ သူက ဆောင်ရွက်ခွင့် မရှိတော့ဘူး။ အဲဒါက ဖွဲ့စည်းပုံ ပုဒ်မ ၆၄ မှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ အဲတော့ အခု သမ္မတ က သူ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ပြန်သုံးပြီးတော့ သူလွှဲထားတဲ့ ပူးတွဲ ဥက္ကဋ္ဌရာထူးကို ပြန်ယူ၊ ယူပြီးတော့မှ အဲဒါကို ဦးဌေးဦး ကို ပြန်လွှဲပေးတယ် ဆိုတော့ ပါတီရဲ့ အလုပ်ကို သမ္မတကြီးအနေနဲ့ ဝင်လုပ်နေတာတော့ တော်တော်ကို ရှင်း သွား တယ်။ အဲဒါကြောင့် သမ္မတကြီးရဲ့ ဒီပါတီကိစ္စထဲမှာ ဝင်ပြီး အခုလိုဆောင်ရွက်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၄ ပါ ပြဋ္ဌာန်းချက်နဲ့ သေသေချာချာကို ငြိစွန်းတယ် လို့ သုံးသပ်တယ်” လို့ ဦးကိုနီက ထောက်ပြပါတယ်။
ပါတီတွင်း ဥက္ကဋ္ဌရာထူးသိမ်းပွဲနဲ့ အခြေခံဥပဒေ မျက်ကွယ်ပြုမှု

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၂ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကြံ့ခိုင်ရေး ညီလာခံကို သမ္မတ ရာထူး လက်ခံထားပါလျက်နဲ့ ကြံ့ခိုင်ရေးတံဆိပ်ကို တိုက်ပုံအကျႌမှာ ထိုးလို့ ညီလာခံ အဖွင့်မိန့်ခွန်း ပြောကြား တာတွေ လုပ်ခဲ့ဖူးပါတယ်။ သမ္မတ ဦးသိန်းစိန်တင်မက အစိုးရအဖွဲ့ ဝန်ကြီးတွေလည်း အလားတူ ကြံ့ခိုင်ရေးပါတီ ရင်ထိုးတံဆိပ် တပ်လို့ ညီလာခံကို လာရောက်ခဲ့ကြပါ သေးတယ်။

ဩဂုတ်လ ၁၂ ရက်နေ့ ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးသိမ်းပွဲ မတိုင်မီမှာလည်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ သတင်း ထုတ်ပြန်ချက်တွေကို ကြည့်ရင် သမ္မတဦးသိန်းစိန်က သေချာပေါက် အခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ် လို့ ဥပဒေ ပညာရှင်တွေက ဆိုကြပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ သန်းခေါင်ယံ ဥက္ကဋ္ဌ ရာထူးလုပွဲ မတိုင်မီ သမ္မတဦးသိန်းစိန်က အမိန့် အမှတ် ၅/၂၀၁၅၊ ၆/၂၀၁၅၊ ၈/၂၀၁၅၊ ၉/၂၀၁၅ တွေကို ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်အမှတ် ၅/၂၀၁၅ က စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ကို စစ်ဘက် မူလတာဝန်များ ထမ်းဆောင်စေတဲ့ အမိန့် အမှတ် ဖြစ်ပါတယ်။

အမိန့် အမှတ် ၆/၂၀၁၅ ကတော့ သမ္မတရုံး ဝန်ကြီး ဦးတင်နိုင်သိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းနဲ့ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးသန်းဌေးတို့ကို ပြည်ထောင်စု ဝန်ကြီး တာဝန်တွေ ကနေ ဆန္ဒ အလျောက် အနားပေးတယ် ဆိုတဲ့အမိန့် ဖြစ်ပါတယ်။

အမိန့်အမှတ် ၈/၂၀၁၅ ကတော့ ဒုတိယ ဝန်ကြီးတွေကို ရာထူးက အနားပေးတဲ့ အမိန့်ဖြစ်ပြီး ဒုဝန်ကြီးတွေ ဖြစ်တဲ့ ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက်တာမောင်မောင်ဌေး၊ ဒေါ်ဝင်းမော်ထွန်း တို့ကို ရာထူးကနေ အနားယူစေခဲ့ပါတယ်။

အမိန့်အမှတ် ၉/၂၀၁၅ ကတော့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေးကို ရာထူးကနေ အငြိမ်းစား ယူစေတဲ့ အမိန့် ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဝန်ကြီးတွေ၊ စစ်ဘက်ရေးရာ ဝန်ကြီးတွေကို ရာထူး တာဝန်တွေ ကနေ အနားပေးပြီးတဲ့ နောက် ဩဂုတ်လ ၁၂ ရက်နေ့ သန်းခေါင်ယံ မှာတော့ ဥက္ကဋ္ဌ ရာထူးလုပွဲ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ရာမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀ဝ ကို အသုံးပြုပြီး ကြံ့ခိုင် ရေးပါတီ ဌာနချုပ် တခုလုံးကို ပိတ်ဆို့ လိုက်ပါတယ်။ ဒါ့အပြင် တပ်မတော်ပိုင် ကက ကြည်း တံဆိပ်ပါ ကားတစီး ကလည်း ကြံ့ခိုင်ရေး ပါတီဌာနချုပ်နားမှာ ရှိနေခဲ့ပါတယ်။

အဲဒီနောက် မှာတော့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ကို ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ အပြင် အမိန့်တွေ ထုတ်ပြန်ပြီး အနားပေးခဲ့တဲ့ ဝန်ကြီးတွေနဲ့ စစ်ဘက်ဆိုင်ရာ ဝန်ကြီးတွေ အားလုံးဟာ ၅၃ ဦးပါ ကြံ့ခိုင်ရေးပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့သစ်မှာ ပါဝင်လာပါတယ်။
ဒါဟာ ဦးသိန်းစိန် အနေနဲ့ ပါတီတွင်းရေးရာ ကိစ္စတွေကို ကြိုတင် အကွက်ချ လုပ်ဆောင်ခဲ့တယ် ဆိုတာ ထင်ရှားစေ ပါတယ်။ ပါတီကို စေလွှတ်ဖို့ အတွက် အစိုးရ ရာထူးတာဝန်တွေကနေ အငြိမ်းစား ပေးခဲ့တာဖြစ်လို့ ပါတီတွင်း ကိစ္စ တွေမှာ ဦးသိန်းစိန် ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတာကို ထင်ရှားစေပါတယ်။

ကြံ့ခိုင်ရေး ပါတီရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ အမှတ်စဉ် ၁ / ၂၀၁၅ မှာ ဥက္ကဋ္ဌ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌ ရာထူးကို သူရဦးရွှေ မန်း ဆီကနေ ဦးဌေးဦးကို တရားဝင် လွှဲပြောင်းတယ် ဆိုပြီး ဖော်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရမှာ သမ္မတရုံး ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးတင်နိုင်သိန်းက ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးခင်ရီ၊ ဦးမြတ်ဟိန်း၊ ဦးပိုက်ထွေး၊ ဦးသန်းထွေး၊ ဒေါ်ဝင်းမော်ထွန်း၊ ဒေါက်တာကျော် ကျော်ဌေး၊ ဒေါက်တာ မောင်မောင်ဌေးတို့ က ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်လာပါတယ်။

ဒါ့ အပြင် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းကလည်း ကြံ့ခိုင်ရေးပါတီမှာ ထိပ်ပိုင်း ခေါင်းဆောင်တဦး ဖြစ်လာတာမို့ သမ္မတ ဦးသိန်းစိန်နဲ့အတူ တပ်မတော်ကလည်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးလုပွဲမှာ ပါဝင် ပတ်သက်နေတဲ့ လက္ခာဏာတွေ တွေ့နေရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ တပ်မတော် ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုနေ ပေမယ့် တပ်မတော်က အငြိမ်းစား ယူသွားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ကြံ့ခိုင်ရေး ပါတီမှာ ဘာကြောင့် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်လာသလဲ ဆိုတာကိုတော့ ပြန်လည် ရှင်းလင်းတာမျိုး လုပ်ဆောင်ခြင်း မရှိပါဘူး။

Reuters သတင်းတရပ်မှာလည်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အတွက် ပြည်ထဲရေး ဝန်ကြီး ဌာနက ရဲတပ်ဖွဲ့တွေက သုံးခဲ့သလို အခုလို ကြံ့ခိုင်ရေးပါတီတွင်း အာဏာသိမ်းမှုကို အရင်တုန်းကလည်း လုပ်ဆောင်ဖို့ ၂ ကြိမ် တိုင်တိုင် ကြိုးပမ်းခဲ့ဖူးတယ် လို့ ရေးသားထားပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာလည်း သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေး ပါတီဌာနချုပ်မှာ လုပ်တဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ့ဆုံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောဆိုခဲ့ပြန်ပါတယ်။

ပါတီဥက္ကဋ္ဌရာထူးကို လွှဲပြောင်းတာ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့မှာ အစိုးရအဖွဲ့ ဝန်ကြီးတွေ အငြိမ်းစားပေး ထည့်သွင်း တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက် လုပ်ဆောင်တာ ဖြစ်တယ် လို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ခိုင်ခိုင်မာမာ ပြောဆိုပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကလည်း ကြံ့ခိုင်ရေး ပါတီအတွင်း ဥက္ကဋ္ဌ အလွှဲအပြောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးလို့ ဆိုပါတယ်။
သူရဦးရွှေမန်း၏ လုပ်ပိုင်ခွင့် လက်နက်
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ ပုဒ်မ က (၂) မှာ သမ္မတ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တခုခုကို ချိုးဖောက်တယ် ဆိုရင် လွှတ်တော်မှာ စွပ်စွဲ ပြစ်တင်နိုင်တယ်လို့ ဖော်ပြထားတာ ရှိပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ (ခ) (ဂ) မှာ လွှတ်တော် အနေနဲ့ သမ္မတကို စွပ်စွဲပြစ်တင် နိုင်ပြီး လွှတ်တော် တရပ်ရပ်ရဲ့ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ဦးရေအနက်မှ လေးပုံ တပုံက လက်မှတ် ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော် အကြီးအမှူးထံ တင်ပြရမယ်၊ ယင်းစွပ်စွဲ ချက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံမှသာ ဆက်လက် အရေးယူ ဆောင်ရွက်မယ် လို့ ပြဋ္ဌာန်းထား ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ (ဃ)၊ (င)၊ (စ)၊ (ဆ) တို့မှာ သမ္မတ ကို စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ရပ်စဲနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖြုတ်ချခံ လိုက်ရတဲ့ သူရဦးရွှေမန်းအနေနဲ့ သမ္မတဦးသိန်းစိန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်တယ် လို့ ယူဆရင် စွပ်စွဲပြစ်တင်နိုင်တဲ့ အခွင့်အရေး ရှိနေတယ် ဆိုတာက အသေအချာပါပဲ။ ဒါပေမယ့် သူရဦးရွှေမန်းက ပါတီတွင်းကိစ္စတွေကို လွှတ်တော်တွင်း သယ်မလာဖို့ သတိပေးခဲ့တာမို့ သူ့အနေနဲ့ သူရဲ့ လုပ်ပိုင် ခွင့်အတွင်းက သမ္မတဦးသိန်းစိန်ကို စွပ်စွဲ ပြစ်တင်တာမျိုးတွေ လုပ်မှာ မဟုတ်ဘူးလို့ လွှတ်တော်ကိုယ် စားလှယ် တချို့က သုံးသပ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး၏ အခန်းကဏ္ဍ
သမ္မတအနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိရင် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်ပြ အဆုံးအဖြတ် ခံယူလို့ရတယ် လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ကို စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချဖို့ ရည်ရွယ်ချက် မရှိပေမယ့် နောင်လာမယ့် အနာဂတ်မှာ အခြေခံဥပဒေကို လေးစား လိုက်နာလာအောင် အခြေခံဥပဒေ ခုံရုံးကို တင်ပြဆုံးဖြတ်တာမျိုးတွေတော့ ဖြစ်သင့်တယ် လို့ လွှတ်တော်အသိုင်းအဝိုင်းက ရှင်းပြပါတယ်။ ဒီလို လုပ်ဆောင်ခြင်းက ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနဲ့ အညီ လုပ်ဆောင်တာ ဖြစ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ဆောင် သင့်တယ် ဆိုတဲ့ အကြံပြုချက်တွေ ရှိနေ ပါတယ်။
“သမ္မတပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ် ထင်ရင် ခုံရုံးကို တင်လို့ရတယ်။ အခြေခံ ဥပဒေခုံရုံးကို လွှတ်တော် ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက တင်ပြပြီး အဆုံး အဖြတ်ခံယူနိုင်တယ်။ ကြံ့ခိုင်ရေး ပါတီကိစ္စမှာလည်း သမ္မတဦးသိန်းစိန် လုပ်တာတွေက ဥပဒေနဲ့ ညီ၊ မညီ ခုံရုံးကို တင်ပြ အဆုံးအဖြတ် ခံယူပေါ့။ စွပ်စွဲ ပြစ်တင်တယ် ဆိုတာကတော့ မတည်မငြိမ်တွေ ဖြစ်သွားနိုင်တယ်။ သို့သော်လည်းပဲ အနည်းဆုံးတော့ သမ္မတသည် အခြေခံ ဥပဒေကို ဘောင်ကျော်နေတယ် ဆိုတာ သိအောင် အချက်ပေး သတိပေး ခေါင်းလောင်းသံ လောက်တော့ ထိုးသင့်တယ်” လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦးက သုံးသပ်ပြောဆိုပါတယ်။

သုံးသပ်ချက်
လတ်တလော အမျိုးသားလွှတ်တော် အစည်းအဝေးတွေ ရပ်နားလိုက်ပေမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးနဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေဆဲ ဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေးတွေ ဆက်လက် ဆောင်ရွက်နေခြင်းက လွှတ်တော်နာယက သူရဦးရွှေမန်း အနေနဲ့ လွှတ်တော်မှာ သူရဲ့လုပ်ပိုင်ခွင့်၊ လက်နက်တွေ အချိန် မရွေးထုတ်သုံးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ် ပါတယ်။
“လွှတ်တော်မှာ အရေးကြီးအဆို ဆိုတာမျိုး တွေလည်း အချိန်မရွေး တက်လာနိုင်တာပဲ။ ဒီ အရေးကြီးအဆို ဆိုတာက ဘာဖြစ်မလဲ ဘယ်သူမှ ကြို မသိနိုင်ဘူး။ လွှတ်တော်ဆိုတာက တကယ်တော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေး ဆိုတဲ့ မဏ္ဍိုင်တွေ အသီးသီး ဖြစ်ပေါ်လာစေတဲ့ အခြေခံအုတ်မြစ်ကြီး ပဲ။ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း အခြေခံဥပဒေမှာပါတဲ့ လုပ်ပိုင်ခွင့်တွေကို ရယူသုံးစွဲ ခွင့်ရှိပါတယ်” လို့  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက သုံးသပ်ပြောဆိုပါတယ်။
ဦးရွှေမန်းက သမ္မတဦးသိန်းစိန်ကို စွပ်စွဲပြစ် တင်ခဲ့မယ် ဆိုရင် တပ်မတော်ရဲ့ ထောက်ခံချက် မရှိလို့ ရှုံးနိမ့်ဖို့ များပေမယ့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ပျက်ပြားအောင်လုပ်နိုင်တဲ့ အခွင့်အာဏာရှိနေတာ အမှန်ပဲလို့ နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုပါတယ်။
သတင်းထောက် ဇူးဇူး ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: Police
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

မှုခင်း, လူသတ်မှု, ရဲတပ်ဖွဲ့, စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု

ရန်ကုန်တွင် ဖော်ထုတ်နိုင်ခြင်း မရှိသည့် အမှုပေါင်း ၆၀၀ ကျော်ရှိ

by မေခ
27 September 2013
5.5k

ရဲတပ်ဖွဲ့က ဖော်ထုတ်ခြင်း မရှိသော အမှုအခင်းများ အနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှာ ယခု အချိန်အထိ တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသည့် အပြင် ရဲတပ်ဖွဲ့ကလည်း အမှုနှင့် ပတ်သက်ပြီး...

ရန်ကုန်မှာ ဆိုင်ကယ်စီးရင် ဖမ်းပြီ

ရန်ကုန်မှာ ဆိုင်ကယ်စီးရင် ဖမ်းပြီ

by စနေလင်း
2 September 2013
5.6k

ဆိုင်ကယ် စီးနင်းခွင့်ကို ပိတ်ပင်ထား သော်လည်း ပုံစံမျိုးစုံဖြင့် လိုင်စင်မဲ့ ဆိုင်ကယ်များ စီးနင်းနေကြသည့် အတွက် စီးနင်းသူများကို သွင်းကုန် ထုတ်ကုန် ဥပဒေအရ ထောင်ဒဏ် ၃ နှစ်၊ နောက်မှ လိုက်ပါ စီးနင်းသူအား ထောင်ဒဏ်...

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

by ခင်ဦးသာ
14 June 2013
7.9k

“ရဲတွေက ရေကြောင်း ဆိုင်ရာတွေ ကျွမ်းကျင်မှု မရှိဘူး။ ပင်လယ်ပြင်ကို စိုးမိုးနိုင်တဲ့ ရဲအရာရှိ မရှိဘူး။ ဒါကြောင့် စစ်တပ်က အရာရှိတွေကို တာဝန်ပေးတာပါ။ ပိုပြီး အစွမ်းထက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်လာတာပေါ့လေ” ဟု ဦးလှဆွေက ဆိုသည်။

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

အကျဉ်းသား ရဲဘက်များ အုပ်စုလိုက်ထွက်ပြေးမှု ဖြစ်ပွား

by ကျော်ခ
13 March 2013
9k

“သူတို့ကို ပေါင်းရှင်း လုပ်အားပေး ခိုင်းနေရာကနေ ထွက်ပြေးသွား တာလို့ပြောတာပဲ၊ ၃ ယောက်တော့ပြန်မိတယ်၊ ကျန်တဲ့ လူတွေက တော့ရှာလို့မရဘူး၊ ကျနော်တို့လည်း ဝိုင်းလိုက်ပေးသေးတယ်၊ မိုးချုပ်သွားတာနဲ့ ရှာလို့မတွေ့တော့ ပြန်လာတာ”

Next Post
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၇ ဘီလီယံ နီးပါးရှိလာ

တောဆင်ရိုင်းများ မူလစားကျက်ပြန်ပို့ရေး ကြည့်ရှုသူများကြောင့် နှောင့်နှေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved