• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၇ ဘီလီယံ နီးပါးရှိလာ

by သစ်နေမိုး
28 August 2015
in စီးပွားရေး
A A
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုလိုက်ပြီးနောက် ပြန်လည် ဝင်ရောက်လာသည့် ဒိန်းမတ် နိုင်ငံထုတ် Carlsberg Beer သယ်ဆောင်လာသည့် ကားများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

3.6k
VIEWS
Share on FacebookShare on Twitter

လက်ရှိအစိုးရ သက်တမ်း အတွင်း ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင်း နိုင်ငံခြား ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။

“၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ကုန် အထိ ဝင်ထားတာက ၁၄.၃၁၃ ဘီလီယံပါ။ ဒီနှစ်က အခု ၂.၆ ဘီလီယံ ဝင်ထားတယ်ဆိုတော့ အားလုံး ၁၆.၉ ဘီလီယံပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက သြဂုတ်လ ၂၆ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံသို့ ဝင်ရောက်ကြသည့် ရင်နှီးမြှုပ်နှံမှုများ၌ သဘာဝသယံဇာတကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ များခဲ့ပြီး ယခုအစိုးရလက်ထက် စီးပွားရေးတံခါးများ ဖွင့်လှစ်ပြီးနောက်ပိုင်းမှသာ အခြားသော ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခဲ့ခြင်း ဖြစ် ကြောင်း ရင်းနှီးမြှုပ်နှံမှု မှတ်တမ်းများအရ သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
7.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ယခု အစိုးရသက်တမ်း ၄ နှစ်ခွဲကျော် ကာလအတွင်း ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားလုံးတွင် လျှပ်စစ်ကဏ္ဍ၌ ၃၃ ရာခိုင်နှုန်းဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံကြပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ၂၁ ရာခိုင်နှုန်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၀ ရာခိုင်နှုန်း၊ ဆက်သွယ်ရေး ကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းတွင် ၅ ရာခိုင်နှုန်း ဝင်ရောက်မြှုပ်နှံထားကြကြောင်း ရင်းနှီးမြှုပ်နှံမှု မှတ်တမ်းများတွင် ဖော်ပြထားသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသို့ ဝင်ရောက်မှုအနေဖြင့် ကုန်ထုတ်လုပ်မှု ကဏ္ဍသို့ ဝင်ရောက်မှုနှင့် မတိမ်းမယိမ်း ကပ်လိုက်နေခြင်း သည် ပြီးခဲ့သည့် နှစ်များအတွင်းက ပြည်တွင်းရှိ ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်များကို ယခုအစိုးရက နိုင်ငံတကာ ကုမ္ပဏီများ သို့ လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ နီးပါးတွင် ယခင်စစ်အစိုးရ လက်ထက်ကတည်းက သဘော တူထားသည့် ဒေါ်လာ ၄.၃ ဘီလီယံ တန်ဖိုးရင်းနှီးမြှုပ်နှံသည့် ချီဗွေငယ် ရေအားလျှပ်စစ် စီမံကိန်းလည်း အပါအဝင် ဖြစ် သည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ထိုစီမံကိန်းအား ယခုအစိုးရ လက်ထက်မှသာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုတန်ဖိုး ပမာဏကို ထည့်သွင်းမတွက်ပါက ရင်းနှီးမြှပ်နှံမှု တန်ဖိုးသည် ၁၂ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။

ယခုအစိုးရ လက်ထက် နိုင်ငံတကာနှင့် စီးပွားရေး တံခါးဖွင့်စနစ် ကျင့်သုံးလာသည့် အချိန်တွင် အခြားသော ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခဲ့ခြင်း ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ယခုအစိုးရ သက်တမ်း ၄ နှစ်ခွဲကျော် ကာလအတွင်း တိုးတက်မှု အများဆုံးလည်း ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေ ပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ ကျော် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

“အရင်ကဆို ဝင်သမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က လျှစ်စစ်ကဏ္ဍ၊ ၃၇ ရာခိုင်နှုန်းလောက်က စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့၊ ၈ ရာခိုင်နှုန်းက သတ္တုတူးဖော်ရေးတွေမှာပေါ့။ ခြုံပြောရရင် အားလုံးရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ သဘာ၀ သယံဇာတ အခြေခံ ရင်းနှီးမြှုပ်နှံမှုတွေမှာ များခဲ့တယ်။ ကုန်ထုတ်လုပ်မှုလို ကဏ္ဍမျိုးမှာ ဝင်ရောက်မှု အခြေအနေက ၅ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်။ တော်တော်လေးကို နည်းခဲ့ပါတယ်”ဟု စစ်အစိုးရ လက်ထက် ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်ပြီး ဦးအောင်နိုင်ဦးက နှိုင်းယှဉ် ပြောဆိုသည်။
ယခုနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို အစိုးရက ဒေါ်လာ ၆ ဘီလီယံ ခန့်မှန်းထားကြောင်းနှင့် ပြီးခဲ့သည့် နှစ်က ရင်းနှီးမြှုပ်နှံမှု ၈.၁ ဘီလီယံအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post

တောဆင်ရိုင်းများ မူလစားကျက်ပြန်ပို့ရေး ကြည့်ရှုသူများကြောင့် နှောင့်နှေး

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved