• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန် စက်မှုဇုန်များအနီး ပန်းလှိုင် နှင့် လှိုင်မြစ်အတွင်း အန္တရာယ်ရှိ ဓာတု ဓာတ်များ တွေ့ရှိ

by သူဇာ
21 October 2016
in သတင်း
A A
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒို စကားဝါ ခန်းမတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ သတင်းစာ ရှင်းလင်းပွဲ / သူဇာ / ဧရာဝတီ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒို စကားဝါ ခန်းမတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ သတင်းစာ ရှင်းလင်းပွဲ / သူဇာ / ဧရာဝတီ

6.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်အနီးရှိ ရေမြောင်းများ၊ အဝီစိတွင်းများနှင့် စက်ရုံထုတ် ရေဆိုးများ စီးဆင်းရာ ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်များရှိ ရေထဲတွင် ခဲဓာတ် အပါအဝင် လူကို အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုဓာတ်များ မြင့်မားစွာ တွေ့ရှိရသည်ဟု စက်မှုမြို့ပြ ပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေးများ စမ်းသပ်တွေ့ရှိချက် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

“ရွှေပြည်သာမှာဆိုရင် ခဲဓာတ်ပါဝင်မှုက ၂ လောက်အထိ ရှိပါတယ်။ ကျနော်တို့ သတ်မှတ်ထားတဲ့ စိုးရိမ်စံနှုန်းက ပွိုင့်ဝမ်း ဖြစ်တဲ့အတွက် စံနှုန်းထက် အဆ ၂၀ များနေတာကို အမြင့်ဆုံးတွေ့ရှိရတယ်။ လှိုင်သာယာမှာဆိုရင် ၁.၈ အထိ တွေ့ရှိရတော့ အဆ ၁၈ ဆလောက်များနေတယ်”ဟု စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ တာဝန်ရှိ သူ ဒေါက်တာ ဝေလင်းအောင်က ပြောပြသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ယင်းစက်မှုဇုန်များအနီး မြောင်းရေများ၊ အဝီစိတွင်းရေးများနှင့် စက်ရုံ များမှ ရေဆိုးထုတ်လွှတ်ရာ အနီး မြစ်ချောင်းရေများကို လစဉ်ပုံမှန် ၆လကြာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး စစ်ဆေး ချက်များအရ ရေထဲတွင် အန္တရာယ်ရှိသော ခဲဓာတ်များ မြင့်မားနေကြောင်း တခါတရံ အာဆင်းနစ် (စိန်အဆိပ်) ဓာတ် များကို တွေ့ရှိရကြောင်း အသင်းဝင် ဒေါက်တာ ကျော်ငြိမ်းအေးကလည်း ပြောသည်။

ခဲဓာတ်မြင့်မားစွာ ပါဝင်သည့်ရေကို လူအများ သောက်သုံးမိလျှင် သွေးတွင်း ဟေမိုဂလိုဘင်ဓာတ် လျော့နည်းစေခြင်း၊ အာရုံကြော ထိခိုက်ခြင်း၊ ကျောက်ကပ် ရောဂါနှင့် သွေးတိုးရောဂါ စသည်တို့ ဖြစ်ပွားနိုင်ပြီး အာဆင်းနစ် ဓာတ်ကြောင့် ပါးစပ်၊ အရေပြား၊ အစာရေမျို၊ အသံအိုး၊ ဆီးအိမ် တို့တွင် ကင်ဆာ စသည်တို့ ဖြစ်ပွားနိုင်ကြောင်းလည်း ဒေါက်တာ ကျော်ငြိမ်းအေး က ပြောသည်။

ဒေါက်တာ ဝေလင်းအောင်ကလည်း ငါးနှင့် ရေနေသတ္တဝါများ သေဆုံး ပျက်စီးစေနိုင်သည်အထိ ရေတွင်း အောက်ဆီ ဂျင် လိုအပ်ချက်(BOD) မြင်းမား နေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

“ရေထဲမှာ အောင်ဆီဂျင် လိုအပ်တာများရင် အနံ့ဆိုးတွေ ထွက်လာတယ်။ ထွက်လာတဲ့ အနံ့ဆိုးတွေကို ရှုရှိုက်မိတဲ့ သူတွေမှာ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်တယ်”ဟု ဇီဝဗေဒဆိုင်ရာ ပညာရှင် ဒေါက်တာ နီတာနွယ်က ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
39
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
69
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
675

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းအနေနှင့် ရွှေသံလွင် စက်မှုဇုန် ပါဝင်သော လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေသံလွင် စက်မှုဇုန်များမှ မြောင်းရေ ၇ နေရာ၊ မြစ်ချောင်းရေ ၄ နေရာနှင့် မြေအောက်ရေ ၆ နေရာကို ဖေဖော်ဝါရီလ မှစပြီး ဇူလိုင်လ အထိ လစဉ်ပုံမှန် စစ်ဆေးခဲ့ပြီး ရွှေပြည်သာ စက်မှုဇုန်ရှိ မြောင်းရေ ၁၄ နေရာကို ဇန်နဝါရီလမှ စပြီး ဇွန်လအထိ လစဉ်ပုံမှန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ၆ လကြာ စစ်ဆေးမှု ရလဒ်များကို အောက်တိုဘာလ ၂၀ ရက်နေ့က ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒို စကားဝါ ခန်းမတွင် မီဒီယာများကို အသိပေး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာ စက်မှုဇုံရှိ မြောင်းရေ၊ တွင်းရေနှင့် အနီးရှိ မြစ်ရေများ တိုင်းတာ စစ်ဆေးမှုကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ၃ နှစ်တာ ရလဒ်များအရ ရေထဲတွင် ဇီဝနှင့် ဓာတုဗေဒဆိုင်ရာ အောက်ဆီဂျင် လိုအပ်ချက်၊ ကလိုရိုဒ်၊ နောက်ကျိမှု၊ ရေစေးမှု၊ ခဲဓာတ်နှင့် သံဓာတ် ပါဝင်မှုသည် စံနှုန်းထက် မြင့်မားစွာ တွေ့ရှိရသည် ဟု ဒေါက်တာ ကျော်ငြိမ်းအေးက ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများ ရေဆိုးထုတ်လွှတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကိုင်တွယ်ဖြေရှင်းနေခြင်းများ ရှိပြီး လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်များတွင် ရေကို အဓိက ထား အသုံးပြု လုပ်ကိုင်နေသော စက်ရုံများထဲတွင် အရက်ချက် စက်ရုံ၊ ဓာတုစက်ရုံ၊ သစ်ပါးလွှာ စက်ရုံ၊ ဆေးဆိုး ပန်းရိုက် စက်ရုံ၊ ငါးပါးလွှာ စက်ရုံ စသည့် စက်ရုံများ ပါဝင်ကြောင်း သိရသည်။

စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေးများနှင့် စက်မှုဇုန် စွန့်ပစ်ရေများကို ဓာတ်ခွဲတိုင်းတာ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ကမ္ကာ့ကျန်းမာရေးအဖွဲ့ (WHO)၊ United States Environmental Protection Agency စသည့် အဖွဲ့များ၏ စံနှုန်းများအတိုင်း ဓာတ်ခွဲစမ်းသပ် စစ်ဆေး ခြင်း ဖြစ်သည်ဟု ဆိုသည်။

Your Thoughts …
Tags: စက်မှုဇုန်
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်

by ဧရာဝတီ
13 August 2024
2k

မန္တလေးတိုင်း မြင်းခြံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂ ရုံသည် ဒေသတွင်း မတည်ငြိမ်မှုများ ပြင်းထန်လာသောကြောင့် စက်ရုံလည်ပတ်နေမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
2k

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက်ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ကြောင်း၊...

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.5k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

စစ်ကောင်စီက လျှပ်စစ်မီးမှန်ဖို့ ကော်မရှင်ဖွဲ့

by ဧရာဝတီ
19 December 2024
1.5k

လျှပ်စစ်ဓာတ်အား တယူနစ်လျှင် ၄၀၀မှ ၅၀၀ ကျပ် ခန့်မှန်း ကုန်ကျနိုင်သောကြောင့် လုပ်ငန်းများအတွက်သင့်တင့်မျှတသော နှုန်းထားသစ်ဖြင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ငန်းရှင်များ၏ ဆန္ဒသဘောထားကို ကောက်ခံခဲ့ရာ လုပ်ငန်းရှင်များဘက်က ပေးနိုင်ကြောင်း၊ မီးမပြတ်ရန်အာမခံချက်သာ လိုကြောင်း ပြောကြားခဲ့သော်လည်း...

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

by ဧရာဝတီ
19 December 2023
1.2k

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စက်သုံးဆီ ဝယ်ယူရာတွင် ဆီဖိုး ငွေမချေနိုင်သဖြင့် ဆီမရဖြစ်ကာ အထည်ချုပ်လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နားလာရ

Next Post
ဗြိတိန်သားတွေရွေးတဲ့ ကြောက်လန့်စရာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

ဗြိတိန်သားတွေရွေးတဲ့ ကြောက်လန့်စရာအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ

A Courageous Heart ရုပ်ရှင်ပိုစတာ

ရဲရင်တဲ့ နှလုံးသားတစုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved