• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

by ဧရာဝတီ
19 December 2023
in သတင်း
A A
စက်မှုဇုန်လုပ်ငန်းများ စက်သုံးဆီမရ၍ လုပ်ငန်းတချို့ အချိန်ပိုင်း ရပ်နား

မရမ်းကုန်မြို့နယ်ရှိ အထည်ချုပ်စက်ရုံတခု /ဧရာဝတီ

1.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စက်သုံးဆီဝယ်ယူရာတွင် ငွေမချေနိုင်သဖြင့် ဆီမရဖြစ်ကာ အထည်ချုပ်လုပ်ငန်းတချို့ အချိန်ပိုင်းဖြင့် ရပ်နားထားရကြောင်း သိရသည်။

စက်မှုဇုန်လုပ်ငန်းရှင်များကို စစ်ကောင်စီက စက်သုံးဆီခွဲတမ်း မချပေးတော့ဘဲ ကိုယ်တိုင်တင်သွင်းရမည်ဟု သတ်မှတ်ပြီး နောက်ပိုင်း စက်မှုဇုန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှတဆင့် တင်သွင်းရန် ညှိနှိုင်းခဲ့ကြ ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၄ ရက်တွင် စက်ရုံတရုံ၏ တရက်၊ တပတ်စာ လိုအပ်သည့် စက်သုံးဆီပမာဏကို ဆီအသင်းသို့ တင်ပြခဲ့ရာ ပထမတပတ်အတွက်သာ စက်ရုံများ စက်သုံးဆီ ရရှိခဲ့ကြောင်း၊ ယခုအပတ်တွင်မူ အသင်းမှ ဆီဖိုးငွေမချေနိုင်သဖြင့် စက်မှု ဇုန်လုပ်ငန်းရှင်များသို့ ဒီဇင်ဘာ ၁၅ ရက်တွင် ပေးရမည့် စက်သုံးဆီကို လက်ရှိအချိန်အထိ မပေးသေးကြောင်း လုပ်ငန်းရှင် များထံက သိရသည်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်လုပ်ငန်းရှင်တဦးက “ပထမတခေါက် လျှောက်တဲ့သူတွေကတော့ စက်ရုံ ၆၀၀ လောက် ရကြတယ်။ တရက်ကို ၈ နာရီ မောင်းနှင်လို့ရတဲ့ ပမာဏ ချပေးတယ်။ အခု ဒုတိယတခေါက်ကတော့ ငွေ အဆင်မပြေတဲ့အတွက် ချပေးတာ နောက်ကျမယ်လို့ ပြောထားတယ်။ အခုချိန်ထိ မရသေးဘူး။ အမှန်ဆို ကျန်ခဲ့တဲ့ တပတ် (ဒီဇင်ဘာ ၁၅ ရက်) ထဲက ကျနော်တို့ကို အကြောင်းကြားရမှာ။ အခုမီးကလည်း ၄ နာရီတောင် မမှန်တော့ဘူး။ ဒါကို ဆီက လည်း မရတော့ ဘယ်လို လည်ပတ်လို့ ရမလဲ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

လျှပ်စစ်မီးမှာလည်း စက်မှုဇုန်များတွင် ပြီးခဲ့သည့် တပတ်က တရက်လျှင် ပျမ်းမျှ ၂ နာရီခွဲဝန်းကျင်သာ လာခဲ့ပြီး စက်သုံးဆီ မှာလည်း ငွေမပေးချေနိုင်၍ ရမည့်အချိန်ထက် ၅ ရက်ကျော်သည်အထိမရသဖြင့် စက်မှုဇုန်လုပ်ငန်းတချို့မှာ အချိန်ပိုင်း ယာယီအလုပ် ရပ်နားထားရသည်များ ရှိလာကြောင်း ၎င်းက ပြောသည်။

အထက်ပါ လုပ်ငန်းရှင်က ဆက်လက်၍ “ရပ်တာက လုံးဝကြီး ရပ်တာတော့ မဟုတ်ဘူး။ မီးလာတဲ့အချိန် အလုပ်လုပ်မယ် မီးပျက်တဲ့ အချိန် နားမယ် အဲဒီလိုပုံစံမျိုးနဲ့ သွားရတာ။ ဝန်ထမ်းတွေကိုလည်း အဲဒီလို ပုံစံမျိုးပြောပြီး အလုပ် လုပ်နေရတာ ပေါ့။ အခု ဆီအသင်းက ချပေးတာက ပထမ တရက် နှစ်ရက်လောက်မှာ လျှောက်တဲ့စက်ရုံပဲ ချပေးတာ။ အခု နောက်ပိုင်း စက်ရုံတွေ မရသေးဘူး။ ရန်ကုန်တမြို့လုံးမှာ စက်သုံးဆီ မသုံးရတဲ့စက်ရုံဆိုတာ ရှိမှ မရှိတာ။ ကျနော်တို့ စက်မှုဇုန်မှာတော့ အချင်းချင်း မျှဝေသုံးနေရတယ်။ မရရင်တော့ ရပ်ရမှာပဲ” ဟု ပြောသည်။

မြန်မာတနိုင်ငံလုံး၏ စက်မှုဇုန် ၆၅ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်ရှိပြီး ဇုန်စုစုပေါင်း ၂၉ ဇုန်ရှိကာ၊ ဇုန်တခုလျှင် အလုပ် လုပ် ကိုင်နေသည့် စက်ရုံပေါင်း ရာနှင့်ချီရှိသောကြောင့် စုစုပေါင်း စက်ရုံ ထောင်နှင်ချီရှိသဖြင့် စက်သုံးဆီ မရရှိပါက လုပ်ငန်း လည်ပတ်မှုများ ရပ်ဆိုင်းနိုင်သလို လုပ်သားများအတွက်လည်း အလုပ်အကိုင်များ ထိခိုက်လာနိုင်ကြောင်း လုပ်ငန်းရှင် များထံက သိရသည်။

လက်ရှိ စက်ရုံများအနေဖြင့် လျှပ်စစ်မီးမရ၊ စက်သုံးဆီဝယ်မရသည့် ပြဿနာများကြောင့် တပတ်လျှင် အနည်းဆုံး ၁ ရက် မှ ၃ ရက်အထိ ယာယီအလုပ်ပိတ်ထားရသလို၊ ယင်းရက်များအတွက်လည်း တနင်္ဂနွေလို ပိတ်ရက်ဖြစ်သည့် ရက်များတွင် အစားပြန်ဆင်းပေးရန် အလုပ်သမားများနှင့် ညှိနှိုင်းမှုများလည်း ရှိနေကြောင်း သိရသည်။

စက်ရုံများအနေဖြင့် လုပ်သား ၇၀၀ နှင့် ၈၀၀ ဝန်းကျင်ရှိသော စက်ရုံ တရုံတွင် ၅၀၀ KV မီးစက်တလုံး လည်ပတ်မည်ဆိုပါ က ၁ နာရီလျှင် စက်သုံးဆီ ဒီဇယ် ၇ ဂါလံ လိုအပ်ချက်ရှိကြောင်း စက်ရုံပိုင်ရှင်များထံက သိရသည်။

ရန်ကုန်အထည်ချုပ် စက်ရုံပိုင်ရှင်တဦးကလည်း “ရွှေလင်ဗန်းစက်မှုဇုန်ဆို ရုံ ၂၀၀ လောက်ရှိတယ်။ လှိုင်သာယာဆိုလည်း ရုံ ၂၀၀ လောက် ရှိတယ်။ ပေါင်းလိုက်ရင် သေးသေးကြီးကြီး ရုံပေါင်းက ၁၀၀၀ ကျော်လောက်ရှိမှာပဲ။ အပတ်စဉ် စက်သုံး ဆီ လိုတာက ရုံပေါင်း ၁၀၀၀ လောက်တော့ ရှိနေမှာ။ အခုက ပထမတခေါက်ပေးထားတော့ ရုံအကြီးတွေကတော့ ထိခိုက်တာ သိပ်မကြားရသေးဘူး။ ဒါပေမယ့် ပြည်တွင်း အသေးစက်ရုံတွေကတော့ စပြီး ထိခိုက်နေပြီ။ ပြီးတော့ ဇုန်ပြင်ပ စက်ရုံတွေ ဆို စက်သုံးဆီ ဝယ်လို့ မရဘူး။ မှောင်ခိုဝယ်ဖို့ကျတော့လည်း ငွေမချေနိုင်တော့ မှောင်ခိုတောင် ဘယ်က ရှာရမှန်းမသိ ဖြစ် နေတာ” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

လက်ရှိ ယာယီ အချိန်ပိုင်း ရပ်နားရသည့်စက်ရုံများမှာ လျှပ်စစ်မီးမရ၊ စက်သုံးဆီမရသည့် အခက်အခဲများကြောင့်လည်း ဖြစ်သလို၊ တချို့မှာလည်း စက်သုံးဆီဈေးမှာ ပြင်ပ စက်သုံးဆီ လက်လီအရောင်းဆိုင်များထက် ၁ လီတာလျှင် ၅၀၀ ကျပ်မှ ၆၀၀ ကျပ် ပိုပေးရသဖြင့် ကုန်ကျစရိတ်များကာ လုပ်ငန်းတွက်ချေမကိုက်သဖြင့် ရပ်နားရသည်များလည်း ရှိကြောင်း ၎င်း က ဆိုသည်။

လက်ရှိ စစ်ကောင်စီ ဖြေလျှော့ပေးလိုက်သော ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းမှာ ၁ ဒေါ်လာ ၂၁၀၀ ကျပ်နှင့် ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ပြင်ပဈေးနှင့် ပေးသည်ဆိုသော်လည်း ထုတ်ပြန်ချက် ထွက်သည့်အချိန်သည် ဒီဇင်ဘာ ၆ ရက် ဖြစ်သော ကြောင့် လုပ်ငန်းအများစုမှာ ယင်းဖြေလျှော့သည့် ဈေးဖြင့် မရလိုက်ပေ။

ထို့ပြင် လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်သမားများ၏ ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို လွတ်လပ်စွာ ရောင်း/ ဝယ်ခွင့် ပြုသည်ဟု ဆိုသော်လည်း အပြည့်အဝ လုပ်ခွင့်မရှိသေးဘဲ ၎င်းတို့သတ်မှတ်ထားသည့် သင်္ဘောသား လစာဝင်ငွေ ၁ ဒေါ်လာ ၃,၄၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းချခွင့်ပေးနေသဖြင့် ပျမ်းမျှတွက်ပါက ပို့ကုန်ရငွေမှာ ၁ ဒေါ်လာလျှင် ၂၉၅၀ ကျပ် ဝန်း ကျင်သာ လုပ်ငန်းရှင်များ ရရှိနေသေး၍ တွက်မကိုက်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာများအား စတင် ထုတ်ရောင်းပေး လျက် ရှိပြီး ဒီဇင်ဘာ ၁၈ ရက်၌ ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ကြောင်း ယမန်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန် ထားသည်။

လတ်တလောထုတ်ပြန်ထားသည့် ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အလုပ်အကိုင်ဖန်တီးမှုနှင့် ဝင်ငွေအတွက် အဓိက တွန်းအားဖြစ်ခဲ့သော်လည်း လက်ရှိအချိန်တွင် လုပ်ငန်းများ ရှင်သန်ရေးအတွက် ရုန်းကန်နေရကြောင်း၊ လျှပ်စစ်မီးရရှိမှုက ၎င်းတို့လုပ်ငန်းများအတွက် အဓိက စိန်ခေါ်မှု ဖြစ်ကြောင်းကို ဖော်ပြထားသည်ဟု ထုတ်ပြန်ထားသည်။

လျှပ်စစ်မီး ပြတ်တောက်မှုမှာ တရက်လျှင် ၂ ကြိမ်ခန့် ဖြစ်ပြီး တကြိမ်လျှင် အနည်းဆုံး ၃ နာရီခွဲခန့် ကြာမြင့်သည့်အတွက် ၂၀၂၂ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်း စုစုပေါင်း လျှပ်စစ်သုံးစွဲမှု ၆၂ ရာခိုင်နှုန်းကို ကိုယ်ပိုင်မီးစက်များဖြင့် အသုံးပြုခဲ့ရ သည်ဟု ကမာ္ဘ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

You may also like these stories:

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
56
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
836

ကြက်ဘဲ မွေးမြူရေးလုပ်ငန်းများ သုံးပုံတပုံခန့် ရပ်ဆိုင်းလာ

စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

Your Thoughts …
Tags: စက်မှုဇုန်စက်သုံးဆီဗဟိုဘဏ်အမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

Next Post
၁၀၂၇ စစ်ဆင်ရေးက အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ယူဆောင်လာသည်

၁၀၂၇ စစ်ဆင်ရေးက အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ယူဆောင်လာသည်

လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး

လူသားချင်းစာနာမှု ဒုက္ခ ချောက်ကမ်းပါးတွင် မြန်မာရောက်နေပြီဟု ကုလသမဂ္ဂ သတိပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved