• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စင်ကာပူနိုင်ငံသို့ တင်ပို့ရန် ဟိုင်းကြီးကျွန်းအနီးမှ သဲတန်ချိန် ၁ သန်းခွဲ စုပ်ယူမည်

by ဆလိုင်းသန့်စင်
10 November 2016
in သတင်း
A A
ဟိုင်းကြီးကျွန်းအနီး သဲတင် သင်္ဘောတစီးကို တွေ့ရစဉ် /  ဧရာဝတီ

ဟိုင်းကြီးကျွန်းအနီး သဲတင် သင်္ဘောတစီးကို တွေ့ရစဉ် / ဧရာဝတီ

14.4k
VIEWS
Share on FacebookShare on Twitter

စင်ကာပူနိုင်ငံသို့ တင်ပို့ရန်အတွက် မြန်မာအစိုးရနှင့် မြန်မာနိုင်ငံသားပိုင် ဒယ်လ်တာဂိုး (Delta Gold) ကုမ္ပဏီတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ မြစ်ကြောင်းအတွင်းမှ သဲတန်ချိန် ၁ သန်းခွဲ စုပ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းတွင် အင်္ဂလိပ်အစိုးရ လက်ထက်ကစ၍ သောင်တူးခဲ့ခြင်း မရှိသည့်အတွက် မြစ်ကြမ်းပြင်များ မြင့်တက်ခဲ့ကြောင်း၊ အဆိုပါနေရာများကို လုပ်ကွက်သတ်မှတ်၍ ဒယ်လ်တာဂိုးကုမ္ပဏီအား သောင်တူး စေခဲ့ကြောင်း၊ သောင်တူးရာမှ ထွက်ရှိလာသည့် သဲများကို ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ
၅ ဒေါ်လာနှုန်းဖြင့် ကုမ္ပဏီမှ ဝယ်ယူကာ စင်ကာပူနိုင်ငံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး (ပုသိမ်) မှ ညွန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

“သောင်တူးတဲ့ လုပ်ငန်းကို ပြည်ထောင်စု အစိုးရကလည်း ခွင့်ပြုထားပါတယ်။ တိုင်းဒေသကြီးအစိုးရကိုလည်း တင်ပြထားပြီးသားပါ။ သောင်တူးတာက သူတို့စရိတ်နဲ့ သူတို့တူးတယ်။ ရေလမ်းကြောင်းက ထွက်လာတဲ့ စွန့်ပစ်သဲကို ကမ်းပေါ် မှုတ်မတင်ဘဲနဲ့ သင်္ဘောထဲထည့်ပြီး သဲ ၁ တန်ကို ၁ ဒဿမ ၅ ဒေါ်လာနှုန်းနဲ့ ပြန်ဝယ်ပြီး စင်ကာပူကို ပို့မှာပါ။ သဲစုပ်တာတော့ တန်ချိန် ၁ သန်းခွဲ အထိယူဖို့ သတ်မှတ် ထားပါတယ်” ဟု သူက ပြောသည်။

ဒယ်လ်တာဂိုး ကုမ္ပဏီက အောက်တိုဘာ လကုန်ကစတင်၍ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁ ဒသမ ၅ မိုင်အကွာ ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်နှင့် လိပ်ကျွန်းတို့ကြား ပေ ၆၀ဝ အကျယ်ရှိသည့် လုပ်ကွက် ၂ ခုတွင် သောင်တူး၍ သဲများစုပ်ယူနေပြီး လက်ရှိအချိန်အထိ သဲတန်ချိန် ၁ သောင်းကျော် ထုတ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို လုပ်ကိုင်ချိန် ၃ နှစ် ခွင့်ပြုပေးထားပြီး သဲ ၁ တန်လျှင် ၁ ဒသမ ၅ ဒေါ်လာနှုန်းဖြင့် ကုမ္ပဏီမှ ဝယ်ယူမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံက သဲရောင်းချငွေ ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ရရှိမည် ဖြစ်သည်။

“ရေလမ်းကြောင်း အခက်အခဲကြောင့် ဧရာဝတီတိုင်းကို လွန်ခဲ့တဲ့ ၃ နှစ်ခွဲအတွင်း နိုင်ငံခြားသင်္ဘော ၁ စီးပဲ ဝင်နိုင်ခဲ့တယ်။ အခုလို သောင်တူးလိုက်တဲ့အတွက် နိုင်ငံခြားသင်္ဘောတွေ ဧရာဝတီတိုင်းကို ပိုပြီးဝင်ရောက် လာနိုင်မယ်။ နိုင်ငံခြား သင်္ဘောဝင်နိုင်မှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ လုပ်နိုင်မယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေ ပိုရလာနိုင်ပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ညွန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

သောင်တူးခြင်းကြောင့် ကမ်းခြေရှိ သဲသောင်ပြင်များ နိမ့်ဆင်းခြင်း၊ လိပ်ကျွန်းမှ ရှားပါး လိပ်မျိုးစိတ်များ ပျောက်ကွယ်ခြင်းများ ဖြစ်ပေါ်မည်ကို ငပုတော ဒေသခံများက စိုးရိမ်နေကြသည့်အတွက် ဧရာဝတီတိုင်း အစိုးရထံ တင်ပြထားကြောင်း ဧရာဝတီတိုင်း အမှတ် ၁ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

“ဒေသခံတွေကတော့ ကမ်းခြေတွေ၊ တခြားကျွန်းတွေ ထိခိုက်မှာ စိုးရိမ်နေကြတယ်။ အစိုးရပိုင်းကတော့ ဒီသောင်တူးလုပ်ငန်းက ပတ်ဝန်းကျင်ကို မထိခိ်ုက်ပါဘူးလို့ ပြောတယ်။ မြစ်ကြောင်းထဲမှာ ပေ ၆၀ဝ အကျယ်နဲ့ တူးခွင့်ပေးထားတယ်ဆိုရင် အဲဒီ ပေ ၆၀ဝ ကို အမှတ်အသား တခုခုနဲ့ ထားသင့်တယ်ဆိုတာရယ်၊ ဒီစီမံကိန်း အကြောင်း ဒေသခံပြည်သူတွေကို သေချာ ရှင်းပြသင့်တယ် ဆိုတာမျိုး တိုင်းအစိုးရကို အကြံပြုတင်ပြခဲ့တယ်” ဟု သူက ပြောသည်။

ပုသိမ်မြို့မှာ အင်္ဂလိပ်အစိုးရလက်ထက်မှ ၁၉၇၀ ခုနှစ်များအထိ နိုင်ငံတကာ ဆန်တင်သင်္ဘောများ ဝင်ထွက်သွားလာ၍ ဆန်နှင့် တခြားသော ကုန်ပစ္စည်းများ နိုင်ငံရပ်ခြားသို့ တိုက်ရိုက်တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မြစ်ကြောင်းတိမ်ကောသွားသည့်အတွက် ပုသိမ်မြို့သို့ သင်္ဘောကြီးများ ဝင်ရောက်၍ မရတော့ကြောင်း သိရသည်။

Your Thoughts …
Tags: Business
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တဆိုင် / ဧရာဝတီ

စက်သုံးဆီဈေးကွက်အတွင်း အဆင့်မြင့် စက်သုံးဆီ အောက်တိန်း ၉၇ တင်သွင်းရန်စီစဉ်

ရန်ကုန်မြို့ကို ဂျပန်တွေ ပူးပေါင်းအမှိုက်ကောက်ပေး (ရုပ်/သံ)

ရန်ကုန်မြို့ကို ဂျပန်တွေ ပူးပေါင်းအမှိုက်ကောက်ပေး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved