• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးက အဓမ္မပြုခံရသည့် ကလေးအမှု ကူညီမည့် ရှေ့နေလိုအပ်နေ

by နန်းဆိုင်နွမ်
18 November 2016
in သတင်း
A A
မန္ထလေး ကျုံးနဲ့ မြို့ရိုး  / ဧရာဝတီ

မန္ထလေး ကျုံးနဲ့ မြို့ရိုး / ဧရာဝတီ

15.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်တွင် ဘုန်းကြီးတပါး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် အသက် ၄ နှစ်အရွယ်ရှိ ကလေး၏ အမှုကို လိုက်ပါ ကူညီပေးမည့် ရှေ့နေ လိုအပ်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ် စိန်တုံးကျောင်းတိုက်မှ ဘုန်းကြီး ဦးပညာဒီပ(ခ) ဦးကျော်ဝင်း သည် အသက် ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သဖြင့် တရားရင်ဆိုင် နေရကြောင်း၊ တရားရင်ဆိုင်ချိန်တွင် နစ်နာခဲ့ရသည့် ကလေးအတွက် ဥပဒေ ရေးရာ လိုက်ပါကူညီပေးသည့် ရှေ့နေလိုအပ်နေကြောင်း ကလေးငယ်၏ မိခင် ဒေါ်ထွေးရီက ပြောသည်။

“ကျမတို့ကို အရင်ကတော့ အစိုးရက ပေးတဲ့ ရှေ့နေ တဦးရှိတယ်။ သူက ကူညီပေးတယ်။ ၇ လပိုင်းမှာသူက နေပြည်တော်ပြောင်းသွားရတယ်။ လက်ရှိမှာတော့ ကျမကို ကူညီပေးတဲ့ ရှေ့နေ မရှိဘူး။ ကျမတို့ တရားရင်ဆိုင်ဖို့ ခက်ခဲနေပါတယ် ” ဟု ဒေါ်ထွေးရီက ဆိုသည်။

လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေး အခြေအနေမှာ ဆရာဝန်ညွန်ကြားသည့်အတိုင်း တပတ်တကြိမ် ဆေးရုံ သွားရောက်ပြသနေရကြောင်း၊ လွန်ခဲ့သည့်လကလည်း သွေးပေါင်ကျမှု၊ ဆီးအိမ်ရောင်မှုကြောင့် ဆေးရုံတက်ခဲ့ရကြောင်း၊ ကလေးငယ်အတွက် ဆေးကုသရန် ရုန်းကန် ရှာဖွေနေရကြောင်း သိရသည်။

အထက်မြန်မာပြည် ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦး က “ ဒီအမှုနဲ့ ပတ်သက်ပြီး သေချာ မသိရသေးဘူး။ ကြားတော့ ကြားတယ်။ သူတို့ ကျနော်တို့ကို ဖုန်းဆက် အကူအညီတောင်းရင်တော့ ကူညီပေးဖို့ အဆင်သင့်ပါ” ဟု ဧရာဝတီသို့ပြောသည်။

ကလေးကို အဓမ္မကျင့်ပြုခဲ့သူမှာ အောင်မြေသာဇံမြို့နယ်ရှိ စိန်တုံးဘုန်းကြီးကျောင်းမှ ဦးပညာဒီပ (ခ) ဦးကျော်ဝင်းသည် အသက် ၄၆ နှစ်အရွယ်ရှိပြီး ဝါတော် ၂၆ ဝါရှိပြီဖြစ်သည်။ ပြစ်မှုကျူးလွန်ခဲ့သည့် ၎င်းကို အောင်မြေသာဇံမြို့နယ် သံဃမဟာနာယက အဖွဲ့က လူဝတ်ချွတ်စေခဲ့ပြီးနောက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် မန္တလေးခရိုင်တရားရုံးတွင် ပုဒ်မ ၃၇၆၊ ၃၇၇ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး မန္တလေး အိုးဘိုထောင်တွင် ဖမ်းဆီးချုပ်ထားကြောင်း အမှတ် ၁ ရဲစခန်း အောင်မြေသာဇံမြို့နယ်မှ ရဲအုပ် ထွန်းထွန်းဦးက ဧရာဝတီသို့ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

“ ဘုန်းကြီးနဲ့ ကလေးအဖေက ငယ်သူငယ်ချင်းတွေပါ။ ကျမတို့ နေစရာ မရှိတော့ စိန်တုံးဘုန်းကြီးကျောင်းမှာ ခွင့်တောင်းပြီး ခဏနေတာပါ။ သမီးကြီး က ၈တန်း စာမေးပွဲပြီးဖို့ ၂ပတ် ပဲလိုတော့တယ်။ သမီးကြီး စားမေးပွဲပြီးရင် ရွာပြန်မယ်လို့ စီစဉ်ရင်း ကျောင်းထဲမှာ တလနဲ့ ၃ရက်ပဲ နေသေးတာ အဲ့လိုဖြစ်သွားတာပါ” ဟု မိခင်ဖြစ်သူက ပြောပြသည်။

တရားခံက အပြစ်ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားပြီး အမှုကို ပိတ်ပေးရန် အတွက် အကြိမ်ကြိမ်လာရောက် ညှိနှိုင်းခဲ့ကြောင်း၊ အမှု ပိတ်ပေးရန် ကလေး၏ ဆေးကုစရိတ်ကို အားလုံး အကုန်ကျခံပေးပြီး လိုအပ်သည့် ငွေကြေး ထောက်ပံ့ပေးမည်ဟု လာရောက်ညှိနှိုင်းခဲ့ကြောင်း ဒေါ်ထွေးရီက ဧရာဝတီသို့ပြောသည်။

“ကျမသမီးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ဘာနဲ့မှ မလဲနိုင်ဘူး။ တရားဥပဒေအတိုင်း လုပ်မယ်။ ကျမကို တိုက်တလုံး၊ ကားတစီး၊ ငွေသိန်းတထောင်ပေးပါစေ၊ ချမ်းသာအောင်လုပ်ပေးမယ်ဆိုရင်တောင် ကျမ မယူဘူး။ ကျမ အမှန်တရားပဲလိုချင်တယ်။ ကျမနေစရာမရှိရင် လမ်းဘေးမှာ တဲထိုးပြီး နေရပါစေလို့ပြောလိုက်ပါတယ်” ဟု ဒေါ်ထွေးရီ က ဆိုသည်။

မန္တလေးအခြေစိုက် ဂဠုန်နီဆရာတော် ဦးကာဝိယက “ တကယ်ဖြစ်ရင် မပြောရဲစရာ အကြောင်းမရှိဘူး။ ဘာမှ အန္တရာယ်မရှိဘူး။ ဒီလို ဘုန်းကြီး အမှု၊ ပြသနာက အများကြီးဖြစ်ပါတယ်။ တိတိကျကျ မှန်မှန်ကန်ကန် အဂတိ ကင်းစင်းအောင် သက်ဆိုင်ရာ သံဃာနာယက အဖွဲ့အစည်း အာဏာရှိတဲ့ သူတွေက ဆောင်ရွက်သင့်တာပေါ့။ ဥပဒေကြောင်းအရ ထင်ရှားနေရင် ထိရောက်စွာ အရေးယူဖို့ သူတို့မှာ တာဝန်ရှိတယ်လေ” မိန့်ကြားသည်။

Your Thoughts …
Tags: သက်ငယ်မုဒိန်း
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

ရေသိုးရွာ ဘုန်းကြီးကျောင်း ငရဲခန်းမှာ လပေါင်းများစွာ

by အောင်ငြိမ်းချမ်း & ဝင်းနန္ဒာ
24 May 2018
60.2k

ပုသိမ်မြို့ပြင်မှ မူလတန်းကျောင်းသူတချို့ ကာလကြာရှည် မုဒိမ်းကျင့်ခံရခြင်းသည် မိဘများ ဆင်းရဲနွမ်းပါးမှု၊ ဆင်ခြင်တုံတရားနည်းပါးမှုတို့နှင့်လည်း ဆက်စပ်နေသည်

၈ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံ

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

by ဆလိုင်းသန့်စင်
1 June 2017
69k

တရားရုံးတော်အနေနဲ့ အခုလို သက်ငယ်မုဒိန်းကျူးလွန်သူကို ထိရောက်စွာနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျောင်းသူတွေရဲ့ မိဘတွေရော၊ ကျမတို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတွေရော ကျေနပ်ပါတယ်

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

by ဆလိုင်းသန့်စင်
10 May 2018
33.3k

အမှုဖွင့်ခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိမှာ ထွက်ပြေးတိမ်းရှောင်နေသည်။

ဒလ ဆိပ်ကမ်း  / မျိုးမင်းစိုး / ဧရာဝတီ

ဒလ သက်ငယ်မုဒိမ်းမှု မျက်မြင်သက်သေများကို စွပ်စွဲခံရသူများက အမှုပြန်ဖွင့်

by ထက်ခေါင်လင်း
18 February 2020
14.8k

ပြီးခဲ့သည့် နွေရာသီတွင် တကြိမ်၊၂ဝ၁၉ ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် တကြိမ် ဒလမြို့နယ်ရှိ ဈေးများ အိမ်သာ၌ အသက် ၁၅ နှစ် အရွယ် ၇ တန်းကျောင်းသူကို အသက် ၆၂ နှစ်အရွယ် ဈေးသာယာရေး ဥက္ကဋ္ဌ...

သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရှားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆောင်ရွက်နေဟု ရန်ကုန် လုံ/နယ် ဝန်ကြီးပြော

by သဇင်လှိုင်
5 June 2018
9.7k

အမျိုးသမီးများ အကြမ်းဖက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်

သံတွဲတွင် ငါးနှစ်သမီးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား / ဇော်ဇော် / ဧရာဝတီ

သံတွဲတွင် ငါးနှစ်သမီးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုဖြစ်ပွား

by မိုးမြင့်
16 December 2016
22.1k

ရဲတပ်ဖွဲ့က ဦးဟန်မောင်ကို အဓမ္မပြုကျင်မှု၊ လူသတ်မှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ရာဇဝတ် ပုဒ်မ ၃၇၆ နှင့် ၃၀၂ အရ စွဲဆိုထားသည်။

Next Post
Dateline Irrawaddy

Dateline Irrawaddy

ပဲခူးတိုင်းအတွင်းက လယ်ယာစိုက်ခင်းများ / Reuters

ခေတ်သစ်မြေပိုင်ရှင်ကြီးများနဲ့ မြန်မာ့ ဖွံ့ဖြိုးမှု အကွေ့အကောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved