• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှု ရုံးတင်စစ်ဆေး

by တင်ထက်ပိုင်
22 December 2016
in သတင်း
A A
နစ်မြုပ်နေသည့် အောင်စိုးမိုးကျော် ရေယာဉ်နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင် တဦးကို အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ် /  ပြေကျော် / ဧရာဝတီ

နစ်မြုပ်နေသည့် အောင်စိုးမိုးကျော် ရေယာဉ်နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင် တဦးကို အောက်တိုဘာ ၁၉ ရက်နေ့က တွေ့ရစဉ် / ပြေကျော် / ဧရာဝတီ

12k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် အောက်တိုဘာလက စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း လူအပြည့်အသိပ် တင်ဆောင်လာပြီး နစ်မြုပ်သွားကာ လူ ၇၀ ကျော် သေဆုံးစေခဲ့သော အောင်စိုးမိုးကျော် (၂) ရေယာဉ်အမှုကို ရုံးတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကနဦး အနေဖြင့် ရဲတပ်ဖွဲ့က အမှုနှင့် ပတ်သက်နေသော ရေယာဉ် ရေယာဉ်မှူး၊ ရေယာဉ်လုပ်သား ၂ ဦးနှင့် ရေယာဉ်ပိုင်ရှင် ၂ ဦး၊ စုစုပေါင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။ သို့သော်လည်း ဥပဒေ အကြံပြုချက်အရ ရေယာဉ်လုပ်သား ၂ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ကနီရဲတပ်ဖွဲ့စခန်းမှ အရာရှိတဦး ဖြစ်သည့် ဒုရဲမှူး စိုးမြင့်က ဧရာဝတီကို ပြောသည်။

“ရေယာဉ်လုပ်သားတွေ ဆိုတော့ ခရိုင်ဥပဒေ အကြံပြုချက်မှာ သူတို့ကို ထည့်မစွဲပါနဲ့ဆိုလို့ ရေယာဉ် လုပ်သားတွေကတော့ ပြန်လွတ်သွားတယ်” ဟု ဒုရဲမှူး စိုးမြင့်က ပြောသည်။

ပုဂ္ဂလိကပိုင် အောင်စိုးမိုးကျော် (၂) ရေယာဉ်၏ ရေယာဉ်ပဲ့ကိုင် ဦးဇော်မျိုးဝင်းကို ရဲအဖွဲ့က မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) ဖြင့် ယင်းမာပင် ခရိုင်တရားရုံးတွင် တရားစွဲထားကြောင်း ဒုရဲမှူး စိုးမြင့်က ပြောသည်။ ပုဒ်မ ၃၀၄ (က) အရ ပေါ့ဆမှုကြောင့် အသက်သေဆုံးစေခြင်းအတွက် ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ် အထိချမှတ်နိုင်ကြောင်း သိရသည်။

ထို့အပြင် ရေယာဉ်ပဲ့ကိုင် ဦးဇော်မျိုးဝင်းနှင့် ရေယာဉ်ပိုင်ရှင် ၂ ဦးကို ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဥပဒေများအရ ကနီမြို့နယ် တရားရုံးတွင် ထပ်မံ တရားစွဲဆိုထားကြောင်းလည်း ရဲအဖွဲ့က ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

နစ်မြုပ်သည့် အချိန်တွင် ရေယာဉ်ပေါ်၌ လိုက်ပါလာသည့် ခရီးသည် အရေအတွက်ကို တာဝန်ရှိသူများက အတိအကျ အတည်ပြုပေးနိုင်ခြင်း မရှိသော်လည်း ခရီးသည် ၂၅၀ ကျော် လိုက်ပါလာသည်ဟု အသက်ရှင် ကျန်ရစ်သူများက ခန့်မှန်း ခဲ့သည်။ ယင်း အောင်စိုးမိုးကျော် ရေယာဉ်ကို ခရီးသည် ၃၆ ယောက်သာ တင်ဆောင်ရန် သတ်မှတ်ထားကြောင်း စစ်ကိုင်းတိုင်း ရေယာဉ်ပို့ဆောင်ရေး ဦးစီးဌာနက ပြောသည်။

တိုင်းဒေသကြီး အစိုးရက တရားဝင် ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ရေယာဉ်မှူးနှင့် အလုပ်သမား ၂ ဦး အပါအဝင် လွတ်မြောက်လာသူ စုစုပေါင်း ၁၅၉ ဦး ရှိသည်ဟု သိရပါသည်။

ရေယာဉ် တိမ်းမှောက်ခဲ့မှု၏ အကျိုးဆက်တခု အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း မရှိသည့် မိုးရာသီတွင် ခရီးသည်များအတွက် နောက်ထပ် ရွေးချယ်စရာတခု ရှိလာနိုင်စေရန် ဟုမ္မလင်း နှင့် ပင်လည်ဘူး ကြားတွင် ကတ္တရာလမ်းသစ် တခုကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဖောက်လုပ်ပေးမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ကပြောသည်။

ယင်းကတ္တရာလမ်း ဖောက်လုပ်ရန် အစီအစဉ်ကို အမျိုးသား သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲရေး ကော်မတီက အကြံပြုခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သမ္မတကလည်း အတည်ပြုပေးပြီး ဖြစ်သည်ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

“သင်္ဘောမြုပ်တဲ့ အတွက်ကြောင့် အကျိုးဆက်က အဲဒါတခုတော့ ပေါ်လာမှာပေါ့နော်။ နွေ၊ မိုး၊ ဆောင်း သွားလို့ ရမယ့် လမ်းတခု ပေါ်လာမယ့် အနေအထား ရှိပါတယ်” ဟု ဦးစဝီလီဖရန့်က ဧရာဝတီကို ပြောသည်။

“ရေယာဉ် နစ်မြုပ်မှုရဲ့ အကျိုးဆက်တခုအနေနဲ့  ပြည်သူတွေ ရာသီမရွေး အသုံးပြုနိုင်တဲ့ လမ်းသစ်တခု ဖောက်လုပ်ဖို့ ဖြစ်လာပါတယ်။” ဟု ဦးစဝီလီဖရန့် က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများ အတွင်းတွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး သေဆုံးရခြင်းများမှာ ရေယာဉ်များပေါ်တွင် ခရီးသည်များ အတွက် အသက်ကယ် အင်္ကျ ီလုံလောက်စွာ မပေးနိုင်ခြင်းနှင့် ရေယာဉ်လုပ်ငန်း လုပ်ကိုင်သူများက ရေကြောင်းပို့ဆောင် ရေးဆိုင်ရာ စည်းကမ်း ဥပဒေများကို လေးစားလိုက်နာမှု အားနည်းခြင်း တို့ကြောင့် ဖြစ်သည်ဟု ရဲအဖွဲ့များက မှတ်ချက်ပြုသည်။

Your Thoughts …
Tags: Crime
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)

ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)

by ဧရာဝတီ
27 January 2025
270

အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲခရိုင်ဆေးရုံ အခြေအနေကို ဧရာဝတီက ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဖမ်းဆီးရမိသည့် တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင် / Yangon Police / Facebook

မူးယစ်တရားခံပြေး နဂါးလေးကို ဖမ်းမိပြီ

by မေစစ်ပိုင်
23 February 2017
24k

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် အလိုရှိနေသူ တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင်ကို မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မကျီးချောင်း ၄ ရပ်ကွက်ရှိ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထံက သိရသည်။

ဝါးခယ်မမြို့နယ်၊ ရွှေလောင်းဒေသ

ဝါးခယ်မမြို့နယ်တွင် ၇ တန်းနှင့် ၉ တန်းကျောင်းသူ ညီအစ်မ ၂ ဦး ကြိုးဆွဲချသေဆုံး

by ဆလိုင်းသန့်စင်
21 December 2016
46.8k

သေဆုံးသူများအတွက် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန်အတွက် ရွှေလောင်းစခန်းမှူး ရဲအုပ်ဌေးဝင်းက တရားလိုပြုလုပ်၍ ရွှေလောင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

by စမ်းယမင်းအောင်
3 February 2017
8.2k

ဒေါ်ခင်စောဝေ အဆိုပြုလာသည့် ပြင်ဆင်ချက်တွင် သက်ငယ်မုဒိန်း (အသက် ၁၆ နှစ်အောက် မိန်းကလေး ကို မတရားပြုကျင့်ခြင်း)အား ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) သို့ မဟုတ် သေဒဏ် အထိချမှတ်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားပြီး၊...

တည်ဆောက်မှုများရပ်ဆိုင်းထားသည့် မြောင်းမြမြို့ အဝေးပြေးကားဝင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

မြောင်းမြအဝေးပြေးကားဝင်းတည်ဆောက်သူကို လိမ်လည်မှုဖြင့် အမှုဖွင့်

by ဆလိုင်းသန့်စင်
28 November 2016
30.7k

အစိုးရအကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူ ဈေးဆိုင်ခန်းများလည်း မျှော်လင့်ထားသလို ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ငွေမချေနိုင်ခြင်းဖြစ်သည်။

ဦးဝါယမ ခေါ် ခွန်မောင်လင်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်ခရိုင်တရားရုံးတွင် ရုံးထုတ်စဉ်  / ကောင်းမြတ်မင်း

၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ကျောင်းထိုင်ဘုန်းကြီး ထောင်နှစ် ၂၀ ချမှတ်ခံရ

by ကောင်းမြတ်မင်း
10 December 2016
59k

ပထမ သတင်းပေးတိုင်ကြားတာ ကလေးရဲ့ ဆရာမ ဒေါ်မော်မော်ဝင်း၊ သူကိုယ်တိုင်ပဲ အမှုဖွင့်ပြီး တရားလို လုပ်ခဲ့တာ၊ အမှုကို စတင်ကြားနာ စစ်ဆေးတာကတော့ ၁၃ ရက် ၁ လ ၂၀၁၅ မှာ စစစ်တာ အခုဆို...

Next Post
နိုဝင်ဘာ ၁၁ ရက် ရုံးချိန်းတွင် တွေ့ရသည့် ဒေါက်တာ သန်းထွဋ်အောင် / ဂျေပိုင်  /  ဧရာဝတီ

ဒေါက်တာ သန်းထွဋ်အောင် အမှု အာမခံ ထပ်မံ ပယ်ချခံရ

ဆက်သွယ်ရေး ဈေးကွက်တွင် MPT က ဦးဆောင်နေသည် / ဧရာဝတီ

စတုတ္ထမြောက် ဆက်သွယ်ရေး ကုမ္ပဏီလုပ်ငန်း စတင်ဖွယ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved