သတင်းတို

မူးယစ်တရားခံပြေး နဂါးလေးကို ဖမ်းမိပြီ

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် အလိုရှိနေသူ တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင်ကို မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မကျီးချောင်း ၄ ရပ်ကွက်ရှိ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထံက သိရသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ ရဲအရာရှိတဦးက “မင်းဘူးမှာ ဖမ်းမိတာ ဟုတ်ပါတယ်။ ဒီနေ့ပဲဖမ်းလာတာပါ” ဟု ဧရာဝတီသို့ အတည်ပြုသည်။

တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင်သည် ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် ထွက်ပြေး တိမ်းရှောင်နေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့ အနီး ရောက်ရှိနေသဖြင့် သွားရောက်ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ကို ကားဖြင့် တိုက်သဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

Loading