• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျူးကျော်အရေး ဖြေရှင်းပေးရန် စက်မှုဇုန် လုပ်ငန်းရှင်များ တောင်းဆို

by ထွန်းထွန်း
28 January 2017
in သတင်း
A A
ရွှေလင်ဗန်း စက်မှုဇုန်ရှိ ကျူးကျော်ဆိုသူ တချို့ကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ် /  ဧရာဝတီ

ရွှေလင်ဗန်း စက်မှုဇုန်ရှိ ကျူးကျော်ဆိုသူ တချို့ကို ၂၀၁၄ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

44.7k
VIEWS
Share on FacebookShare on Twitter

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်အတွင်း ကျူးကျော်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန် ယမန်နေ့က UMFCCI တွင် ပြုလုပ်သည့် စက်ရုံးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကော်မတီ အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် လုပ်ငန်းရှင်များက တောင်းဆိုလိုက်သည်။

ရွှေလင်ဗန်းဇုန် စီမံကော်မတီ အတွင်းရေးမှူး ဦးနေလင်းဇင်က “အထောက်အထား မရှိတဲ့ လယ်သမားဆိုသူတွေက အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့ လုပ်နေတာတွေ ရှိတယ်၊ ခြိမ်းခြောက် ငွေတောင်းမှုကိုလည်း အမှုဖွင့်မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်၊ ဒါတွေကို ထိရောက်တဲ့ ဥပဒေနဲ့ အကာအကွယ် ပေးစေလိုပါတယ်” ဟု ပြောသည်။

ကျူးကျော်တချို့က လယ်သမားဟုဆိုကာ လုပ်ငန်းရှင်များကို ဟန့်တားမှုများနှင့် ခြိမ်းခြောက် ငွေတောင်းမှုများ ကြုံတွေ့နေရပြီး တရားဥပဒေ စိုးမိုးရန် လိုအပ်နေကြောင်း ရွှေလင်ဗန်းစက်မှုဇုန် စီမံကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောသည်။

တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျကမူ လယ်သမားများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာတွင် ၎င်းတို့ အနေဖြင့် လယ်သမား ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ခေါ်ယူ ညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် စက်မှုဇုန် ရုံးခန်းသို့ လာရောက်သည့် အချက်ကပင် ရိုးသားမှုကို ပြနေကြောင်း ပြောဆိုသည်။

သို့သော် စက်ရုံများရှေ့တွင် တဲထိုးပိတ်ဆို့ကာ လယ်ယာမြေ အငြင်းပွားမှုဖြင့် ငွေတောင်းခံမှုများတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ဖြေရှင်း မပေးနိုင်သည့်အတွက် နှစ်ဖက်ညှိနှိုင်းကာ ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၁၂၀ဝ အထိ ပေးခဲ့ရမှုများ ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင် “ကျူးကျော်တွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက အရမ်းအားနည်းပါတယ်၊ ဥပဒေအရလည်း အားနည်းမှုတွေက ကျူးလွန်သူတွေကို ထပ်ပြီး လုပ်နိုင်ဖို့ တွန်းအားပေးနေသလိုပါပဲ” ဟု ပြောသည်။

ကျူးကျော်များနှင့် ပတ်သက်၍ လက်ရှိအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို လုပ်ငန်းရှင်တဦးက ဝေဖန်ခဲ့ရာ ဆွေးနွေးပွဲအတွင်း သဘောထား ကွဲလွဲမှုဖြစ်ပေါ်ခဲ့ပြီး တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက လုပ်ငန်းရှင်များ အနေဖြင့် တဖက်သတ် ပြောကြားနေသည်ဟုဆိုကာ ဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

လုပ်ငန်းရှင်များ အနေဖြင့် ခြိမ်းခြောက် ငွေတောင်းခံရမှုများ ရှိပါက တိကျစွာ စာရေးသား တိုင်ကြားစေလိုကြောင်းနှင့် ထိရောက်သော ဥပဒေများနှင့် ကိုင်တွယ်မှသာ ဖြေရှင်းနိုင်မည်ဖြစ်သည့်အတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မျိုးဆွေက အကြံပြု တိုက်တွန်း ခဲ့သည်။

တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆွေးနွေးချက်များအပေါ် လွှတ်တော် ကော်မတီ အနေဖြင့် ဆုံးဖြတ်၍မရဘဲ အစီအရင်ခံစာ ရေးကာ လွှတ်တော်မှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြောသည်။

ဆက်စပ် ဖတ်ရှုရန်

ရွှေပြည်သာရှိ ကုမ္ပဏီပိုင်မြေ ကျူးကျော်သူများ မြေအစားရ

Your Thoughts …
Tags: ကျူးကျော်
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ ၃ရက်နေ့က မန္တလေးမြို့တွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီး တွေ့ရစဉ်

မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ

by ဧရာဝတီ
7 December 2021
13k

အမှန်ပြောရမယ်ဆိုရင် အိမ်ငှားနဲ့ နေရတဲ့ဘဝကို စိတ်ကုန်လို့ ကျုးကျော်ရပ်ကွက်မှန်း သိပေမယ့် ဝယ်ပြီးနေခဲ့တာပါ။ အနည်းဆုံး ၅ နှစ်လောက် နေရရင်ပဲ တန်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ အခုက သတိပေးစာ ပေးတယ်ဆိုပေမယ့် ညှိနှိုင်းမှုတော့ လုပ်ပေးရမယ်လေ။ ညှိနှိုင်းမှု ဘာတခုမှ...

ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်လာသည့် မြန်မာတိုက်လေယာဉ်  / Bangkok Post

ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်

by ဧရာဝတီ
1 July 2022
8.8k

ထိုသို့ မြန်မာစစ်တပ်၏ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှု ဖြစ်ခဲ့သလို ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှု ကြောင့်လည်း မော်တော်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ခဲ့သလို စာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။

သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်မှုများကို ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ ပြင်ဦးလွင် သစ်တောဦးစီးဌာနမှ သတိပေးထားပုံ / ဇော်ဇော် / ဧရာဝတီ

ပြင်ဦးလွင်သစ်တောမြေ ဝယ်သူရော၊ ရောင်းသူပါ အရေးယူမည်

by သဇင်လှိုင်
9 January 2021
24.4k

ကျူးကျော်မှုများကို တွေ့ရှိပါက ပထမအဆင့်အနေဖြင့် သစ်တောဦးစီးဌာန ဝန်ထမ်းများက သွားရောက် ပြောဆိုတားမြစ်ပြီး ဒုတိယအဆင့်တွင်မူ သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးရန် သတိပေး တားမြစ်စာ ပို့မည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက သစ်တောဥပဒေနှင့် အရေးယူခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရက ချထားပေးသည့် နေအိမ်များ / ထက်ခေါင်လင်း / ဧရာဝတီ

ရန်ကုန်တွင် ကျူးကျော်များအတွက် နေအိမ်များ စတင် ချထားပေး

by ထက်ခေါင်လင်း
10 March 2020
14.8k

ပထမအဆင့် အနေဖြင့် ကျနော်တို့ နေရာချထားပေးတာ။ ပထမ ကျူးကျော်စာရင်း ကောက်ပြီး စမတ်ကတ် ထုတ်ပေးတယ်။ နောက်တော့ အဲဒီထဲက တကယ်မှန်၊ မမှန်ကို GPS အင်တာနက်မြေပုံတွေနဲ့ပါ စစ်တယ်။ ပြီးမှ နေရာချထားပေးတယ်

သံချေးတက်နေသော ဂျိုးဖြူ ရေပိုက်လိုင်းနေရာ အစားထိုး လဲလှယ်နေသည်ကို ၂၀၁၇ ခုနှစ် မေလ အတွင်းက တွေ့ရစဉ်  / moi

ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး

by မိုးမိုး
19 July 2019
6.8k

ရန်ကုန်မြို့တွင်း သောက်သုံးရေ ဖြန့်ဝေနေသော ဂျိုးဖြူရေပိုက်လိုင်း အနီး၌ အခြေချ နေထိုင်နေသည့် ကျူးကျော်များ နှင့် အမှိုက်၊ အညစ်အကြေး စွန့်ပစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် ဆွေးနွေးသည်။

Next Post
/ ချမ်းစွန်း / ဧရာ၀တီ

ဒိုရေမွန်အသုံးအဆောင်ပစ္စည်းတွေနဲ့ ST Café

ကြက်ရိုးပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

ကြက်ရိုးပြင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved