• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ချုပ်အောင်ဆန်း တံတားကိစ္စ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကြိုးပမ်းနေ

by ဟင်္သာနီ (မွန်မြေ)
31 March 2017
in သတင်း
A A
ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးသည့်ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြပွဲ  / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးသည့်ကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြပွဲ / ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ဆက်သွယ် ထားသည့် တံတားအား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်ပေးခြင်းအား ကန့်ကွက်မှုကို အရှိန်အဟုန်မြင့် ဆောင်ရွ သွားမည် ဖြစ်ကာ လွှတ်တော်၊ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဌာနမှ တဆင့် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ထံသို့ တံတားအမည် ပြောင်းလဲ ပေးရေး အတွက် ဆက်လက် တောင်းဆို သွားမည် ဖြစ်ကြောင်း “သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသား အသွင် ဆန္ဒထုတ်ဖော်ရေး ကော်မီတီ” ၏ ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ဦးမင်းမင်းနွယ်က ပြောသည်။

“ကျနော်တို့ ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချထားတယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို ချဉ်းကပ်ပြီး ပြည်သူ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့၊ အဆိုတင်ဖို့၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံး ရတာနဲ့ ပတ်သက်ပြီး ဥပဒေ ပညာရှင်နဲ့ တိုင်ပင်ပြီး မြန်မာနိုင်ငံ လူအခွင့်အရေး ကော်မရှင်ကို ချဉ်းကပ် တင်ပြဖို့၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးဆီကို ချဉ်းကပ်ပြီး အဲဒီက တဆင့် သမ္မတ ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံပြီးတော့ တင်ပြ သွားဖို့ ဆုံးဖြတ်ထားတယ်” ဟု ကိုမင်းမင်းနွယ်က ဧရာဝတီသို့ ရှင်းပြသည်။

စီမံကိန်း ဆောက်လုပ်စဉ်က သံလွင်တံတား (ချောင်းဆုံ) ဟု အမည်ပေးထားရာမှ ဗိုလ်ချုပ်အောင်ဆန်း တံတားဟု ပြောင်းလဲ အမည်ပေးရန် အတွက် ပြည်သူ့ လွှတ်တော်တွင် အတည်ပြု ခဲ့ပြီးနောက် မတ်လ ၁၉ ရက်နေ့၌ အနယ်နယ်၊ အရပ်ရပ်ရှိ မွန်ပြည်သူ လူထုများနှင့် အခြား တိုင်းရင်းသားများ ၂ သောင်းကျော် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ထိုရလဒ်အား သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသား အသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ က မတ်လ ၂၉ ရက်နေ့၌ အစည်းအဝေးထိုင်၍ ပြန်လည် သုံးသပ်ခဲ့ပြီးနောက် ရှေ့လုပ်ငန်းစဉ်များအား ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းမင်းနွယ်က ဧရာဝတီအား ဆက်လက် ရှင်းပြသည်။

“ကျနော်တို့ ဆန္ဒပြထားတဲ့ အပေါ် ဘာတွေ သက်ရောက်မှု ရှိလဲ ၊ ပြည်သူလူထုရဲ့ အသံတွေ ဘာရှိလဲ၊ လွှတ်တော် တွေက ဘယ်လို အကြောင်းပြန်လဲ၊ မီဒီယာတွေက ဘယ်လို သုံးသပ် ကြလဲ စသည်ဖြင့် သုံးသပ်ပြီး အခုလို လုပ်ငန်းစဉ်တွေကို ချမှတ်ခြင်း ဖြစ်ပါတယ်” ဟု ဦးမင်းမင်းနွယ်က ရှင်းပြသည်။

တံတားအား ဒေသ၊ ပထဝီအနေအထား၊ မွန်ပြည်နယ်နှင့် သက်ဆိုင်သည့် အမည်နာမ တခုပေးရေး အတွက် ဒေသခံ များ၏ တောင်းဆိုချက်အား ထောက်ခံပြီး မွန်ပြည်သစ်ပါတီမှလည်း ၎င်းဒေသခံများ၏ အသံနှင့် တသားတည်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက မတ်လ ၂၉ ရက်နေ့၌ ဧရာဝတီ သတင်းဌာန၏ တွေ့ဆုံ မေးမြန်းမှုအား ဖြေကြား သွားခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
450
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
35
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
67

“တိုင်းရင်းသား ချစ်ကြည်ရေးကို ဖော်ဆောင်မယ် ဆိုရင် မလုပ်နိုင်စရာကို အကြောင်းမရှိဘူး၊ တိုင်းရင်းသားမှု ပြန်ပြုရမယ်၊ ပြည်ထောင်စုမှု ပြန်ပြုရမယ် ၊ အဲဒီတော့မှပဲ တိုင်းရင်းသား အချင်းချင်း ယုံကြည်မှု တည်ဆောင်နိုင်ပြီးတော့ အားလုံး မျှော်မှန်း ထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ရန် ယုံကြည်မှု တိုးလာမယ်” ဟု ၎င်းက ဖြေကြား ခဲ့သည်။

ယင်းသဘောထားသည် မွန်ပြည်သစ်ပါတီ၏ သဘောထား ဖြစ်ကာ ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဌာနချုပ် ရေးချောင်းဖျား စခန်း၌ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီ အစည်းအဝေး၌ ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အရှည်ပေ ၅၂၈၃ ပေ ၊ အကျယ် ၂၈ ပေ ကျယ်သည့် မော်လမြိုင်နှင့် ဘီလူးကွျှန်းသို့ ဆက်သွယ် ထားသည့် အဆိုပါ တံတားသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် တည်ဆောက် ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လကုန်၌ ပြီးစီးရန် ခန့်မှန်း ထားခဲ့သည်။

အတည်မပြုနိုင်သေးသည့် သတင်းများ အရ ဧပြီလ ၉ ရက်နေ့တွင် ယင်းတံတား ဖွင့်ပွဲအား ကျင်းပရန် ရှိနေပြီး ထိုဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ရန် ရှိနေသဖြင့် “သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ သတ်မှတ်ခြင်း ဆိုင်ရာ အမျိုးသား အသွင် ဆန္ဒ ထုတ်ဖော်ရေး ကော်မီတီ” မှလည်း ယင်းသတ်မှတ်ရက် မတိုင်မီ နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော် အတိုင်အပင်ခံ ပုဂ္ဂိုလ် တို့နှင့် တွေ့ဆုံခွင့် ရရန် ကြိုးပမ်း နေခြင်းလည်း ဖြစ်သည်။

Your Thoughts …
Tags: ဗိုလ်ချုပ်အောင်ဆန်းတံတား
ဟင်္သာနီ (မွန်မြေ)

ဟင်္သာနီ (မွန်မြေ)

Similar Picks:

ဇွန် ၁ ရက်နေ့က ပြုလုပ်သည့် တံတားအမည်ပြောင်းပွဲ အခမ်းအနား  / Than Lwin Times

တံတားအမည်ပြောင်းပွဲ မွန်ဝတ်စုံဖြင့် တက်ရန် ငွေပေးငှားရမ်းမှုများ ရှိခဲ့ဟုဆို

by ဧရာဝတီ
4 June 2021
44.3k

ထိုသို့ ငွေကြေးပေး၍ ခေါ်ယူခြင်းကို မွန်ညီညွတ်ရေးပါတီမှ ရပ်ကွက်ခေါင်းဆောင်တချို့က လာရောက်ခေါ်ယူခြင်း ဖြစ်ပြီး လူဦးရေ အတိအကျကိုမူ မသိရကြောင်း ငွေကြေးဖြင့် ကိုယ်တိုင်ခေါ်ယူခြင်းခံရသူ ဒေသခံတဦးကလည်း ပြောပြသည်။

မော်လမြိုင်မှ ချောင်းဆုံသို့ ဆက်သွယ်သည့် ဗိုလ်ချုပ်အောင်ဆန်း(ဘီလူးကျွန်း) တံတားဖွင့်ပွဲ

မော်လမြိုင်မှ ချောင်းဆုံသို့ ဆက်သွယ်သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်လှစ်

by ဟင်္သာနီ (မွန်မြေ)
9 May 2017
8k

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် ယနေ့မနက်ပိုင်း၌ ဖွင့်လှစ်လိုက်ပြီ ဖြစ်

မတ်လ ၁၉ရက် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူအင်အား တသောင်းကျော် ကန့်ကွက်သည့် ဆန္ဒပြခဲ့ကြသည် / စိုင်းသူရမိုး

NLD မှားသွားတဲ့ တံတားကင်ပွန်းတပ်

by ငြိမ်းငြိမ်း
20 March 2017
6.7k

ထိုကိစ္စကို လွှတ်တော်တွင် မည်သည့်အချိန်တွင်မျှ မတင်သင့်ခဲ့ပေ။

မဖွင့်လှစ်မီ အပြီးသတ် ပြင်ဆင်နေသော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) / Min Min New / Facebook

ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်

by နန်းလွင်နှင်းပွင့်
27 April 2017
12.4k

မွန်ပြည်နယ် ဒေသခံများ ကန့်ကွက်နေသည့် ကြားမှ “ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)” အမည်ဖြင့် ဆိုင်းဘုတ် တင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်

Next Post
ဒီတပတ်ဖတ်စရာ

ဒီတပတ်ဖတ်စရာ

“စစ်ဘေးရှောင်တွေရဲ့ ဘဝလုံခြုံမှုရှိအောင် ဆောင်ရွက်သွားမယ်”

“စစ်ဘေးရှောင်တွေရဲ့ ဘဝလုံခြုံမှုရှိအောင် ဆောင်ရွက်သွားမယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved