• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တံတားအမည်ပြောင်းပွဲ မွန်ဝတ်စုံဖြင့် တက်ရန် ငွေပေးငှားရမ်းမှုများ ရှိခဲ့ဟုဆို

by ဧရာဝတီ
4 June 2021
in သတင်း
A A
ဇွန် ၁ ရက်နေ့က ပြုလုပ်သည့် တံတားအမည်ပြောင်းပွဲ အခမ်းအနား  / Than Lwin Times

ဇွန် ၁ ရက်နေ့က ပြုလုပ်သည့် တံတားအမည်ပြောင်းပွဲ အခမ်းအနား / Than Lwin Times

44.3k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ကို သံလွင်တံတား (ချောင်းဆုံ) ဟု စစ်ကောင်စီက အမည်ပြောင်းလဲလိုက် သည့် အခမ်းအနားကို မွန်ဝတ်စုံဖြင့် တက်ရောက်ရန် ဒေသခံတချို့အား မွန်ညီညွတ်ရေးပါတီ (MUP) က ငွေကျပ် ၂ သောင်းပေး၍ ခေါ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။

ဒေသခံတဦးက “မွန်ဝတ်စုံနဲ့ ပွဲတက်တဲ့သူတွေကို နေ့စား ၂ သောင်း ပေးထားတယ်။ အဲဒါကို MUP အဖွဲ့အစည်းက ပေး ထားတယ်။ ရွာခံ မသိနားမလည်တဲ့ သူတွေပဲ ပါတယ်။ ချောင်းဆုံဘေးနားက လူတွေပဲ ပါတယ်။ ချောင်းဆုံထဲက နည်း တယ်။ မုဒုံထဲက လူတွေ ၁/၂ယောက် ပါတယ်။ MUP အဖွဲ့အစည်းထဲကလူတွေ၊ မြို့ပေါ်ကလူတွေ ပါတယ်” ဟု ပြောသည်။

ထိုသို့ ငွေကြေးပေး၍ ခေါ်ယူခြင်းကို မွန်ညီညွတ်ရေးပါတီမှ ရပ်ကွက်ခေါင်းဆောင်တချို့က လာရောက်ခေါ်ယူခြင်း ဖြစ်ပြီး လူဦးရေ အတိအကျကိုမူ မသိရကြောင်း ငွေကြေးဖြင့် ကိုယ်တိုင်ခေါ်ယူခြင်းခံရသူ ဒေသခံတဦးကလည်း ပြောပြသည်။

မွန်လူငယ်တဦးက “တံတားကိစ္စက နှစ်ဖက်စလုံးက မှားနေတာပဲ။ ဖွင့်ပြီးသားတံတားကို ထပ်ပြီးတော့ဖွင့်တာ သဘာဝ မကျဘူး။

တိုင်းရင်းသားဝတ်စုံကို ကြေးစားငှားတာကတော့ လုံးဝ မကြိုက်တာ အမှန်ပဲ။ သူတို့လိုချင်တာက တိုင်းရင်းသား ရဲ့ ဖြစ်ပေါ်မှုကို လိုချင်တာ။ အခုလို ကြေးစားငှားတော့ မွန်နဲ့ပတ်သက်ပြီး အများကြီး သိက္ခာကျစေတယ်” ဟု ဆိုသည်။

အဆိုပါ ငွေကြေးပေးပြီး ခေါ်ယူခဲ့မှုနှင့် ပတ်သက်၍ ဧရာဝတီက MUP ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမကို ဆက် သွယ်မေးမြန်းရာ ယင်းကိစ္စအား ဖြေကြားရန်မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သလို ပါတီအနေဖြင့်လည်း တစုံတရာ တုံ့ ပြန်ဖြေရှင်းခြင်း မရှိပါ။

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်းကို ဆက်သွယ်ထားသည့် အဆိုပါ တံတားအမည် ပြောင်းလဲလိုက်သည့် အခမ်း အနားကို ဇွန် ၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်၍ စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့သည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

အဆိုပါ အခမ်းအနားကို မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ စစ်ကောင်စီအဖွဲ့ဝင် တဦးလည်း ဖြစ် သည့် ဒေါက်တာဗညားအောင်မိုးလည်း တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက် ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်တွင် အဆိုပါ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့ခြင်းဖြစ်ပြီး ထိုသို့ အမည်ပေးမှုအပေါ် မွန်ဒေသခံများက ကန့်ကွက်ဆန္ဒပြ ခဲ့ကြကာ သံလွင်တံတား (ချောင်းဆုံ) ဟု သတ်မှတ်ရန် လက်မှတ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခု အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် MUP မှ ယခင်က ဒေသခံများ တောင်းဆိုခဲ့သည့် ရာမည တံတားအဖြစ် အမည်ပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကမူ သံလွင်တံတား (ချောင်းဆုံ) ဟုသာ မူလအမည်ကို ပြန်ပြောင်းပေးခဲ့ပြီး တံတားဆိုင်းဘုတ် အနီရောင်ကို အစိမ်းရောင်အဖြစ် မေ ၃၀ ရက်တွင် ပြောင်းလဲပြီးနောက် မေ ၃၁ ရက်တွင် စာသားကိုပါ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီက မွန်လူထုအကြိုက် တံတားအမည်ကို ပြန်လည် ပြောင်းလဲပေးခဲ့သော်လည်း ဒေသခံများကမူ အခြေအနေအရ တံတားအမည်ပေါ်တွင် ခံစားချက် ရှိမနေတော့ဘဲ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် ကျဆုံးစေရေး ကိုသာ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။

You may also like these stories:

ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

စစ်ကောင်စီကို တပြိုင်တည်း ဝိုင်းတိုက်ခိုက်ရန် ဒီးမော့ဆို PDF တိုက်တွန်း

NLD ပါတီကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကော်မရှင်ပြော

Your Thoughts …
Tags: MUPဗိုလ်ချုပ်အောင်ဆန်းတံတားမွန်ဝတ်စုံသံလွင်တံတား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ

by ဧရာဝတီ
31 July 2023
3.4k

ပေါက်ကွဲမှုဖြစ်ပွားသော အနီးဝန်းကျင်တခု သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများလည်း ရှိသည်။

သေနတ်မပါ ဩဇာမရှိ သို့မဟုတ် မွန်တော်လှန်ရေး ဘာကြောင့် အရေးနိမ့်နေသနည်း

သေနတ်မပါ ဩဇာမရှိ သို့မဟုတ် မွန်တော်လှန်ရေး ဘာကြောင့် အရေးနိမ့်နေသနည်း

by စိုက်ချမ်း
30 August 2025
2.1k

မွန်လူမျိုးတွင် တော်လှန်ရေးအမြတ်ဟူ၍ လက်ဆုပ်လက်ကိုင်ပြစရာ မည်မည်ရရ မရှိသေးပေ။

မော်လမြိုင်မှ ချောင်းဆုံသို့ ဆက်သွယ်သည့် ဗိုလ်ချုပ်အောင်ဆန်း(ဘီလူးကျွန်း) တံတားဖွင့်ပွဲ

မော်လမြိုင်မှ ချောင်းဆုံသို့ ဆက်သွယ်သည့် ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ဖွင့်လှစ်

by ဟင်္သာနီ (မွန်မြေ)
9 May 2017
8k

မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် ယနေ့မနက်ပိုင်း၌ ဖွင့်လှစ်လိုက်ပြီ ဖြစ်

မွန်ညီညွတ်ရေးပါတီ (MUP) ဆိုင်းပုတ်တင်ပွဲ အခမ်းအနားတခု/NMG

အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ

by ဧရာဝတီ
8 February 2021
13.5k

အာဏာသိမ်း အစိုးရအား လက်ခံလိုက်သည့် နိုင်ငံရေးပါတီများသည် ပြည်သူလူထု၏ အမျက်ဒေါသကို ရင်ဆိုင်နေရသည်။

မတ်လ ၁၉ရက် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူအင်အား တသောင်းကျော် ကန့်ကွက်သည့် ဆန္ဒပြခဲ့ကြသည် / စိုင်းသူရမိုး

NLD မှားသွားတဲ့ တံတားကင်ပွန်းတပ်

by ငြိမ်းငြိမ်း
20 March 2017
6.7k

ထိုကိစ္စကို လွှတ်တော်တွင် မည်သည့်အချိန်တွင်မျှ မတင်သင့်ခဲ့ပေ။

မဖွင့်လှစ်မီ အပြီးသတ် ပြင်ဆင်နေသော ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) / Min Min New / Facebook

ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ဖြင့် ဆိုင်းဘုတ်တင် ဖွင့်လှစ်

by နန်းလွင်နှင်းပွင့်
27 April 2017
12.4k

မွန်ပြည်နယ် ဒေသခံများ ကန့်ကွက်နေသည့် ကြားမှ “ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း)” အမည်ဖြင့် ဆိုင်းဘုတ် တင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်

Next Post
မောင်းပြန်ရိုင်ဖယ်များ ကိုင်ဆောင်လာသည့် တမူးကာကွယ်ရေးအဖွဲ့များ / TSG Facebook

ပြည်သူကို မထိခိုက်အောင် လှုပ်ရှားမည်ဟု စစ်ကိုင်းတိုင်း PDF ပြော

ကိုအောင်မြတ်ကျော်နှင့် စင်္ကာပူရောက်ရခိုင်အသင်း အနောက်ပိုင်းခရိုင် တရားရုံးသို့ သြရုတ် ၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရောက်ရှိစဉ် / မျိုးမင်းစိုး / ဧရာဝတီ

AA နှင့် ပတ်သက်၍ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုထားမှုများ ရုပ်သိမ်းလွှာတင်ထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved