• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတ ထရမ့်ရဲ့ ရက် ၁၀၀

by ဧရာဝတီ
25 April 2017
in သတင်း
A A
ထရမ့်သည် သမ္မတလောင်းဘဝက ပေးခဲ့သော အရေးပါသည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးရေး လုံးပန်းနေရသည် / Reuters

ထရမ့်သည် သမ္မတလောင်းဘဝက ပေးခဲ့သော အရေးပါသည့် ကတိကဝတ်များကို ဖြည့်ဆည်းပေးရေး လုံးပန်းနေရသည် / Reuters

8.2k
VIEWS
Share on FacebookShare on Twitter

မဲဆွယ်ပွဲကာလက သူချမှတ်ခဲ့သော စံနှုန်းများအရ ကြည့်လျှင် ထရမ့်သည် သူ၏ ပထမရက် ၁၀၀ အတွင်း သိသိသာသာ နောက်ကောက်ကျနေသည်။

သမ္မတထရမ့်၏ ပထမဆုံးရက် ၁၀၀ ကို ဖွင့်ဆိုသော ဖရိုဖရဲဖြစ်မှုများ၊ ကြားဖြတ်ဟန့်တားမှုများ အကြားမှ အရှုပ်ထုပ်ကြီးတခု ပေါ်ပေါက်လာခဲ့သည်။

ခေတ်သစ်သမ္မတများတွင် သမ္မတရာထူး စတင်လက်ခံပြီးနောက် သတ်မှတ်ထားသည့် ကာလအတွင်း ပြီးမြောက် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်သော သမ္မတ ဟူ၍ မရှိသလောက် နည်းသည်။

ပိုမိုအောင်မြင်အောင် လုပ်နိုင်သော ခေတ်သစ်သမ္မတမှာ ပို၍ပင် နည်းပါး ရှားပါးသေးသည်။

ထရမ့်သည် သမ္မတလောင်းဘဝက ပေးခဲ့သော အရေးပါသည့် ကတိကဝတ် အများစုကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပေ။ သူ၏ ဥပဒေနှင့် ပတ်သက်သော အစီအစဉ်များ ရပ်တန့်နေသည်။ သူ၏ နိုင်ငံခြားရေးမူဝါဒ ဖြစ်ပေါ် တိုးတက်မှုများက တင်းမာမှုများကို မလျှော့နည်းစေဘဲ ပိုမို များပြားစေသည်။ သူ၏ ခရီးသွားလာမှု ပိတ်ပင်ရေးနှင့် နယ်စပ်တံတိုင်း ကိစ္စများကို အစိုးရ၏ အခြားသော မဏ္ဍိုင်များက ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။

အခြေခံ အုပ်ချုပ်ရေးပညာ အရ ဆိုရပါက ထရမ့်သည် သူ၏ သမ္မတ သက်တမ်း ပထမရက် ၁၀၀ ပြည့်သည့် အချိန်တဝိုက်တွင် အစိုးရယန္တရား ရပ်တန့်မှုကို ရှောင်ရှားရန် ကြိုးစားနေရသည်။ မက္ကဆီကို နယ်စပ်တံတိုင်းကို ဆောက်လျှင် ဘတ်ဂျက်ဥပဒေ အတည်မပြုနိုင်ဘဲ ငွေခန်းခြောက်ပြီး အစိုးရယန္တရား ရပ်သွားမည့်အရေး ကြုံနေရသည်။

သမ္မတသည် အခြေအမြစ် မရှိသည့် စွပ်စွဲချက်များ(ကို တွစ်တာတွင် ရေးခြင်း)နှင့် အချိန်ဖြုန်းနေပြီး ဖြစ်ရပ်မှန် အချက်အလက်များမှ အကြီးအကျယ် ကွဲလွဲနေသော လမ်းကြောင်းသို့ သူ့ကိုယ်သူ ခေါ်ဆောင်သွားသည်။

သူ့ အနေနှင့် အခြားသော အရေးကြီးသည့် အကျပ်အတည်းများကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး သော်လည်း ထရမ့်အနေဖြင့် မဲဆွယ်ပွဲကာလ အတွင်း မဲဆန္ဒရှင်များကို ပေးခဲ့သည့် ကတိကဝတ်များကို ပိုမိုအခြေခံကျကျ ဖော်ဆောင်ဖြည့်ဆည်းပေးပြီး သူတို့၏ အသိအမှတ်ပြုမှုကို ထိန်းထားနိုင်အောင် လုပ်ဆောင်နေရသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
58
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
841

သူသည် သမ္မတရာထူးတာဝန်ကို အသစ်တဖန် ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုသည်။ သူသည် အစိုးရ၏ မဏ္ဍိုင် အဖွဲ့အစည်းများကို ထရမ့်ဝါဒ ဟု ခေါ်နိုင်သော စိတ်ရှိလက်ရှိ အင်တိုက်အားတိုက် ပုံစံဖြင့် အတွင်းကျကျ လှုပ်ခါပစ် သည်။

သို့သော် အရေးပါသော ရာထူးသက်တမ်း ရက် ၁၀၀ သို့ နီးကပ်လာသော အခါ ဝါရှင်တန်သည် ထရမ့်၏ ပြုပြင်မှုထက် ဝါရှင်တန်ကသာ ထရမ့်ကို ပြောင်းလဲပေးခဲ့သည်။

အိမ်ဖြူတော်အကြောင်း နေ့စဉ် သတင်းခေါင်းကြီးများတွင် ပါနေပြီး ထရမ့်၏ ရိုက်ခတ်မှုမှာ ဦးတည်ရာဘက် ပေါင်းစုံသို့ ရောက်နေသည်။ သူ၏ လေနှင့် ထိုးနှက် တိုက်ခိုက်မှုများ လက်တွေ့ ဖြစ်ပွားလာချိန်တွင် မဟာမိတ်များမှာ ထရမ့်အပေါ် ခန့်မှန်းနေရဆဲ ဖြစ်သလို ရန်လိုသော နိုင်ငံများကလည်း သူ့ကို သွေးတိုးစမ်းနေဆဲ ဖြစ်သည်။

ထရမ့်က သူသည် မျှော်လင့် မထားသော အံ့ဩစရာများ ပြုလုပ်ရသည်ကို သဘောကျသည် ဟု ပြောခဲ့ဖူးပြီး သူ့ကို ထောက်ခံသူများ သာမက မုန်းတီးသူများကပါ သူ၏ စကားများ အတွက် စိတ်မသက်မသာ ဖြစ်နေရဆဲဖြစ်သည်။ သူပြောသမျှ၊ သူတွစ်တာတွင် ရေးသမျှသည် ဘဝနယ်ပယ် အသီးသီးတွင် ပြောစရာ ဖြစ်နေပြီး ထရမ့်သည် သူပြောသည့် ကိစ္စတိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေလိုပုံ ရသည်။

လွန်ခဲ့သော အပတ်ကမူ သမ္မတသည် ရက် ၁၀၀ အထိမ်းအမှတ်ကို တင်သွင်းခဲ့ခြင်း အတွက် သူ့ကိုယ်သူ ပြန်လွန်ဆွဲနေသည်။ သူ၏ အစီအစဉ်များ အတွက် နောက်ဆုံးအကြိမ် အားထုတ်မှု ပြုလုပ်နေစေကာမူ ပထမ ရက် ၁၀၀ ဟူသော မဆီမဆိုင် စံနှုန်းများကြောင့် ထိုကာလ အတွင်း သူလုပ်ဆောင်ခဲ့သည်များ အတွက် များများစားစား အသိအမှတ်ပြု ခံရမည် မဟုတ်ဟု သမ္မတက လွန်ခဲ့သောအပတ်ကပင် ဟောကိန်းထုတ်သည်။

လာမည့် ရက်များတွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အတွက် မဲခွဲသော ရက်သတ္တပတ် အတွင်း အစိုးရရန်ပုံငွေ ဆက်လက် စီးဆင်းနေရန် ကြိုးစားနေရသည့် တချိန်တည်းတွင် သူ့တွင် လက်တွေ့မကျသော်လည်း ထုံးစံအားဖြင့် ရဲတင်းသည်ဟု သတ်မှတ်ရမည် ဖြစ်သော ရည်မှန်းချက်ရှိသည်။

ခြုံ၍ပြောရလျှင် သူ၏ သမ္မတသက်တမ်း ပထမရက် ၁၀၀ အတွက် လူထုအမြင်မှာ စိတ်မသက်သာဖွယ်ရာ ဖြစ်သည်။ ABC News-Washington Post ၏ တနင်္ဂနွေနေ့က ထုတ်ပြန်သော လူထုသဘောထား စစ်တမ်းတွင် ၅၃ ရာခိုင်နှုန်းက ထရမ့်၏ သမ္မတတာဝန် ထမ်းဆောင်မှုကို မနှစ်မြို့ကြဘဲ ၅၆ ရာခိုင်နှုန်းက သူသည် သူ၏ ရာထူးသက်တမ်း ပထမ ရက် ၁၀၀ အတွင်း ပြီးမြောက်အောင်မြင်မှု မရှိသလောက်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။

သို့သော် ထိုစစ်တမ်းတွင် သမ္မတကို ထောက်ခံသူများ၏ “နောင်တ” ကို အရိပ်အမြွတ် မျှပင် မတွေ့ရပေ။ နိုဝင်ဘာလ သူ့ကို မဲပေးရွေးချယ်ခဲ့သူများ ဟု ဆိုသူများ၏ ၉၆ ရာခိုင်နှုန်းက သူသည် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်နေသည် ဟု ပြောသည်။ ရွေးကောက်ပွဲကို ယနေ့ထပ်မံ ကျင်းပပါက ထရမ့်သည် လူထုထောက်ခံမဲဖြင့် အနိုင် ရနိုင်ခြေ ရှိသည် ဟု ကောက်ယူရရှိသော အချက်အလက်များက ပြနေကြသည်။

မည်သည့် ကိစ္စမျှ ဤသမ္မတ အတွက် မလွယ်ကူပေ။ သို့သော် သူသည် တိုက်ပွဲကို နှစ်ခြိုက်နေပုံရသည်။ ထုတ်ပြန် ကြေညာ ပြောကြားချက် မှန်သမျှ အားလုံးနီးပါးသည် နိုင်ငံရေး အတိုက်အခံများထံမှ သာမက တရားစီရင်ရေး မဏ္ဍိုင်၊ ကွန်ဂရက် နှင့် သူ့လက်အောက်မှ အေဂျင်စီ ဗျူရိုကရက်အရာရှိများ ထံမှပင် ချက်ချင်းရန်လို တုံ့ပြန်မှုကို ရသည်။

ဒီမိုကရက်များနှင့် ထရမ့်ကို ဆန့်ကျင်သော အခြားအင်အားစုများ၏ တုံ့ပြန်မှုကို “ခုခံမှုများ”ဟု သူက ခေါ်နေသော်လည်း အုပ်ချုပ်ရေးမှာ ဝရုန်းသုန်းကား ဖြစ်ဆဲဖြစ်သည်။

ထရမ့်သည် သူ့အတွက် သင့်တော်လျှင် သူသည် အခြေအနေကို လေ့လာနေသောကြောင့် ဖြစ်စေ၊ အကျိုးရှိသောကြောင့်ဖြစ်စေ၊ ထိုစဉ်က သူမှန်သည်ဟု ထင်သောကြောင့်ဖြစ်စေ လှုပ်ရှားသည်။

သူသည် သမ္မတ၏ ရင့်ကျက်မှုကို မရသေးပေ။ စစ်မှန်သော ပြီးမြောက်အောင်မြင်မှုကို ရရှိမည့် အခြေအနေသို့ မရောက်သေးပါ။ သို့သော် သူဝါရှင်တန်သို့ ဆောင်ယူခဲ့သော အပြောင်းအလဲများ၊ သူ၏ ရာထူးအတွက် ဆောင်ယူခဲ့သော အပြောင်းအလဲများသည် သူ၏ သမ္မတ သက်တမ်းထက် ပိုမို သက်ဆိုးရှည်မည် ဖြစ်သည်။

(www.abcnews.go.com တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် RICK KLEIN SHUSHANNAH WALSHE ၏ Trump’s impact exceeds accomplishments in first 100 days ကို ဘာသာပြန်သည်။)

Your Thoughts …
Tags: ထရမ့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

USAGM အထူးအကြံပေး ကာရီလိတ် က ထရမ့် ခြေရာ နင်းမယ့်သူလား

USAGM အထူးအကြံပေး ကာရီလိတ် က ထရမ့် ခြေရာ နင်းမယ့်သူလား

by ဧရာဝတီ
23 March 2025
2.7k

ကာရီလိတ်ဟာ နှစ် ၃၀ နီးပါး မီဒီယာလောကမှာ ကျင်လည်ခဲ့ကာ နိုင်ငံရေး လောကကို ဝင်ရောက်လာခဲ့ပြီး သတင်း မီဒီယာ သမားတွေကို အမြင် မကြည်တဲ့သူလည်း ဖြစ်ပါတယ်။

အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

အီလွန်မတ်စ် ကို တက်စ်လာ ရဲ့ CEO နေရာကနေ ဆင်းပေးဖို့ တောင်းဆိုမှုတွေ ရှိလာ

by ဧရာဝတီ
22 March 2025
2.6k

“တက်စ်လာ က CEO အသစ် လိုနေပြီလို့ ကျနော်ထင်ပါတယ်။ ဒီအကြောင်းကို စပြောဖို့ ဒီနေ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အခု အစီအစဉ်က ဒီအကြောင်းကို ဖွင့်ပြောတဲ့ ပထမဆုံး အစီအစဉ် ဖြစ်ပါတယ်…”

ပင်လယ်ဓားပြ လမ်းဓားပြ

ပင်လယ်ဓားပြ လမ်းဓားပြ

by စံရိပ်ငြိမ်
23 February 2025
2.6k

အဲဒီ လမ်းဓားပြကြီးတွေက ကြားက ဖြတ်ခုတ်ပြီး ပြန်ချပေးလိုက်တဲ့ အကူအညီ ဆိုတာ တကယ် လိုအပ်နေတဲ့ လူတွေဆီကို ရောက်ချိန်မှာ ရေကြည်လေး တပေါက် နှစ်ပေါက် စာလောက်ပဲ ရှိပါတော့တယ်တဲ့။

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

ထရမ့်မပါတဲ့ တရုတ်ရဲ့ အာဏာရှင်များ စုဝေးပွဲ

by Allyson Horn
1 September 2025
2.6k

တရုတ်နိုင်ငံသည် ကမ္ဘာ့သြဇာအကြီးဆုံး အာဏာရှင်များနှင့် အလွန်ထူးခြားသည့် စစ်ရေးပြပွဲတခုကို ကျင်းပသော်လည်း ဧည့်သည်စာရင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မပါဝင်ပေ။

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

ထရမ့်က အီလွန်မတ်စ်ကို “အစိုးရစွမ်းဆောင်ရည်ဌာန” ဖွဲ့ ဦးဆောင်စေမည်

by ဧရာဝတီ
13 November 2024
1.8k

မတ်စ်နှင့် အခြား အမာခံ မဟာမိတ် စီးပွားရေးသမား ဗီဗက် ရာမာဆွာမီတို့သည် DOGE အစိုးရစွမ်းဆောင်ရည်ဌာန Department of Government Efficiency ကို ဦးဆောင်မည်ဟု ထရမ့်က အဆိုပြုသည်။

Next Post
ပျောက်ဆုံးကျောင်းသားများကို ရှာဖွေစဉ် / ကောင်းမြတ်မင်း / ဧရာဝတီ

ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကိုးတန်းကျောင်းသား သုံးဦး ပျောက်ဆုံးနေ

မန္တလေးပဲနှမ်း ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြုလုပ်နေကြသည့် ကုန်သည်ပွဲစားများ  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ပြည်ပ ဝယ်လိုအား ကျဆင်းနေ၍ မန္တလေး ပဲနှမ်း ဈေးကွက်ပျက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved