• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လက်တွေ့တွင် လယ်သမားများအပေါ် ကြိုတင်ဝင်ငွေခွန် ကောက်ခံရန် မရှိ

by မျိုးပပစန်း
2 June 2017
in သတင်း
A A
ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင်မြင်ကွင်းကို တွေ့ရပုံ / ဧရာဝတီ

ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင်မြင်ကွင်းကို တွေ့ရပုံ / ဧရာဝတီ

4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ လယ်သမားအများစုသည် စည်းကြပ်ထိုက်သော ဝင်ငွေမရှိသည့်အတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်း ကောက်ခံရန် အစီအစဉ်မရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ ဝင်ငွေခွန်မှာ အဓိပ္ပါယ်ဖွင့်ဆိုထားတာက မည်သူမဆို ကြီးကြပ်ထိုက်တဲ့ ဝင်ငွေရှိလျှင် ဝင်ငွေခွန်ပေးဖို့ တာဝန်ရှိတယ်။ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်းက အကုန်လုံးကို ပြောတာဖြစ်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမားအများစုမှာ စည်းကြပ်ထိုက်တဲ့ဝင်ငွေ မရှိတဲ့အတွက် အခွန်မပေးရခြင်း ဖြစ်တယ်။ ဒါကြောင့် မကောက်ပါဘူး။ အခုလည်း လယ်ယာနဲ့ပတ်သတ်တဲ့ တဦးချင်းပုဂ္ဂိုလ်တွေမှာ ၂ ရာခိုင်နူန်း ကြိုတင်ဝင်ငွေခွန် မကောက်ဖို့ ညွန်ကြားထားတယ်” ဟု ဆိုသည်။

လယ်ယာထွက်ကုန်များ ရောင်းချမှု ကျပ် ၅ သိန်းနှင့်အထက် ဝင်ငွေရရှိပါက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် ၎င်းက ပြန်လည်ရှင်းပြပြောဆိုခြင်း ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဦးမင်းထွဋ်က “ ကြီးကြပ်ထိုက်တဲ့ဝင်ငွေခွန်က ဥပမာ – လယ်ယာထွက်ကုန်တွေ ရောင်းတာ ကျပ်သိန်း ၁၀၀ ရတယ်ဆိုပါစို့။ အဲဒီထဲက လိုအပ်တဲ့သွင်းအားစု ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ မျိုးစပါးတို့ မျိုးစေ့တို့ အလုပ်သမားခတို့ စသဖြင့် စရိတ်တွေ နူတ်လိုက်တယ်။ အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း နုတ်ခွင့်ပြုတယ်။ အဲဒါပြီးတော့ ခင်ပွန်းဆိုရင် ကျပ် ၁၀ သိန်း၊ ဇနီးဆိုရင် ကျပ် ၁၀ သိန်း နုတ်ခွင့်ပေးတယ်။ တချို့တောင်သူလယ်သမားက အိမ်ထောင်ရှိတယ်။ အဖေ၊ အမေလည်း ရှိတယ်။ ယောက္ခမလည်း အတူနေတယ်ဆိုရင် တဦးကို ၁၀ သိန်းနူန်းနဲ့ ကျပ်သိန်း ၄၀ ကို ထပ်နုတ်ခွင့်ပေးတယ်။ ဒါ့အပြင် သားသမီးလည်း ရှိတယ်။ သူတို့တွေက အလုပ်အကိုင်မရှိရင် တယောက်ကို ကျပ် ၅ သိန်း နုတ်ခွင့်ပေးတယ်။ အဲဒါတွေနုတ်ပြီး ကျန်တဲ့ငွေက ၅ သိန်းအထက်ရှိနေမှ အခွန်ပေးရမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လယ်သမားတော်တော်များများ အဲဒီလောက် ဝင်ငွေမရှိကြလို့ အခွန်မကောက်ခြင်း ဖြစ်ပါတယ်’’ ဟု ရှင်းပြသည်။

ထို့အပြင် ကြိုတင်ဝင်ငွေခွန်အား တဦးချင်းပုဂ္ဂိုလ်ကစ၍ လောလောဆယ် ကြိုတင်၍ မဖြတ်ထားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရသည်။ ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ၁၉၇၄ ခုနှစ်ကတည်းက စတင်ပြဌာန်းထားခဲ့ပြီး ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းများ လုပ်သာကိုင်သာရှိစေရန် ရည်ရွယ်၍ အသုံးအနူန်းများကို ပြုပြင်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၌ အခွန်ကောက်ခံရာတွင် တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်ဟူ၍ ၂ မျိုးရှိပြီး လယ်ယာသီးနှံ စိုက်ပျိုးရေး သမားများကို ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းအမျိုးအစားသည် တိုက်ရိုက်ခွန် (ခေါ်) တဦးချင်းစီ ကောက်ခံသော အခွန်အမျိုးအစားတွင် ပါဝင်ကြောင်း ဦးမင်းထွဋ်က ပြောသည်။

“သွယ်ဝိုက်ခွန်က နိုင်ငံတကာမှာ (commercial tax) လို့ ခေါ်တယ်။ ကျနော်တို့နိုင်ငံမှာ ဒါကိုကုန်သွယ်လုပ်ငန်းခွန်လို့ ခေါ်တယ်။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိနှုန်းထားက ၅ ရာခိုင်နှုန်းပါ။ ကမ္ဘာမှာ တချို့ဖွံ့ဖြိုးပြီးနိုင်ငံတွေက ၂၀ ရာခိုင်နူန်း၊၂၅ ရာခိုင်နူန်း ကောက်တယ်။ ကမ္ဘာရဲ့ပျမ်းမျှနူန်းကတော့ ၁၅ ဒသမ ၅ ရာခိုင်နူန်း ဖြစ်တယ်။ တနည်းအားဖြင့်ပြောရင် သွယ်ဝိုက်ခွန်မှာ မြန်မာနိုင်ငံမှာ ကောက်တဲ့အခွန်က ကမ္ဘာပေါ်မှာ အနည်းဆုံး ဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၌ ကုန်သွယ်လုပ်ငန်းခွန် အမျိုးအစားတွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတခုလုံးကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားပြီး သတ်မှတ်ဝင်ငွေ ပမာဏရရှိသည့် တောင်သူလယ်သမားများကိုသာ ဝင်ငွေခွန်ကောက်ခံခြင်း ဖြစ်သည်။ ယခုအချိန်အထိ လယ်သမားအများစုမှာ စည်းကြပ်ထိုက်သော ဝင်ငွေခွန် မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ရိုက်ခွန်ဖြစ်တဲ့ ဝင်ငွေခွန်မှာ တဦးချင်းစီမှာ ကောက်တဲ့အခွန်နဲ့ ကုမ္ပဏီတို့ စီးပွားရေးအဖွဲ့အစည်းတို့မှာ ကောက်တာမျိုးတွေ ရှိတယ်။ ကုမ္ပဏီမှာကောက်တဲ့ ရာခိုင်နူန်းက အသားတင်အမြတ်ရဲ့ ၂၅ ရာခိုင်နူန်း ဖြစ်တယ်။ တဦးချင်းပေါ်မှာ ကောက်တာက အခြေခံသက်သာခွင့်တွေ ဇနီး၊ သားသမီး၊ မိဘ သက်သာခွင့်တွေကို နုတ်ပြီး၊ တချို့စီးပွားရေး လုပ်ငန်းတွေဆိုရင် သူတို့ရဲ့ကုန်ကျစရိတ်တွေ နုတ်ပြီးတော့ ၁ ကျပ်ကနေ ကျပ်သိန်း ၂၀ အထိ နုတ် ပြီးတော့မှ အဲဒီအပေါ်မှာ ကောက်တယ်” ဟု ဦးမင်းထွဋ်က ရှှင်းပြသည်။

တဦးချင်း ဝင်ငွေခွန်တွင် ကျပ် ၅ သိန်းနှင့်အထက် ကျော်လွန်ပါက အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဆန်၊ ပဲ ကဲ့သို့ လယ်ယာထွက်ကုန် တခုချင်းအပေါ် ကောက်ခံမည့်ပုံစံနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် သက်ဆိုင်ရာတို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း ကောက်ခံရန် ညွှန်ကြားထားခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နူန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌဦးစိန်ဝင်းလိူင်က “လယ်သမားတွေကို ကြိုတင်ဝင်ငွေခွန် ကောက်မှာ မဟုတ်ပါဘူး။ ကောက်လည်း မကောက်သင့်ဘူး။ ကျနော်တို့အသင်းလည်း ဒါကိုလက်မခံနိုင်ဘူး’’ဟု ပြောသည်။

Your Thoughts …
Tags: ကြိုတင်ဝင်ငွေခွန်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဆန်ဂိုဒေါင် တရုံ / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ပို့ကုန်လုပ်ငန်းများ ကြိုတင်ဝင်ငွေခွန်၂ ရာခိုင်နှုန်း ဖြေလျှော့မှု ယနေ့ စတင်အသက်ဝင်

by အောင်သီဟ
1 April 2020
4.9k

ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ပို့ကုန် တင်ပို့မှုများ ပြုလုပ်ရာတွင် ကြိုတင် ဝင်ငွေခွန် ပေးဆောင်နေရခြင်း ကို ယခု ဘဏ္ဍာနှစ်ကုန်(စက်တင်ဘာလ)အထိ ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဧရာဝတီသို့ ပြောသည်။

မတ် ၁၆ ရက်ညက မိန့်ခွန်းပြောကြားနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် / Myanmar State Counsellor Office / Facebook

ပို့ကုန် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော

by အောင်သီဟ
17 March 2020
15.9k

ကျနော်တို့ အလုပ်ရှင်တွေကို မစိုးရိမ်ပါဘူး ကျနော်တို့ စိုးရိမ်တာက အလုပ်ကိုပဲ စိုးရိမ်တာ အလုပ်မရှိတော့ဘူး ဆိုရင် အဲဒီအလုပ်မှာ မှီခိုနေတဲ့ လူတွေ အကုန်လုံးထိခိုက်မှာလေ

Next Post
ကချင်ပြည်နယ်ရှိ အင်းတော်ကြီးအိုင် / Thet Zaw Win

အင်းတော်ကြီးဝန်းကျင်ရှိ ရွှေတူးမှုများ လုံခြုံရေးအရ မနှိမ်နင်းနိုင်

မနီလာမြို့တော် အပန်းဖြေစခန်းတိုက်ခိုက်မှု၊ လူ ၃၄ဦးခန့် သေဆုံး

မနီလာမြို့တော် အပန်းဖြေစခန်းတိုက်ခိုက်မှု၊ လူ ၃၄ဦးခန့် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved