• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုက္ခသည် ဦးရေ ကြီးထွားလာသည့် စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်

by ရန်နိုင်
23 June 2017
in သတင်း
A A
ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုမှ ကလေးတဦး  / Reuters

ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတခုမှ ကလေးတဦး / Reuters

10.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပြည်တွင်း ပဋိပက္ခများကြောင့် ၂၀၁၆ နှစ်ကုန် အထိ လူ ၄၉၀၀၀၀ ကို ဒုက္ခသည် ဖြစ်စေသကဲ့သို့ အခြားသူ ၃၇၅၀၀၀ မှာ နေရပ်စွန့် ထွက်ပြေးပုန်းရှောင် (IDP) များ ဖြစ်စေခဲ့ပြီး ကမ္ဘာအနှံ့ နေရပ်စွန့် ထွက်ပြေးပုန်းရှောင်နေသည့် လူဦးရေ တိုးပွားလာစေသည် ဟု အာရှဒေသ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ပြောခွင့်ရသူ ဗီဗီယန်တန် က ပြောသည်။

၂၀၁၆ ခုနှစ်ကုန်အထိ ကမ္ဘာတဝန်းတွင် လူ ၆၅ ဒသမ ၅ သန်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာရခြင်း ကြုံတွေ့နေရသည် ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကမ္ဘာ့ ဒုက္ခသည်များနေ့ မတိုင်မီ အင်္ဂါနေ့က ထုတ်ပြန်သည့် နှစ်စဉ် ကမ္ဘာ့အခြေအနေ အစီရင်ခံစာတွင် ဖော်ပြသည်။
“ကမ္ဘာတဝန်း စစ်ပွဲ၊ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖိနှိပ်ခြင်းတို့သည် အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကို ယခင်ကထက် ပိုမို များပြားလာစေသည်” ဟု ထို အစီရင်ခံစာတွင် ဖော်ပြသည်။

ထို စာရင်းပါ လူ ၆၅ ဒသမ ၅ သန်းတွင် ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ ထွက်ပြေးရသူများနှင့် ခိုလှုံခွင့်တောင်းခံသူများ ပါဝင် သည်။ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အများအပြား ဖြစ်စေသော နိုင်ငံများတွင် ဆီးရီးယား၊ တောင်ဆူဒန်၊ အီရတ်နှင့် ကိုလံဘီယာတို့ ပါဝင်ပြီး စစ်နှင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိုသို့ကြုံတွေ့ရခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံဟာ ကမ္ဘာ့အဋ္ဌမမြောက် ဒုက္ခသည် အများဆုံး ပေါ်ပေါက်စေတဲ့ နိုင်ငံဖြစ်ပြီး ဒုက္ခသည် ၄၉၀၀၀၀ လောက်ကို အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယ နိုင်ငံတွေက လက်ခံထားရပါတယ်” UNHCR Asia ပြောခွင့်ရသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တို့တွင်လည်း ပြည်တွင်း ရွာပုန်းရွာရှောင် အဖြစ် ရွှေ့ပြောင်းနေထိုင်ရသူမှာ ၃၇၅၀၀၀ ရှိသည်ဟုလည်း ထိုပြောခွင့်ရသူက ဆိုသည်။

နိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရှိနေသော်လည်း နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ မပြီးနိုင် မဆုံးနိုင်အောင် ဖြစ်နေမည်ကို စိုးရိမ်နေရသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ တိုးတက်မှုကို အနီးကပ် ကြည့်လိုက်တဲ့အခါ ကျတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မှာကို စိုးရိမ်ရတယ်။ ၂၀၁၁ ခုနှစ် ဇွန်လက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်သွားပြီးနောက် တိုက်ပွဲတွေ ဖြစ်နေတာ ၇ နှစ်ထဲကို ရောက်လာပြီ” ဟုလည်း ဗီဗီယန်တန် က ပြောသည်။ သူက မြန်မာစစ်တပ်နှင့် KIA တို့ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်သည် ၂၀၁၁ ခုနှစ်မှာ ပျက်သုန်းခဲ့ခြင်း ဆို ဆိုလိုသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများမှ ဆယ်စုနှစ်များစွာကြာ တိုက်ပွဲများသည် ဒေသတွင်းတွင် အရှည်ကြာဆုံးသော ဒုက္ခသည်နှင့် ပြည်တွင်း နေရပ်စွန့်ခွာ နေထိုင်ရခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

အရပ်သား အများအပြားမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှု အကူအညီများကိုလည်း အကန့်အသတ်ဖြင့်သာ ရရှိနေသည်ဟု သူက ဆက်ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ နောက်ထပ်တိုးတက်မှုတွေဟာ အနာဂတ်မှာ ဒုက္ခသည်တွေနဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူတွေ အတွက် သူတို့ သဘောအရ လုံခြုံပြီး သိက္ခာရှိစွာ နေရပ်ပြန်ဖို့ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေး အတွက် အခြေခံတွေကို ချမှတ်နိုင်မယ် လို့ ကျမတို့ မျှော်လင့်ပါတယ်” ဟုလည်း ဗီဗီယင်တန် က ပြောသည်။

တချိန်တည်းတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်ရှိ အသိုင်းအဝန်း ၂ ခု အကြား ပဋိပက္ခကြောင့် လူ ၁၂၀၀၀၀ တို့သည် နေအိမ်များ ဆုံးရှုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက် စခန်းများတွင် ဆိုးရွားသော အခြေအနေဖြင့် နေထိုင်နေ ကြရသည်။

“မနှစ်က အောက်တိုဘာလက ရခိုင်ပြည်နယ်မှာ စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ စိုးရိမ်နေတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၇၄၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရတယ်” ဟု ဗီဗီယင်တန် က ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ၆၅ သန်း အနက် ၁၇ ဒသမ ၂ သန်းကို UNHCR က တာဝန်ယူနေရသည် ဟု ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့ဒုက္ခသည် အများဆုံး ဖြစ်ပေါ်စေသော နိုင်ငံဖြစ်ပြီး တူရကီနှင့် အခြားနိုင်ငံများတွင် ဒုက္ခသည် ၅ ဒသမ ၅ သန်းပေါ်ပေါက်စေခဲ့သည်။
သို့သော် တောင်ဆူဒန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဇူလိုင်လတွင် ပျက်စီး သွားပြီးနောက် ၂၀၁၆ ခုနှစ် အတွက် အကြီးမားဆုံး ဒုက္ခသည် ထုတ်လုပ်သည့် နိုင်ငံသစ်တခု ဖြစ်လာစေခဲ့သည်။

ဆီးရီးယား၊ အီရတ် နှင့် ကိုလံဘီယာတို့သည် နေရပ်စွန်ခွာရမှု အများဆုံး ဖြစ်စေသောနိုင်ငံများ ဖြစ်သည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်က ကမ္ဘာတဝန်းခိုလှုံခွင့်တောင်းသူ ၂ ဒသမ ၈ သန်းရှိသည်။

ကမ္ဘာ့ဒုက္ခသည်များ၏ ထက်ဝက်ဖြစ်သော ကလေးသူငယ်များသည် ၎င်းတို့၏ ထိခိုက်လွယ်သော အခြေအနေများကြောင့် အရွယ်နှင့် မမျှသော ဝန်ထုတ်ဝန်ပိုးများကို ခံစားနေရသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်တွင် အနည်းဆုံး လူ ၁၀ သန်းတို့သည် လူမျိုးမဲ့ သို့မဟုတ် နိုင်ငံမဲ့ ဖြစ်စေသည့် အခြေအနေရှိသည် ဟု UNHCR က ခန့်မှန်းသည်။

Your Thoughts …
Tags: ဒုက္ခသည်
ရန်နိုင်

ရန်နိုင်

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post
Baby & Barani ဖက်ရှင်နဲ့အလှပြင်ဆိုင်မြင်ကွင်း / ယုဖြူဟန် / ဧရာဝတီ

Sexy မော်ဒယ် ဘေဘီမောင်ရဲ့ ဖက်ရှင်နဲ့ အလှပြင်ဆိုင်

ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင်းရှိ ကျူးကျော်အဖြစ် သတ်မှတ်ထားသော ကျောက်အိုင်ရွာကို ဖျက်ဆီးဖယ်ရှားစဉ် / သက်ထွန်းနိုင် / ဧရာဝတီ

ကျူးကျော်များကို မြေကွက်ရိုက်ရောင်းချသည့် ကျေးရွာကော်မတီကို လိမ်လည်မှုဖြင့်အမှုဖွင့်ထား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved