• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လာဘ်စားမှုဖြင့် ပါကစ္စတန်ဝန်ကြီးချုပ် နုတ်ထွက်

by ဧရာဝတီ
29 July 2017
in သတင်း
A A
ပါကစ္စတန် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အောင်ပွဲခံနေသော အတိုက်အခံများ / Reuters

ပါကစ္စတန် တရားရုံးချုပ် ဆုံးဖြတ်ချက်ကို အောင်ပွဲခံနေသော အတိုက်အခံများ / Reuters

3.1k
VIEWS
Share on FacebookShare on Twitter

မကြေညာသော ပိုင်ဆိုင်မှုများကြောင့် ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်သည် စံမမီဟု တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့သောကြောင့် ယမန်နေ့ သောကြာနေ့က တာဝန်မှ နုတ်ထွက်သွားရပြီ ဖြစ်သည်။

ပနားမား အစီရင်ခံစာများဟု လူသိများသော နိုင်ငံပြင်ပရှိ မကြေညာသော ပိုင်ဆိုင်မှုများကို ထုတ်ဖော်တင်ပြထားချက်တွင် နဝပ်ဇ်ရှာရစ်ဖ်၏ မိသားစုပိုင် ကုမ္ပဏီများ ပါဝင်ကြောင်း စွပ်စွဲထားခြင်းအပေါ် ပါကစ္စတန် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့အပြီး ပါကစ္စတန်တွင် အစိုးရခေါင်းဆောင်မဲ့သွားခဲ့ရသည်။

နောက်နှစ် ရွေးကောက်ပွဲမတိုင်မီအထိ အစိုးရကို ဦးဆောင်ရန် လွှတ်တော်တွင် မဲအများစုကို အခိုင်အမာ ရထားသည့် အာဏာရ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ချုပ် – နဝပ်ဇ် Pakistan Muslim League-Nawaz (PML-N) က ဝန်ကြီးချုပ်သစ် အမည်စာရင်းကို မကြာမီ တင်သွင်းလိမ့်မည်ဟု မျှော်လင့်ရသည်။

နာမည်စာရင်းတွင် နာဝပ်ဇ်ရှာရစ်ဖ် အစိုးရ၏ ကာကွယ်ရေးဝန်ကြီး အဆစ်ဖ်ခဝါဂျာ၊ စီမံကိန်းဝန်ကြီး အားစန်အစ်ဘယ်လ်၊ ရေနံဝန်ကြီး ဆာဟစ်အဘာစီတို့ ရှေ့ပြေးနေကြသည်။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
3
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
11
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
6

ဝန်ကြီးချုပ် မည်သူပင် ဖြစ်လာစေ ဆိုးဝါးလာနေသော ပါကစ္စတန်နှင့် အမေရိကန် ဆက်ဆံရေး၊ အိန္ဒိယနှင့် ဆက်ဆံရေး၊ တလီဘန် အိုင်အက်စ်စသော စစ်သွေးကြွအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်မှုများကို ကိုင်တွယ်ရမည်ဖြစ်သည်။ စီးပွားရေးတွင်မူ တရုတ်ရင်းနှီးမြှုပ်နှံမှု များလာသော်လည်း နိုင်ငံခြား အရန်ငွေ ကျဆင်းလာမှုနှင့် ပို့ကုန်ကျဆင်းလာမှုများကို ဘောဂဗေဒ ပညာရှင်များက စိုးရိမ်ကြသည်။

အသက် ၆၇ နှစ်အရွယ် နာဝပ်ဇ်ရှာရစ်ဖ်သည် ဝန်ကြီးချုပ် ၃ ခါဖြစ်ဖူးပြီး ယခုတကြိမ် ထပ်မံထွက်ရခြင်းသည် ပါကစ္စတန်၏ ဒီမိုကရေစီ ထိလွယ်ခိုက်လွယ်ကြောင်း ပြသနေသည်။ ၁၉၄၇ ခုနှစ် ဗြိတိသျှထံမှ လွတ်လပ်ရေးရချိန်ကတည်းက မည်သည့် ဝန်ကြီးချုပ်မျှ သက်တမ်းပြည့် မနေရသေးပေ။

တရားရုံးချုပ်၏ သောကြာနေ့ စီရင်ချက်သည် အတိုက်အခံခေါင်းဆောင် နာမည်ကျော် ခရစ်ကတ် ကစားသမားဟောင်း အင်မ်ရန်ခန်၏ အောင်ပွဲဖြစ်သည်။ နာဝပ်ဇ်ရှာရစ်ဖ်၏ ပိုင်ဆိုင်မှုကို စုံစမ်းစစ်ဆေးခြင်း မလုပ်လျှင် လမ်းပေါ် လူထုဆန္ဒပြပွဲများ ကြုံရမည်ဟု အင်မ်ရန်ခန်က မနှစ်က ခြိမ်းခြောက်ခဲ့သည်။

နိုင်ငံရပ်ခြားရှိ ကုမ္ပဏီများမှ ငွေဖြင့် လန်ဒန်တွင် ဈေးကြီးသော တိုက်ခန်းကို နာဝပ်ဇ်ရှာရစ်ဖ် မိသားစု ဝယ်ယူထားကြောင်း ပနားမား အစီရင်ခံစာက ဖော်ထုတ်အပြီး အင်မ်ရန်ခန်သည် နိုင်ငံရေးအရ ဖိအားပေးတော့သည်။

“ဒီနေ့ဟာ ပါကစ္စတန်အတွက် အောင်ပွဲပါ။ ဒီနေ့က စပြီး သူခိုးကြီးတွေကို ဖမ်းတော့မယ်”ဟု အင်မ်ရန်ခန်က ဆိုသည်။

အင်မ်ရန်ခန် ကိုယ်နှိုက်လည်း ဝင်ငွေ အရင်းအမြစ် ထိန်ချန်မှုဖြင့် တရားရုံးချုပ်က စိစစ်နေဆဲ ဖြစ်သည်။ စွဲချက်ကို အင်မ်ရန်ခန်က ငြင်းဆိုသည်။

Your Thoughts …
Tags: ပါကစ္စတန်လာဘ်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

စစ်အာဏာသိမ်းကာလ ရာထူးတိုးလာသည့် “ဒွေး” မောင်နှမ

by ဧရာဝတီ
22 August 2024
13.3k

ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ်ဖြစ်သည့်အချိန်တွင် လာဘ်စားမှုဖြင့် နာမည်ကြီးသည်။

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ

by စွယ်တော်
27 August 2024
9.9k

ကျနော် ဉာဏ်မီသလောက် တွေးရမည်ဆိုလျှင် နံပါတ် ၁ အနေဖြင့် မင်းအောင်လှိုင် ပြေးလိမ့်မည်ဟု အဖြေထွက်သည်။

ထောင်ကျနေသော ပြည်ထဲရေးဝန်ကြီးဟောင်းအား အိမ်အကျယ်ချုပ် ပြန်ထား

ထောင်ကျနေသော ပြည်ထဲရေးဝန်ကြီးဟောင်းအား အိမ်အကျယ်ချုပ် ပြန်ထား

by ဧရာဝတီ
9 February 2024
9.5k

ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးတာဝန်ယူစဉ်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စ လာဘ်ငွေယူခြင်းနှင့် ဝန်ကြီးဌာနသက်သာရန်ပုံငွေများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်း မရှိသည့်အတွက် စစ်တရားရုံးဖြင့် စစ်ဆေးကာ နိုဝင်ဘာ ၁၀ ရက်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။

ကျားဖြန့်၊  အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်

by စွယ်တော်
22 February 2025
8.4k

လောက်ကိုင်ရှိ ကျားဖြန့်များကို မြောက်ပိုင်း သုံးဖွဲ့က နှိမ်နင်းကြောင်း ကြေညာပြီး စစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ကျားဖြန့်သည် ပြည်တွင်း၌ အခိုင်အမာ ရောက်ရှိနေပြီ ဖြစ်သည်။

Next Post
ဖျက်ပြီးသား ဆောက်လိုက်တယ်

ဖျက်ပြီးသား ဆောက်လိုက်တယ်

မအူပင်စက်မှုဇုန်တွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်

မအူပင်စက်မှုဇုန်တွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved