• English
Thursday, January 15, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UNFC ကို ပူးပေါင်းရန် FPNCC ဖိတ်ခေါ်

by နန်းလွင်နှင်းပွင့်
29 August 2017
in သတင်း
A A
FPNCC ၏ အတွင်းရေးမှူးချုပ် ဦးကျောက်ကော်အန်း

FPNCC ၏ အတွင်းရေးမှူးချုပ် ဦးကျောက်ကော်အန်း

17.2k
VIEWS
Share on FacebookShare on Twitter

အစိုးရ အကောင်အထည်ဖော်နေသည့် အပစ်ရပ်စာချုပ်၏ ကောင်းကျိုး၊ ဆိုးကျိုးများကို ပြန်လည် သုံးသပ်ပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC) နှင့် လာရောက် ပူးပေါင်းပါက လက်ခံမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ပြောဆိုထားသည်ဟု သတင်းရရှိသည်။

FPNCC သည် အစိုးရ၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ငြင်းဆိုပြီး အပစ်ရပ်စာချုပ်သစ် တခု ချုပ်ဆိုရန် တောင်းဆိုထားသည့် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ပေါင်းစည်းထားသည့် ကော်မတီ တရပ်ဖြစ်သည်။

FPNCC ၏ အတွင်းရေးမှူးချုပ် ဦးကျောက်ကော်အန်းက “ UNFC က အစိုးရ NCA ငြိမ်းချမ်းရေးလမ်းကြောင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေချာလေ့လာ သုံးသပ်ကြည့်မယ်ဆိုရင် ဦးနိုင်ဟံသာက ကျနော်တို့ FPNCC ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု လမ်းစဉ်ကို ရွေးချယ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ထိုပြောဆိုချက်ကို သြဂုတ်လ ၂၅ ရက်က “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ မြို့တော် ပန်ဆန်းမြို့၌ FPNCC နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် ဦးကျောက်ကော်အန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

FPNCC သည် သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်အထိ ၎င်းတို့ ကော်မတီအတွင်း အစည်းအဝေးကျင်းပခဲ့ပြီး UNFC ခေါင်း ဆောင်များကို အရေးပေါ် ဖိတ်ခေါ်ကာ သြဂုတ်လ ၂၅ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဦးကျောက်ကော်အန်းက NCA အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အစုအဖွဲ့တခု အဖြစ် သတ်မှတ်ထားပြီး အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီတို့မှာ အစုအဖွဲ့ အသီးသီး ဖြစ်နေကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားတို့ တောင်းဆို သည့် အချက်အလက်များမှာ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနေကြောင်း၊ UNFC အနေဖြင့် NCA ကို လက်မှတ်ထိုးလိုက် လျှင်လည်း ထိုပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောသည်။

“နိုင်ငံရေးဆွေးနွေးမှု မူဘောင်” အခန်း (၆) ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူဆုံးဖြတ်ချက် ချမှတ်ခြင်း၊ အပိုဒ် ၆.၂ ၌ ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြံုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးကိစ္စရပ်များ အပါအဝင် အရေးကြီးသော ကိစ္စရပ်များကို ညီလာခံ တက် ရောက်သူ အစုအဖွဲ့ တဖွဲ့ချင်းစီမှ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲ ရရှိ၍ တက်ရောက်သူ စုစုပေါင်း၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမဲဖြင့် ဆုံးဖြတ်နိုင်သည်ဟု ဖော်ပြထားသည်။

ဦးကျောက်ကော်အန်းက “နိုင်ငံရေးဆွေးနွေးမှု မူဘောင်”ပါ မဲပေးဆုံးဖြတ်မှု စနစ်မှာ တိုင်းရင်းသားများအတွက် ထောင်ချောက် ဖြစ်သည်ဟုဆိုသည်။

ဆက်လက်ပြီး ၎င်းက UNFC အနေဖြင့် အစိုးရဆောင်ရွက်သည့် NCA လမ်းကြောင်း၏ အားနည်းချက်ကို မြင်ပြီး NCA က မိမိတို့ တိုင်းရင်း သားများအတွက် စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မည့် လမ်းစဉ် မဟုတ်ကြောင်း နားလည် သဘောပေါက်ရန် လိုအပ်ပြီး NCA မှ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ့် မျှော်လင့်ချက် မထားသင့်ဟုလည်း ပြောသည်။

FPNCC ၏ သဘောထားမှာ NCA နှင့် “နိုင်ငံရေး ဆွေးနွေးမှု မူဘောင်”ကို ပြင်ဆင်နိုင်ရေး ဖြစ်ကြောင်း၊ အခြား တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် NCA လမ်းစဉ်ကို စွန့်လွှတ်ပြီး FPNCC သို့ အဖွဲ့ဝင်ရန် လျှောက်ထားလာ ပါက လက်ခံသွားမည်ဖြစ်ကြောင်း FPNCC က ဆိုသည်။

UNFC ဥက္ကဋ္ဌ ဦးနိုင်ဟံသာက အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ UNFC အခြေအနေများ၊ NCA ဖြစ်ပေါ်လာစေရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို ရှင်းပြခဲ့သည်ဟု သိရသည်။

UNFC ၏ အစည်းအဝေး သုံးသပ်ချက်ကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း UNFC ခေါင်းဆောင်များမှာ လမ်းခရီးတွင် ရောက်နေသဖြင့် ဆက်သွယ်၍ မရပေ။

ထိုအစည်းအဝေးကို တက်ရောက်ခဲ့သည့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျာက “အစည်းအဝေးက အကျေအလည် ဆွေးနွေးတာ မဟုတ်ဘူး။ နိုင်ဟံသာက ရှင်းပြတယ်။ ပြီးတော့ ကျောက်ကော်အန်းက ရှင်းပြတယ်။ ဒီလိုပဲ တဖက်နဲ့ တဖက် မေးမြန်းပြီး ပြီးသွားတယ်။ ကျနော် တို့က ထိုင်ပြီး ဟိုဘက် ဒီဘက် နားထောင်ကြတာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

FPNCC ကို ဖွဲ့စည်းခဲ့ရခြင်းမှာ ဦးနိုင်ဟံသာ၏ အကြံပေးချက်များ ပါဝင်သော်လည်း FPNCC ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အစည်းအဝေးတွင်မူ ဦးနိုင်ဟံသာ၏ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့က တက်ရောက်ခဲ့ခြင်း မရှိပေ။

TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်အဖွဲ့ (MNDAA) တို့ကမူ UNFC မှ နုတ်ထွက်လိုက်ပြီး FPNCC တွင် ပါဝင်ခဲ့ကြသလို ရက္ခိုင့်တပ်မတော် (AA) ကလည်း UNFC အဖွဲ့ဝင်အဖြစ် လျှောက်ထားသည်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး FPNCC တွင် ပါဝင်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
546
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
47
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
97

ထို့ပြင် ရှမ်းပြည်တိုးတက်ရေး ပါတီ /ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSPP/SSA) ကလည်း FPNCC အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး သြဂုတ်လ ၁၂ ရက်က UNFC ထံမှ နုတ်ထွက်စာ တင်ထားသည်။

NMSP၊ KNPP နှင့် ANC တို့သည် UNFC တွင် ဆက်လက်ရပ်တည်နေပြီး အစိုးရနှင့် NCA ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းလျက်ရှိသည်။

လက်ရှိတွင် UNFC က NCA လက်မှတ်ထိုးနိုင်ရေးအတွက် အချက် ၈ချက် ကို ညှိနှိုင်းပေးရန် တောင်းဆိုထားပြီး ၄ချက်မှာ သဘောတူညီမှု ရထားပြီဟု သတင်းမီဒီယာများကို ပြောဆိုထားသည်။

FPNCC ကမူ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားသော်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က FPNCC ပါ အဖွဲ့များကို ခွဲတွေ့ရန် ပြောဆိုသဖြင့် ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယ အကြိမ် အစည်းအဝေး၌ FPNCC နှင့် ဆွေးနွေးရန် ကော်မတီအသစ်တခု ဖွဲ့စည်းပေးမည်ဟုလည်း ပြောဆိုထားသည်။

Your Thoughts …
Tags: FPNCC
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

by Jason Tower
3 August 2024
11.1k

ဇူလိုင်လလယ်သို့ ရောက်လာသောအခါ မြောက်ပိုင်းတွင် အသာစီးရရန် စစ်တပ်၏လုပ်ဆောင်မှု ဆိုးဆိုးရွားရွား ကျဆုံးကြောင်း ထင်ရှားလာသည်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

by Joe Kumbun
14 July 2025
8.4k

UNFC နှင့်မတူဘဲ FPNCC သည် ပိုမိုကြီးမားသည့် ပြဿနာ နှစ်ခုဖြင့် ရုန်းကန်နေရသည်။

Next Post
ပုသိမ်မြို့တွင် ကျင်းပသည့် နှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြင်တွေ့ရသည့် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင်များ / ဆလိုင်းသန့်စင် / ဧရာဝတီ

ဧရာဝတီတိုင်း ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ်လှန့်ထား

အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

4 years ago
21.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved