• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဧရာဝတီတိုင်း ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ်လှန့်ထား

by ဆလိုင်းသန့်စင်
29 August 2017
in သတင်း
A A
ပုသိမ်မြို့တွင် ကျင်းပသည့် နှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြင်တွေ့ရသည့် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင်များ / ဆလိုင်းသန့်စင် / ဧရာဝတီ

ပုသိမ်မြို့တွင် ကျင်းပသည့် နှစ် ၇၀ မြောက် အာဇာနည်နေ့ အခမ်းအနားတွင် မြင်တွေ့ရသည့် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဝင်များ / ဆလိုင်းသန့်စင် / ဧရာဝတီ

24.7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်မှ အကြမ်းဖက်သမားများ ပင်လယ်လမ်းကြောင်းကို အသုံးပြု၍ ဧရာဝတီတိုင်းအတွင်း ဝင်ရောက် တိုက်ခိုက် လာခြင်းများမှ ကာကွယ်ရန်အတွက် ပုသိမ်ခရိုင်အတွင်းရှိ ကမ်းခြေဒေသများမှ ရဲစခန်းများအား လုံခြုံရေးသတိရှိရန် တပ် လှန့်ထားကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကနေပြီးတော့ ဧရာဝတီတိုင်းအတွင်းကို အကြမ်းဖက်သမားတွေ ခိုးဝင် ဘင်္ဂါလီတွေ ဝင်ရောက်လာမယ့် အန္တရာယ်ကို အထူးသတိထား စောင့်ကြည့်သွားဖို့နဲ့ လုံခြုံရေးသတိရှိဖို့အတွက် ငပုတောမြို့နယ် ဟိုင်းကြီး၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ် မကျီးဇင်ဒေသက ရဲစခန်းတွေ အကုန်လုံးကို တပ်လှန့်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

ထိုသို့ တပ်လှန့်ထားမှုကို ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်တရက်ဖြစ်သည့် သြဂုတ် လ၂၆ရက်နေ့က စတင်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်၏အကြမ်းဖက်ဖြစ်ရပ်များ ပြီးဆုံးချိန်အထိ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသသို့ ရခိုင်ပြည်နယ် မောင်တောမှ အကြမ်းဖက်သမားများ စက်လှေဖြင့် ဝင်ရောက်လာသည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေသည့်အပေါ် ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။

“ငရုတ်ကောင်းဘက်ကို ဘင်္ဂါလီတွေ ဝင်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီသတင်းတွေ ထွက်လာလို့ တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဆင်းကြည့်ပြီးပါပြီ။ ပြည်သူလူထုအနေနဲ့ ကောလာဟလ သတင်းတွေအပေါ် မယုံကြည်ကြဖို့ လိုပါတယ်။ တကယ်လို့ ဘင်္ဂါလီတွေ ဝင်တယ်ဆိုတာ တွေ့ခဲ့ရင်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကိုအကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဒုရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

အကြမ်းဖက်သမားများသည် မောင်တောဒေသအတွင်းရှိ ကျေးရွာများ၊ ကင်းစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၊ အပြစ်မဲ့ ပြည်သူများအား မီးရှို့ခြင်း၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို သြဂုတ် ၂၆ ရက် နေ့ စနေနေ့ တနေ့လုံး နီးပါး ပြုလုပ်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နုယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြန်ကြားရေးကော်မတီက ထုတ်ပြန် ထားသည်။

ဩဂုတ်လ ၂၇ ရက် နေ့လယ် ၁ နာရီခွဲ ထုတ်ပြန်ကြေညာချက်တွင်လည်း ဟိန္ဒူဘာသာဝင် မိသားစု ခြောက်ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများသည် စက်လှေများဖြင့် ပင်လယ်လမ်းကြောင်းအတိုင်း စုန်ဆင်းလာပြီး ဧရာဝတီတိုင်း ဒေသ ကြီး ငပုတောမြို့နယ်၊ ပုသိမ်မြို့နယ်နှင့် သာပေါင်းမြို့နယ်များမှတဆင့် မြန်မာပြည်အတွင်းပိုင်းသို့ ဝင်ရောက်ရန် ကြိုးစား မှုများ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: အကြမ်းဖက်သမား
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

အကြမ်းဖက်မှုအဆုံးသတ်ရေး မည်သူဆုံးဖြတ်မည်နည်း

by သီတာ & ကြည်စင်
27 October 2023
3.5k

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် နိုင်ငံရေး ရန်ဘက် ၂ ဘက်လုံးက တဘက်နှင့် တဘက် အကြမ်းဖက်သမားဟု တံဆိပ်ကပ်ကြသည်။

နွေဦးတော်လှန်ရေး စစ်ပွဲအတွင်းက ဓားစာခံများ

နွေဦးတော်လှန်ရေး စစ်ပွဲအတွင်းက ဓားစာခံများ

by မိုးစက်ငြိမ်းချမ်း
22 June 2024
817

နောက်ဆုံး မောင်တောတွင် ဝိုင်းဝန်းပိတ်ဆို့ခံနေရသည့် ရဲများ၏ ဇနီးနှင့်ကလေးများကိုလည်း ကယ်မထုတ်ဘဲ ဓားစာခံအဖြစ်ထားပြီး ရဲများကို စစ်တိုက်ခိုင်းသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်အပါ ၃၃ ဦးကို အကြမ်းဖက်သမားအဖြစ် ကြေညာ (ရုပ်/သံ)

စစ်ခေါင်းဆောင်အပါ ၃၃ ဦးကို အကြမ်းဖက်သမားအဖြစ် ကြေညာ (ရုပ်/သံ)

by ဧရာဝတီ
22 December 2025
231

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါ ၃၃ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့လယ်ခေါင် ဗုံးပေါက်ကွဲမှု မြင်ကွင်း

စစ်ကောင်စီ အလိုကျ မသင်္ကာဖွယ် ရန်ကုန် ဗုံးပေါက်ကွဲမှု

by ဧရာဝတီ
6 June 2022
12.9k

ပြည်သူ့ကာကွယ်ရေးတပ်-ရန်ကုန် (PDF–YGN) ဆိုသည့် အဖွဲ့တခုက အွန်လိုင်းတွင် ကြေညာချက် တစောင်ထုတ်ပြန်ပြီး ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟုဆိုသည်။

ဒုတိယ ဗိုလ်မှူးကြီး အောင်ကျော်မိုး (ဝဲ)ကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် တွေ့ရစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

အကြမ်းဖက်သမားတိုင်း ဒုက္ခသည် အမည်ခံထားဟု တပ်မတော် သတိပေး

by ထက်နိုင်ဇော်
14 March 2018
22.7k

လက်ရှိ အချိန်တွင် မြန်မာအစိုးရကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ စွန့်ခွာထွက်ပြေး သွားသည့် ဘင်္ဂလီများကို ပြန်လည် လက်ခံရန် စီစဉ်လျက်ရှိရာ ၎င်းတို့ထဲတွင် အကြမ်းဖက်သမားများ ရှိနေကြောင်း လုံခြုံရေးတပ်ဖွဲ့များက သတင်းရရှိထား သဖြင့် အကြမ်းဖက်သူများ ပြန်လည် ဝင်ရောက်လာမည်ကို...

စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိနေသည့် NUG  ယာယီသမ္မတ ဒူးဝါးလရှီလ

တော်လှန်ရေး၌ အချမ်းသာဆုံးသည် ကျင့်ဝတ်စည်းကမ်း

by စိုးကြမ်း
3 December 2022
7k

နွေဦးတော်လှန်ရေး ဦးဆောင်မှုအပိုင်းကို အကြမ်းဖက်ဝါဒီ (terrorist) တွေ ဖြစ်တယ်ဆိုတာကို စစ်ကောင်စီက ဘက်ပေါင်းစုံက ပုံဖော်နေပါတယ်။

Next Post
အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ယနေ့ ရန်ကုန်မြို့၊ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်၌ မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၊ အရပ်ဘက်နှင့် မီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း / ချစ်မင်းထွန်း / ဧရာဝတီ

လွတ်လပ်စွာထုတ်ဖော်ခွင့်က တိုင်းပြည်အခြေအနေနှင့် လိုက်လျောညီထွေရန်လိုဟု ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved