• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တော်လှန်ရေး၌ အချမ်းသာဆုံးသည် ကျင့်ဝတ်စည်းကမ်း

by စိုးကြမ်း
3 December 2022
in သူ့အတွေး သူ့အမြင်
A A
စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိနေသည့် NUG  ယာယီသမ္မတ ဒူးဝါးလရှီလ

စစ်ပွဲဖြစ်ပွားနေသည့် နေရာသို့ ရောက်ရှိနေသည့် NUG ယာယီသမ္မတ ဒူးဝါးလရှီလ

7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့နဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိနိုင်ဖို့ အသေအချာ ကြိုးပမ်းနေပါတယ်။ ဒီကြိုပမ်းချက်တွေထဲက တခုက နိုင်ငံတကာအမြင်မှာ သူ့တို့ကို ယုံကြည်ရတဲ့ မိတ်ဖက်အနေနဲ့ အသိအမှတ်ပြုမှု ရရှိအောင်ကြိုးစားပြီး နွေဦးတော်လှန်ရေးကို အကြမ်းဖက်လှုပ်ရှားမှု တခုအနေနဲ့ ပုံဖျက်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီကြိုးပမ်းမှု အောင်မြင်ဖို့ဆိုတာ အတော်ခက်ခဲတဲ့ ကိစ္စတခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာနဲ့ ဘာကြောင့် ဂရုပြုသင့်တယ်ဆိုတာ ကျနော် ကြိုးစားပြီး ဆွေးနွေးပါမယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းသား ၆,၀၀၀ ကျော် ပြန်လွှတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား မဆိုသလောက်သာ ပါတယ်ဆိုပေမယ့် နိုင်ငံတကာ သတင်းခေါင်းစီးတွေမှာ ၆,၀၀၀ ကျော်လို့ပဲ ရေးကြပါတယ်။ လွတ်လာတဲ့ထဲက တချို့ဆိုရင် နောက်လတွေထဲမှာ ရက်စေ့မယ်သူတွေတောင် ရှိပါတယ်။ ပါမောက္ခ ရှောင်တာနဲလ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်း အပါအဝင် နိုင်ငံခြားသားတွေလည်း လွတ်တဲ့သူတွေထဲ ပါလာပါတယ်။ ပြည်သူများရဲ့ နိုင်ငံရေးရင့်ကျက်မှု အဆင့်မြင့်လာပုံက ‘လွှတ်ပေးတာ ဘာမှ ကျေးဇူးတင်စရာ အကြောင်းမရှိဘူး’ လို့ သတိပေးကြတဲ့ စာများကိုတောင် လူမှုကွန်ရက်မှာ ရယ်စရာအဖြစ် ပုံဖော်နေကြတာ သက်သေပါပဲ။

ဒီလို တင်းချည်လျှော့ချည် အကွက်တွေဟာ စစ်အာဏာရှင်များရဲ့ ဖတ်စာအုပ်ထဲက သင်ရိုးညွှန်းတမ်းတွေ ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူများက နောကြေနေပါပြီ။ မကြေချင်ယောင်ဆောင်မှာ စိုးရိမ်ရတာကတော့ ASEAN အမှူးပြုသော နိုင်ငံတကာအသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။

အကျဉ်းသားတွေနဲ့ ဓားစာခံဆန်ဆန် အဖမ်းခံထားရတဲ့ နိုင်ငံခြားသားတွေ အားလုံးကို လွှတ်ပေးခြင်းဟာ အမျိုးသားနေ့ကို ဂုဏ်ပြုတာပါလို့ ဘယ်လောက်ပဲဆိုဆို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးနဲ့ တိုက်ဆိုင်နေတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုကို တလျှောက်လုံး တုံဏှိဘာဝေနေလာခဲ့ရာက ကြီးကြီးမားမား တုံ့ပြန်မှုလုပ်လိုက်တယ်လို့ ဆိုရမှာပါ။

ASEAN အကြောင်းပြောကြရင် အခုအချိန်ဟာ တနှစ်ခွဲကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ASEAN သဘောတူညီမှု ၅ ချက်ရဲ့ တိုးတက်အောင်မြင်မှု လုံးဝမရှိနေတဲ့အချိန်နဲ့၊ ပိုပြီး ယျေဘုယျဆန်ဆန်ပြောရရင် မြန်မာ့အရေးနဲ့ ပါတ်သက်လို့ နိုင်ငံတကာတုံ့ပြန်မှုအားလုံးရဲ့ ဗဟိုချက်လို့ ပြောလို့ရတဲ့ ASEAN ရဲ့ ဦးဆောင်မှုဟာ အကြီးအကျယ် ဖိအားနဲ့ကြုံနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။

နောက်ပြီး ဒီအချိန်ဟာ စစ်ကောင်စီ ရည်ရွယ်နေတဲ့၊ နိုင်ငံတကာကို အာမခံထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က အထွေထွေ ရွေးကောက်ပွဲလို ကြီးမားတဲ့ နိုင်ငံရေးပရောဂျက်မျိုး စီစဉ်နိုင်ဖို့အတွက် နိုင်ငံမှာ လုံလောက်တဲ့ တည်ငြိမ်မှုမျိုး ရှိမနေဘူးလို့ ပြောကြတာလည်း ကြားမိပါတယ်။

နောက်ပြီး ဒီအချိန်ဟာ စစ်ကောင်စီ ရည်ရွယ်နေတဲ့၊ နိုင်ငံတကာကို အာမခံထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် စိုင်းပြင်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က အထွေထွေ ရွေးကောက်ပွဲလို ကြီးမားတဲ့ နိုင်ငံရေးပရောဂျက်မျိုး စီစဉ်နိုင်ဖို့အတွက် နိုင်ငံမှာ လုံလောက်တဲ့ တည်ငြိမ်မှုမျိုး ရှိမနေဘူးလို့ ပြောကြတာလည်း ကြားမိပါတယ်။

ရွေးကောက်ပွဲကတော့ တနိုင်ငံလုံးအတိုင်းအတာပဲ ဇွတ်လုပ်လုပ်၊ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကိုပဲ ရှောင်လုပ်လုပ် စစ်ကောင်စီကတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာနေရာမှာ ရှိနေမှာပါပဲ။ ဒီလို သူတို့ဘက်က အရမ်း စိတ်အားထက်သန်နေတဲ့ အချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အကျဉ်းသားတွေ လွှတ်ပေးတာမျိုးကို ရှားရှားပါးပါး လုပ်ရပ်မျိုးဆိုတာထက် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှုရအောင် ပြင်ဆင်မှုတွေရဲ့ ပထမခြေလှမ်းလို့ မြင်ကြည့်ရင် အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒီလိုလွှတ်ပေးလိုက်ခြင်းဟာ ကိုယ်နှိုက်ကလည်း သာမန်တော့ ဟုတ်မနေပါဘူး။ လက်ရှိမှာ သတ္တိခဲ မြေပြင်သပိတ်တချို့ကလွဲရင် မြေပေါ်နိုင်ငံရေးဟာ လုံးလုံးကို ရှိမနေတာပါ။ ဒီလိုအခြေအနေမှာ ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးတို့၊ ရွှေညဝါဆရာတော်ကြီးတို့ကို လွှတ်ပေးခြင်းဟာ အသက်ကင်းမဲ့နေတဲ့ မြေပေါ်နိုင်ငံရေးကို မသေရုံတမယ်လောက်အဆင့်ထိ ဖန်တီးချင်တာလားဆိုတာ စဉ်းစားစရာပါ။ ပြောဖို့တော့ အလွန်စောနေသေးတဲ့ အချိန်ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၇ရက်နေ့က ပြန်လည် လွတ်လာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေး / ဧရာဝတီ

ဒီရက်ပိုင်းအတွင်းမှာ လေးစားရတဲ့ မိတ်ဆွေတယောက်နဲ့ စကားပြောမိရင်း သူက မြေပြင်သပိတ်တွေကိုပါ လာမယ့်လတွေအတွင်းမှာ ဖြေလျှော့မှုတွေ လုပ်ပြီး လူကြီးလူကောင်းယောင် ဆောင်မလားဆိုတာ တွေးမိကြောင်း ပြောပါတယ်။ တကယ် ဖြစ်၊ မဖြစ်တော့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ သဘောတူခဲ့တဲ့ ASEAN သဘောတူညီမှု ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် ASEAN ဟာ ဖိအားတွေ ရင်ဆိုင်နေရတာပါ။ ဘယ်လောက်ပဲ စစ်ကောင်စီဘက်က ပျက်ကွက်မှုတွေရှိရှိ နိုင်ငံတကာက မြန်မာအရေးနဲ့ ပတ်သက်ရင် ‘ဝ’ ကွက်အပ်ထားတယ်လို့ ပြောလို့ရတဲ့ ASEAN နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ တခါမှ တရားဝင်တွေ့ဆုံဖူးခြင်း မရှိသေးပါ။

မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက် အိပ်မက်တွေနဲ့ လားလားမှ ထပ်တူမကျတဲ့ သဘောတူညီချက် ၅ ချက်ကို စွန့်ခွာဖို့ ပြောဆိုနေကြတာတွေရှိပေမယ့် ASEAN မှာတော့ လေသံအမာဆုံးလို့ ပြောလို့ရတဲ့ မလေးရှားကတောင် သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ်ရမယ်၊ ဖိအားပေးမယ် ဆိုတာလောက်အထိပဲ ရှိပါသေးတယ်။

ဒီလိုအခြေအနေမှာ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကို မျက်စေ့ပိတ် နားပိတ် လုပ်နေရာကနေ အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးလိုက်တာပါ။ အခုခြေလှမ်းကတော့ အနည်းငယ် အံ့အားသင့်ရပြီး နောက်ခြေလှမ်းဆိုတာ ရှိဦးမယ်ဆိုရင် စိတ်ဝင်စားစရာ ပိုကောင်းလာမှာပါ။ ပြီးတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေမပါတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ပရောဂျက်ကို ချပြဖို့ ကြိုးစားနေပါတယ်။ ဒါကတော့ ၂၀၂၃ ရွေးကောက်ပွဲပါ။

ဒီမှာ တခုစဉ်းစားကြဖို့က နိုင်ငံတကာရဲ့ ချဉ်းကပ်မှုကို လေ့လာကြည့်မယ်ဆိုရင် ပြည်သူတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံထားတာထက် ဒေသတွင်းတည်ငြိမ်မှုကိုပဲ အခြေခံထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဒီမိုကရေစီရေးဆိုပြီး တောက်လျှောက်ပြောနေပေမယ့် ၂ နှစ်နီးပါးအချိန်အတွင်းမှာ သင်္ကေတသဘောဆောင်တဲ့ စည်းလုံးညီညွတ်မှုထက် ပိုမလာပါဘူး။ အခြေအနေတွေ မတူပေမယ့် ဟန်ပြ ရွေးကောက်ပွဲကြီးမှန်းသိသိနဲ့ အလုပ်ဖြစ်သွားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သတိရစေချင်ပါတယ်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ဒီမိုကရေစီရေးဆိုပြီး တောက်လျှောက်ပြောနေပေမယ့် ၂ နှစ်နီးပါးအချိန်အတွင်းမှာ သင်္ကေတသဘောဆောင်တဲ့ စည်းလုံးညီညွတ်မှုထက် ပိုမလာပါဘူး။ အခြေအနေတွေ မတူပေမယ့် ဟန်ပြ ရွေးကောက်ပွဲကြီးမှန်းသိသိနဲ့ အလုပ်ဖြစ်သွားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သတိရစေချင်ပါတယ်။

၂၀၂၃ ရွေးကောက်ပွဲကို စစ်ကောင်စီက စိတ်ကူးဖဲရိုက်နေပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် ကြိုးပမ်းတဲ့အခါမှာ သူတခါတည်း စဉ်းစားရမယ့်ကိစ္စရှိပါတယ်။ နွေဦးတော်လှန်ရေး လှုပ်ရှားမှုကြီးတခုလုံးနဲ့၊ တိတိကျကျဆိုရင် NUG/ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ)/ PDF အပါအဝင် KNU, KIO/KIA, KNPP, CNF တို့လို အရေးအပါဆုံး မဟာမိတ်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ကြီးကြီးမားမား မတူတာဆိုရင် ဒီအခြေအနေပါပဲ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
56
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
838
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

နိုင်ငံတကာက ရွေးကောက်ပွဲကို ယုံအောင်လို့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်၊ မြေပြင်သပိတ်တွေကို အတိုင်းအတာတခုအထိ လွှတ်ထားပေးဖို့ ဖြစ်နိုင်ပေမယ့် တိုက်ပွဲတွေကိုတော့ စစ်ကောင်စီဘက်က တဖက်သတ်ရပ်ထားလို့ မရပါ။ ဒီလိုအခြေအနေမှာ ဘာလုပ်နိုင်မလဲဆိုတာကို စစ်ကောင်စီက လက်ရှိကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အောင်မြင်မှု မရသေးတာပဲရှိတာပါ။ အဲ့ဒါကတော့ လက်ရှိ မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းအောင် စစ်ကောင်စီက ကြိုးပမ်းနေတယ်ဆိုတဲ့ လိမ်ဆင်ရယ်၊ ဒီကြိုးပမ်းမှုကို ဖျက်ဆီးနေတဲ့သူတွေက နွေဦးတော်လှန်ရေး ဘက်တော်သားတွေဖြစ်ပြီး နွေဦးတော်လှန်ရေးကို အကြမ်းဖက်ဝါဒ (terrorism)၊ နွေဦးတော်လှန်ရေး ဦးဆောင်မှုအပိုင်းကို အကြမ်းဖက်ဝါဒီ (terrorist) တွေ ဖြစ်တယ်ဆိုတာကို ဘက်ပေါင်းစုံက ပုံဖော်ဖို့တွေပဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတနေရာတွင် စစ်အာဏာသိမ်းဆန့်ကျင်သူ ဒေသခံများ စစ်သင်တန်းတက်နေစဉ်

အကြမ်းဖက်အဖြစ် တံဆိပ်ကပ်ခံရတယ်ဆိုတာ သတ်မှတ်ချက်တခု သက်သက်ပါပဲ။ တခါတရံမှာ ကမ္ဘာ့နိုင်ငံရေး အကျိုးစီးပွားတွေနဲ့ပါ တိုက်ဆိုင်နေတတ်ပါတယ်။ သို့ပေမယ့် တကယ်တမ်း တံဆိပ်ကပ်ခံရပြီ သို့မဟုတ် အကြမ်းဖက်တွေအဖြစ် သတ်မှတ်ဖို့ သင့်၊ မသင့် နိုင်ငံတကာမှာ ဝိဝါဒ ကွဲပြားကြပြီဆိုရင် နွေဦးတော်လှန်ရေးရဲ့ အဆင်းလမ်း ဖြစ်သွားနိုင်ပါတယ်။ ဒီဆောင်းပါးက စစ်ကောင်စီကို မိကျောင်းမင်း ရေခင်းပြလုပ်နေတယ်လို့ မြင်ကြမယ့်မိတ်ဆွေများကို ကျနော့်အနေနဲ့ စစ်ကောင်စီဟာ ဒါကိုသိပြီး ဒီလမ်းကြောင်းပေါ် လျှောက်နေပြီးသား ဖြစ်တယ်လို့ အာမခံပါရစေ။

နောက်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာတုံ့ပြန်မှုကို ဦးဆောင်နေတဲ့ ASEAN ရဲ့ လိုလားချက်ဟာ တကယ်ကို ဒေသတွင်း တည်ငြိမ်မှုသက်သက်ပဲ ဖြစ်ပါတယ်။ အရေးပါတဲ့ပုဂ္ဂိုလ်များ အားလုံး တွေ့ဆုံဆွေးနွေးခြင်း ဆိုတာကို တောင်းဆိုထားတာကလည်း အီလစ်တွေ အဆင်ပြေရင် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုဆိုတာတွေ မေ့ထားလို့ရတယ်ဆိုတဲ့ သဘောပါပဲ။ ဒီလို ဒေသတွင်းတည်ငြိမ်မှုကို လိုလားကြတဲ့သူတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ ဦးဆောင်မှုကို အကြမ်းဖက်သမားများ အနေနဲ့ သတ်မှတ်ခွင့်၊ ဝိဝါဒကွဲပြားခွင့် ရသွားမယ့်အခြေအနေကို မြင်ယောင်ကြည့်ကြပါ။

ဥပမာ တလောလေးက မူကြိုကျောင်းမှာ ကလေးတွေကို သေနတ်နဲ့ဝင်ပစ်မှုဖြစ်ထားတဲ့ ထိုင်းကိုကြည့်ပါ။ နယ်စပ်ဒေသ လက်နက်ပြန့်ပွားမှုဟာ ထိုင်းအတွက် မျက်စေ့စပါးမွှေး စူးရုံမကတော့ဘဲ အကြီးအကျယ် ခေါင်းကိုက်စရာ ဖြစ်လာနေပါပြီ။ နှစ်နိုင်ငံ ရဲချုပ်ချင်း တွေ့ဆုံမှုတွေ၊ လက်နက်တွေဖမ်းတာ ခပ်စိတ်စိတ် ဖြစ်လာတာတွေကိုလည်း သတိရကြပါ။

မတော်လို့ အကြမ်းဖက်မှု (terrorism) လို့ သတ်မှတ်ခံရမယ်ဆိုရင် ကြုံရမယ့် နောက်ဆက်တွဲတွေဟာ လုံးလုံးမကောင်းနိုင်ပါ။ နွေဦးတော်လှန်ရေးရဲ့ အချမ်းသာဆုံးက ကိုယ်ကျင့်တရားဖြစ်ပြီး အဆင်းရဲဆုံးကတော့ ပိုက်ဆံဖြစ်ပါတယ်။ တရားသောစစ် ဆင်နွှဲဖို့ ငွေလိုပါတယ်။ မြန်မာပြည်တွင်းက ပြည်သူတွေဟာ တနေ့တခြား ဆင်းရဲမွဲတေမှုနွံထဲမှာ တရစ်ပြီးတရစ် နစ်လာပါပြီ။ NUG နဲ့ မဟာမိတ်များဟာလည်း နောက်တနှစ်အတွင်းမှာ ပိုမိုအားကောင်းတဲ့ စစ်ပွဲတွေဆင်နွှဲပြီး ပိုမိုကျယ်ပြန့်တဲ့ဒေသတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်အောင် စိုင်းပြင်းနေကြတဲ့အချိန်ပါ။

နွေဦးတော်လှန်ရေးရဲ့ အချမ်းသာဆုံးက ကိုယ်ကျင့်တရားဖြစ်ပြီး အဆင်းရဲဆုံးကတော့ ပိုက်ဆံဖြစ်ပါတယ်။ တရားသောစစ် ဆင်နွှဲဖို့ ငွေလိုပါတယ်။ မြန်မာပြည်တွင်းက ပြည်သူတွေဟာ တနေ့တခြား ဆင်းရဲမွဲတေမှုနွံထဲမှာ တရစ်ပြီးတရစ် နစ်လာပါပြီ။ NUG နဲ့ မဟာမိတ်များဟာလည်း နောက်တနှစ်အတွင်းမှာ ပိုမိုအားကောင်းတဲ့ စစ်ပွဲတွေဆင်နွှဲပြီး ပိုမိုကျယ်ပြန့်တဲ့ဒေသတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်အောင် စိုင်းပြင်းနေကြတဲ့အချိန်ပါ။

နိုင်ငံတကာက မြန်မာတွေလှူကြတဲ့ အလှူငွေတွေ၊ Bond ဝယ်တဲ့ ပိုက်ဆံတွေ၊ Google Play Store, YouTube ကရတဲ့ တော်လှန်ရေး Channel တွေ၊ App တွေ၊ ဂိမ်းတွေအတွက် ဝင်ငွေတွေဟာ ဒုက္ခသည်တွေကို ကူညီဖို့တင်မကဘဲ လက်နက်ဝယ်ဖို့ ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာအစိုးရတွေ၊ ငွေကြေးစီးဆင်းမှု အာဏာပိုင်တွေဟာ ကျိန်းသေပေါက်သိကြပါတယ်။

Terrorism တံဆိပ်ကပ်ခံရရင်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး နိုင်ငံတကာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းတွေနဲ့ ကိုင်တွယ်ခံရရင် အဲဒီဝင်ငွေရပေါက်ရလမ်းတွေဟာ အလွန်ကျပ်တည်းသွားနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေတဲ့၊ အထူးသဖြင့် ထိုင်းနယ်စပ်မှာရှိနေတဲ့ တော်လှန်ရေးဘက်တော်သားတွေ လှုပ်ရှားရတာ အခုထက် အဆမတန် ခက်ခဲသွားနိုင်ပါတယ်။

နောက်ပြီး လက်ရှိအချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ‘နှုတ်၏ ဆောင်မခြင်း’ ဟာ ကျနော်တို့အတွက် တော်လှန်ရေးကြီး အောင်မြင်သွားနိုင်လောက်အောင် အကြီးအကျယ် ပြောင်းလဲမှုမပေးနိုင်တာ မှန်ပေမယ့် သူတို့သာ ထောက်ခံအားပေးရ ခက်ခဲသွားမယ်ဆိုရင် အခြေအနေက အခုထက် အတော်ပိုဆိုးနိုင်ပါတယ်။

ပြီးခဲ့တဲ့လတွေမှာဖြစ်ခဲ့တဲ့ ကျိုက်ထီးရိုး ပစ်ခတ်မှုတွေ၊ အင်းစိန်ထောင် ပေါက်ကွဲမှုတွေကို စစ်ကောင်စီက PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို တဘက်သတ် အပြစ်ပုံချခဲ့ပါတယ်။ စစ်ကောင်စီက ဖြန့်ဝေတဲ့ သတင်းတုတွေထဲမှာဆိုရင် ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ NLD အဖွဲ့ဝင်တွေကို PDF တွေက ရက်ရက်စက်စက် သတ်သွားပါတယ် ဆိုတာတွေလည်း ပါပါတယ်။

ဒီလို အခြေအမြစ်မရှိ စွပ်စွဲချက်တွေအပြင် တော်လှန်ရေးဘက်မှာလည်း ပြည်သူကိုရန်ပြုတာမျိုး မဟုတ်ပေမယ့် PDF, ဒေသခံကာကွယ်ရေးတပ်တွေ အချင်းချင်းကြား ပဋိပက္ခတွေ၊ လက်လွန်ခြေလွန် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်း မန္တလေးမြို့မှာ ရန်သူပစ်မှတ်တခုကို ရည်ရွယ်ပေမယ့် အရပ်သားကိုလူမှားပြီး လုပ်ကြံမိတဲ့ အဖြစ်အပျက်ကလည်း ရှိနေပါသေးတယ်။ ဒါတွေကို ကျနော်တို့ နွေဦးတော်လှန်ရေးအနေနဲ့ မပေါ့ဆသင့်ဘဲ အထူးဂရုပြု ကိုင်တွယ်သင့်ပါတယ်။

ဒီလို အခြေအမြစ်မရှိ စွပ်စွဲချက်တွေအပြင် တော်လှန်ရေးဘက်မှာလည်း ပြည်သူကိုရန်ပြုတာမျိုး မဟုတ်ပေမယ့် PDF, ဒေသခံကာကွယ်ရေးတပ်တွေ အချင်းချင်းကြား ပဋိပက္ခတွေ၊ လက်လွန်ခြေလွန် ဖြစ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပထမဆုံး အကြံပေးချင်တာကတော့ ပြည်သူတွေကိုပါ။ NUG အပါအဝင် မိတ်ဖက်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှာ စစ်သည်တော်ကျင့်ဝတ်တွေ၊ အခြားသက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေရှိပေမယ့် တကယ်တမ်း မြေပြင်မှာ စိုးမိုးနိုင်ဖို့ဆိုတာ ၁၀၀ ရာခိုင်နှုန်း မဖြစ်နိုင်သေးပါ။

နောက်ပြီး သူတို့ရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိမနေတဲ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူလူထုကြီးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ အရပ်သား ထိခိုက်နစ်နာစေမှုတွေကို ရှောင်ကျဉ်တဲ့၊ စစ်စည်းကမ်းတွေ၊ စစ်ဥပဒေတွေနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို တလေးတစားလိုက်နာတဲ့ လုပ်ရပ်တွေ၊ အဖွဲ့အစည်းတွေကိုသာ အားပေးထောက်ခံမယ်ဆိုတဲ့ နှုန်းစံကို ခိုင်ခိုင်မာမာ တည်ဆောက်ကြဖို့ပါ။ လက်ရှိ လူသတ်စစ်တပ်ကြီးဟာ လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကနေ ဆင်းသက်လာတယ်ဆိုတာလည်း နားလည်ရပါမယ်။

ဒုတိယအကြံကတော့ NUG အစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေအတွက်ပါ။ ဒီလိုကိစ္စရပ်တွေကို သေချာကိုင်တွယ်နိုင်ဖို့ တရားမျှတမှုယန္တရားတခု ပေါ်ပေါက်သင့်ပါပြီ။ ဘယ်သူလုပ်သည်ဖြစ်စေ ဒီလိုကိစ္စတွေကို တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ဖို့ ဆောင်ရွက်ခြင်းဟာ နိုင်ငံတကာအမြင်မှာ နွေဦးတော်လှန်ရေး ခေါင်းဆောင်မှုပိုင်းကို ယုံကြည်ရတဲ့ မိတ်ဖက် (Credible Partner) အဖြစ် မြင်လာစေနိုင်သလို တက်ကြွလှုပ်ရှားသူ စုဖွဲ့မှုမဟုတ်ဘဲ တကယ့်အစိုးရ (State Actor) အဖြစ် ပုံဖော်နိုင်ဖို့လည်း အကူအညီပေးမှာပါ။ ပြီးတော့ နောက်အနာဂတ် အတွက်ပါ အရပ်ဖက်က စစ်ဖက်ကို လွှမ်းမိုးမှု (Civilian Supremacy) အမွေကို အကောင်းဆုံး ပေးနိုင်မှာပါ။

မိတ်ဆွေများခင်ဗျာ၊ တော်လှန်ရေးရဲ့ အချမ်းသာဆုံးက ကိုယ်ကျင့်တရားအရ မှန်ကန်မှု (moral high ground) ဖြစ်ပါတယ်။ စစ်ကောင်စီက ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားနေပါတယ်။ ဒီကြိုးပမ်းမှုက ထင်သလောက်တော့ မလွယ်ကူပါဘူး။ သို့ပေမယ့် အောင်မြင်သွားဖို့တော့ လုံးဝခွင့်မပြုနိုင်ပါခင်ဗျာ။

(စိုးကြမ်းသည် တကသ ကျောင်းသားဟောင်းများ အင်အားစုမှ အဖွဲ့ဝင်တဦး ဖြစ်သည်။)

You may also like these stories:

အာဆီယံ ဆုံးဖြတ်ချက်နှင့် မြန်မာစစ်တပ်

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

ပြည်သူ့နှလုံးသားကို ဆွဲဆောင်နိုင်သော NUG ယာယီသမ္မတ ဒူဝါလရှီးလ

ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် NUG ဩဇာညောင်းရဲ့လား

Your Thoughts …
Tags: AseanCRPHNUGPDFsကိုယ်ကျင်းတရားကျင့်ဝတ်ခုခံတော်လှန်ရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုနိုင်ငံတကာအသိအမှတ်ပြုမှုနိုင်ငံရေးအကျဉ်းသားနွေဦးတော်လှန်ရေးရွေးကောက်ပွဲအကြမ်းဖက်သမား
စိုးကြမ်း

စိုးကြမ်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီက ပျူစောထီးများအားသင်တန်းပေးနေစဉ်

ပျူစောထီးများအတွက် ရိက္ခာပေးရန် ကန့်ဘလူဒေသခံများ ခြိမ်းခြောက်ခံရ

စစ်အာဏာသိမ်းခြင်းကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်သည့် ဦးသီလက္ခန္ဓ

စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved