• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပျူစောထီးများအတွက် ရိက္ခာပေးရန် ကန့်ဘလူဒေသခံများ ခြိမ်းခြောက်ခံရ

by ဧရာဝတီ
3 December 2022
in သတင်း
A A
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီက ပျူစောထီးများအားသင်တန်းပေးနေစဉ်

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီက ပျူစောထီးများအားသင်တန်းပေးနေစဉ်

12.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်အစပ်ရှိ စိန်နား (မ) ကျေးရွာတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆရာတော် ဦးဝါသ၀ ဦးဆောင်သည့် ပျူစောထီးအဖွဲ့က ဒေသခံများအား ဖိအားပေး ခြိမ်းခြောက်ပြီး ၎င်းတို့ အတွက် ရိက္ခာပေးဆောင်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စိန်းနားကျေးရွာသည် အိမ်ခြေ ၇၀ ခန့်သာ ရှိသော ကျေးရွာငယ်လေးတခုဖြစ်ပြီး ပျူစောထီးများအတွက် စားရိတ် ဟုဆိုကာ ၁ အိမ်လျှင် ငွေကျပ် ၃ သောင်း၊ ဆန် ၄ ပြည်၊ ဆီ ၁ လီတာဘူး ၁ ဘူးတို့ကို လစဉ် ပေးဆောင်နေကြရကြောင်း၊ ပျူစောထီးအဖွဲ့ဝင်ရန် စစ်သင်တန်း တက်ရောက်နိုင်ခြင်း မရှိသည့် အိမ်များထံမှလည်း ကျပ်သိန်း ၇၀ ခန့်ထိ တောင်းနေ ကြောင်း ဒေသခံများက ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ် တဦးက “ပျူတွေအတွက် ရိက္ခာဆိုပြီး ပိုက်ဆံက ၃ သောင်း၊ ဆန်က ၄ ပြည်၊ ဆီ ၁ ဘူးဆိုပြီး အိမ်တိုင်းကို တောင်းနေတာ။ ပျူထဲကို မဝင်နိုင်တဲ့ အိမ်တွေဆိုရင် လူစားထည့်ဖို့အတွက် သိန်း ၇၀/၈၀ တောင်းတာမျိုး တွေလည်း ရှိနေတယ်။ အဲဒီလိုမျိုးတွေအပြင် သူတို့ လုပ်ရပ်တွေ အပြင်ကို မပေါက်ကြားစေချင်လို့ စိန်နားတရွာလုံးက ဖုန်း တွေကိုလည်း သိမ်းသွားကြတယ်။ သတင်း အမှောင်ချထားချင်တဲ့သဘောနဲ့ ဖုန်းတွေကို သိမ်းသွားတာပဲ” ဟု ပြောသည်။

ထို့ပြင် ပျူစောထီးအဖွဲ့ဝင် စစ်သင်တန်းကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အမျိုးသားတိုင်း မဖြစ်မနေ တက်ရောက်ကြရန် နှင့် မတက်ရောက်ပါက ကျေးရွာများအား မီးရှို့ကာ အသက်အန္တရာယ်အတွက် အာမခံမည် မဟုတ်ကြောင်း၊ ပိုင်ဆိုင်သမျှ လယ်ယာမြေနှင့် နေအိမ်များကိုလည်း သိမ်းမည်ဟူ၍ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ ဖိအားပေး ခြိမ်းခြောက်မှုများကြောင့် ဒေသခံတချို့ ကြောက်ရွံ့ပြီး တက်နေကြရသလို အချို့မှာလည်း ရပ်ရွာအတွင်း မနေရဲသဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ကျေးရွာအတွင်းက တနယ်တကျေးသို့ သွားရောက် အလုပ်လုပ်နေသည့် လူငယ်အမျိုးသားများကိုလည်း သက်တန်းတက်ရန်နှင့် ပျူစောထီးအဖွဲ့အတွင်းဝင်ရန် ပြန်လည် ခေါ်ယူခိုင်းခြင်းများလည်း ပြုလုပ်လျက် ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကန့်ဘလူဒေသခံတဦးက ရှင်းပြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
230
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
17
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
29

စိန်နားကျေးရွာ ဒေသခံတဦးကလည်း “အခုက ဘယ်ကိုမှ ပြေးစရာမြေမရှိလို့ ကျန်နေတဲ့သူတွေက ပိုပြီး စိတ်ဆင်းရဲနေကြ ရတာ။ အဝေးကို အလုပ်သွားနေကြတဲ့ လူငယ်ယောက်ျားလေးတွေကိုပါ အတင်းပြန်ခေါ်ခိုင်းနေကြတယ်။ ရွာမှာ ကျန်ရစ် နေတဲ့ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေထဲကနေ သူတို့ (ပျူစောထီး) အရှေ့မှာပဲ ဖုန်းဆက်ခိုင်းပြီး ရွာကိုပြန်လာဖို့ အတင်း ခေါ်ခိုင်းနေကြတာ။ မိန်းမသားတွေကိုလည်း ရွာဘေးပတ်လည်က အိမ်တွေထဲမှာ နေ့ရောညပါ ကင်းစောင့်ခိုင်းပြီး သူတို့က တော့ ရွာအလယ်ခေါင်မှာ နေကြတယ်။ နောက်ပြီး သူတို့ကိုကြောက်ပြီး ပြေးတဲ့သူတွေရဲ့ လယ်တွေယာတွေ၊ အိမ်တွေ ပိုင်ဆိုင်သမျှ အကုန်သိမ်းမယ်လို့လည်း ပြောနေကြတာ” ဟု ပြောသည်။

စစ်သင်တန်းပေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိနှင့် အခြားအဆင့် ၅ ဦးခန့် အပါအဝင် အမာခံပျူစောထီး ခေါင်း ဆောင်များဖြင့် သင်တန်းပေးနေခြင်း ဖြစ်ကာ ကျေးရွာပတ်လည်၌ လက်နက်ကိုင် ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် လုံခြုံရေး ရယူပြီး သင်တန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမာခံ ပျူစောထီးအဖွဲ့ဝင်များအတွက် လစာပေးနိုင်ရေး ကျေးရွာများရှိ အိမ်ထောင်စုအလိုက် ၁ အိမ်ထောင်လျှင် လစဉ် ကျပ် ၁ သောင်းခန့် ပုံမှန်ပေးဆောင်နေကြရသည့် ကျေးရွာများလည်း ရှိသလို လျှပ်စစ်မီတာကြေး ကောက်ခံရာမှ ကျသင့်ငွေထက် ပိုမို ပေးဆောင်ခိုင်းခြင်းများကိုလည်း ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယခုအခါ ပျူစောထီးခေါင်းဆောင် မဘသဆရာတော် ဦးဝါသဝကိုယ်တိုင် ခြိမ်းခြောက်အနိုင်ကျင့်ကာ စစ်သင်တန်းများ တက်ရောက်ခိုင်းနေခြင်းကြောင့် ကန့်ဘလူမြို့နယ်သည် ပျူစောထီးအားကောင်းရာ ဒေသတခု ဖြစ်လာပြီး ပျူစောထီး ကျေး ရွာပေါင်း ၄၀ ကျော်ထိ ရှိလာသလို သင်တန်းဆင်း၍ လက်နက်တပ်ဆင်ပေးထားသူ ၉၀၀ ကျော်ထိ ရှိလာကြောင်း၊ လက်နက်တပ်ဆင်ပေးမှု အနေဖြင့် စစ်ကောင်စီက လက်လုပ်သေနတ်ကိုသာ အဓိကထား ပံ့ပိုးပေးခဲ့ရာမှ ယခုအခါ BA 63 မောင်းပြန်ရိုင်ဖယ်၊ ကာဘိုင်၊ MA1 များကို ပြောင်းလဲ တပ်ဆင်ပေးလာကြောင်း သိရသည်။

ဒေသတွင်း PDF တပ်ဖွဲ့ဝင်တဦးက “ကန့်ဘလူနယ်မှာ ပျူစောထီးတွေ ခေါင်းထောင်လာနိုင်တာက အဓိကတော့ ကာကွယ် ရေးအဖွဲ့တွေရဲ့ အားနည်းချက်လည်း ပါတယ်။ ရွာတွေကို ဝင်ရောက် စည်းရုံးနိုင်တာမျိုး မရှိဘူးလေ။ NUG လက်အောက်က ခရိုင်ကွပ်ကဲမှူးတို့၊ ခရိုင်ပကဖ၊ မြို့နယ်ပကဖခေါင်းဆောင်တွေ အလုပ်ကောင်းကောင်း မလုပ်ကြလို့။ အခုလို ဖြစ်တာလို့ သုံးသပ်တယ်။ အဲဒီလို အခြေအနေမှာ ဝါသဝတို့အဖွဲ့က အရင်ဝင်ပြီး အကျပ်ကိုင် ခြိမ်းခြောက်မှုတွေကြောင့် မပါချင်ကြပေ မယ့်လည်း ကြောက်ကြတာကြောင့် အခုလောက်ထိ ပျူတွေ အင်အားများလာရတာပဲ” ဟု ဆိုသည်။

ကန့်ဘလူနယ်အတွင်း ပျူစောထီးများ အားကောင်းလာမှုကြောင့် တော်လှန်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အပါအဝင် ထောက်ပို့လုပ်ငန်းများ၌ အကျပ်အတည်းများ ရင်ဆိုင်လာကြရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်ကောင်စီဘက်ကမူ စစ်ကောင်စီ၏ ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ထားခြင်း မရှိကြောင်း ငြင်းဆိုထားပြီး ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာ ရှိကြောင်း ပြောဆိုထားသည်။

You may also like these stories:

ကန့်ဘလူ ဒေသခံ အမျိုးသမီး ၉ ဦးအား ပျူစောထီးအဖွဲ့ ဖမ်းဆီး

ကန့်ဘလူခရိုင်အတွင်းက လုပ်ငန်းရှင်များကို နေရပ်ပြန်ရန် ပျူစောထီးများ ခြိမ်းခြောက်

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

ကန့်ဘလူနယ်မှ NLD ထောက်ခံသူတို့၏ အိမ်များ ပျုစောထီးများ ချိပ်ပိတ်

Your Thoughts …
Tags: ကန့်ဘလူစစ်ကိုင်းတိုင်းစစ်သင်တန်းတန့်ဆည်ပျူစောထီးရိက္ခာဦးဝါသ၀
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

ကန့်ဘလူ အချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု

by အသွင်သစ်
1 March 2024
25.6k

“လင်းယုန်ကို အာခံပြီး ထွက်သွားရင် အသက်အာမခံချက်မရှိဘူး။ အရှင်ထွက် မရှိဘူး။ အသေထွက်ပဲရှိမယ်” ဆိုတဲ့ ကြိမ်းဝါးသံက မရှိုင်းဇာနည်အတွက် ထိတ်လန့် တုန်လှုပ်စေခဲ့ပါတယ်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

by စွယ်တော်
23 May 2025
20k

ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

Next Post
စစ်အာဏာသိမ်းခြင်းကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်သည့် ဦးသီလက္ခန္ဓ

စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး

တပ်မတော်(လေ)အတွက် ဝယ်ယူထားသည့် တရုတ်လုပ် FTC-2000G တိုက်လေယာဉ်တစီး  / Dayu

စစ်ကောင်စီ ဝယ်ထားသည့် တရုတ်တိုက်လေယာဉ် ၆ စီး မြန်မာသို့ရောက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved