• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်အရေး ကာကွယ်ရန် အမျိုးသား သင့်မြတ်ရမည်ဟု သူရဦးအောင်ကို ပြော

by ထက်နိုင်ဇော်
30 August 2017
in သတင်း
A A
ယနေ့ ပြည်သူ့လွှတ်တော်တွင် တွေ့ရသည့် သူရဦးအောင်ကို /  ထက်နိုင်ဇော် / ဧရာဝတီ

ယနေ့ ပြည်သူ့လွှတ်တော်တွင် တွေ့ရသည့် သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

13.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ၏ အနောက်ဘက် ခြံစည်းရိုးဖြစ်သည့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းပြည်၏ နယ်နိမိတ်များကို ကာကွယ်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်ရမည် ဖြစ်ကြောင်း ယဉ် ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

“အဲဒီလို တည်ဆောက်ဖို့အတွက်ကို ပါဝင် ပတ်သက်နေတဲ့ ၂ ဖက် အဖွဲ့အစည်းတွေက နိုင်ငံတော်နဲ့ နိုင်ငံသား၊ တိုင်းရင်း သားတွေရဲ့ အကျိုးစီးပွားအတွက်ကို တကယ့်ကို စေတနာသန့်သန့် ကောင်းမွန်စွာနဲ့ မျှော်မှန်းပြီးတော့မှ ကိုယ်ကျိုးစီးပွား စွန့်လွှတ်မှုတွေ လုပ်ရပါမယ်”ဟု သူရ ဦးအောင်ကိုက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။

ယခု အကြမ်းဖက်ခံရမှု ပြဿနာသည် ရခိုင်ပြည်နယ်တွင် ခေတ်အဆက်ဆက် တာဝန်ကျခဲ့သည့် ဝန်ထမ်း၊ အဖွဲ့အစည်း များ၏ မသမာမှုများလည်း ပါဝင်ကြောင်း၊ ယခုအခါ လူကို လူနှင့် ပြန်ကာကွယ်ရမည် ဖြစ်၍ ကာကွယ်ရမည့် လူများကို လုံခြုံရေး အပြည့်အဝ ပေးရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက နောင် ၁၀ နှစ်၊ နှစ် ၂၀ တွင် သမိုင်းသင်ခန်းစာ ကောင်း ကောင်း ရသွားနိုင်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့ကြား ရခိုင်အရေးတွင် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဧရာဝတီသို့ ထုတ်ဖော် ပြောကြားဖူးသော်လည်း လက်တွေ့တွင် ကွာဟချက်တချို့ ရှိနေကြောင်း သုံးသပ်မှုများ ရှိနေ သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

တပ်မတော်နှင့် တခြားနိုင်ငံရေးအဖွဲ့များ တောင်းဆိုနေသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ခေါ်ယူ ပေးရန် ကိစ္စကိုလည်း အစိုးရက တုံ့ဆိုင်းနေခြင်းနှင့် ရခိုင်ဒေသတွင် လုံခြုံရေး ဆောင်ရွက်မှုများကို အကန့်အသတ်ဖြင့် မဟုတ်ဘဲ အစိုးရက ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်များ အပ်နှင်းပေးရန် လိုအပ်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း တချို့က ထောက်ပြကြသည်။

ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုးက “ရခိုင်ကိစ္စကို ဖြေရှင်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော် ခြေလှမ်းညီမှ ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းကိစ္စ သက်သက်မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ပါ ရင်ဆိုင်ရတဲ့ကိစ္စ ဖြစ် တဲ့ အခါကျတော့ တူညီတဲ့ခြေလှမ်းနဲ့ သဘောထားကြီးဖို့တော့ လိုအပ်တယ်လို့ မြင်တယ်။

လက်ရှိမှာလည်း ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ ဒါပေမယ့် တဖက်က ပြောရင် အစိုးရ၊ တပ်နဲ့ လွှတ်တော်တို့ ကြား မှာလည်း နည်းနည်း မသိမသာ အဟလေးတွေလည်း ရှိမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

သူရ ဦးအောင်ကိုကလည်း “ဒီကိစ္စက ဒီလောက်နဲ့ ရပ်တန့်သွားလိမ့်မယ်လို့ မယူဆနိုင်ပါဘူး။ ဘင်္ဂါလီ အစွန်းရောက် အဖွဲ့ တွေကို လောလောဆယ်တော့ လက်နက်ခဲယမ်း ဘာညာ သိပ်အကောင်းစား မဟုတ်ပါဘူး။ လက်နက်လည်း ပါတယ်။ လုပ်သေနတ်လည်း ပါတယ်။ တုတ်၊ ဓားတွေလည်း ပါတယ်။ လှံတွေလည်း ပါတယ်။ ဒါတွေနဲ့ အင်အားသုံးပြီးတော့မှ တိုက်ခိုက်သော်လည်းပဲ ဒီနောက်မှာ ဒါကို လျှော့တွက်လို့ရှိရင်တော့ တကမ္ဘာလုံးနဲ့ချီပြီး ဒုက္ခပေးတဲ့ IS အဖွဲ့တွေရဲ့ အဆက် အသွယ်၊ အထောက်အပံ့တွေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့ တွေးထားဖို့ လိုမယ်”ဟု ဆက်ပြောသည်။

ယခုဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ်များသည် အစိုးရ၊ တပ်မတော်နှင့် လုံခြုံရေး အဖွဲ့ အစည်းများ၊ ရခိုင် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်သည့်ကိစ္စ မဟုတ်ဘဲ တနိုင်ငံလုံး၊ တမျိုးသားလုံး၊ ပြည်သူလူထု တရပ်လုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး ကိစ္စတခုဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်စိုးနိုင်ဦးက ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

Your Thoughts …
Tags: ရခိုင်အရေး
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

၂၀၁၆ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အကြံပေးကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် ကိုဖီအာနန်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

အာနန်ကော်မရှင် အကြံပြုချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by ဧရာဝတီ
23 August 2018
5.6k

ရခိုင်အရေးနှင့် ပတ်သက်၍ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ချက်မှ ၈၁ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်...

ICOE အစီရင်ခံစာကို သမ္မတ ဦးဝင်းမြင့်ထံ ပေးအပ်နေစဉ်  / ဧရာဝတီ

ICOE နောက်ဆုံး အစီရင်ခံစာတွင် လူမျိုးတုန်း သတ်ဖြတ်မှု မခိုင်လုံကြောင်း ပါရှိ

by ထက်ခေါင်လင်း
20 January 2020
13.8k

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံတကာက စွပ်စွဲနေသည့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိသည် ဆိုခြင်းနှင့် ပတ်သက်ပြီး ခိုင်လုံသော အထောက်အထား မတွေ့ရှိရ ဟု ပါရှိကြောင်း

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ တရားရုံးတွင် တရားသူကြီးများ တက်ရောက်နေစဉ် / REUTERS

ရခိုင်အရေး နိုင်ငံတကာ ဖိအားများ “သမာသမတ် မရှိ”ဟု တပ်မတော် ပြော

by ထက်နိုင်ဇော်
15 November 2019
13.3k

ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေး စွပ်စွဲဆောင်ရွက်လာမှုများသည် သမာသမတ် မရှိတော့သလို ဘက် ၂ ဘက် အမြင်ကိုလည်း ထည့်သွင်းစဉ်းစားမှု မရှိတော့သည်ကို တွေ့ရကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ရခိုင်အရေး ဖြေရှင်းနိုင်မယ်လို့ ပြည်သူတွေက ယုံကြည် မျှော်လင့်ကြပါတယ်  / Reuters

ရခိုင်အရေးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားတဲ့ စိန်ခေါ်မှု

by ထွန်းထွန်းနိုင်
12 July 2017
9.9k

ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းစဉ် တွေ မှာ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်

ကုလသမဂ္ဂက မွတ်စလင် လူနည်းစုများ ဖိနှိပ်ခံနေရခြင်းကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် တောင်းဆိုခဲ့သည် / Reuters

ရခိုင်အရေး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ လက်မခံနိုင်ကြောင်း သမ္မတရုံးပြော

by ထက်နိုင်ဇော်
17 February 2018
11.4k

ဘက်လိုက်မှု ကင်းမည်ဟု မယုံကြည်သောကြောင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း မြန်မာအစိုးရက ပြောသည်။

မတ်လ ၁၀ရက်နေ့က တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသိဒ္ဒိစာသင်တိုက်တွင် ကျင်းပသည့် ကြိုဆိုပွဲတွင် တွေ့ရသည့် ဆရာတော်ဦးဝီရသူ / ချမ်းစွန်း / ဧရာဝတီ

အစိုးရအနေဖြင့် ရခိုင်အရေး ထရိုဂျန်မြင်းကို ဆွဲသွင်းသလိုလုပ်နေဟု ဦးဝီရသူ ဝေဖန်

by ထွန်းထွန်း
11 March 2018
26.2k

အမုန်းစကားဟောပြောမှုများကြောင့်ဟုဆိုကာ Facebook မှ ပိတ်ပင်ခြင်းခံထားရသည့် ဦးဝီရသူအနေဖြင့် အမျိုးသား ရေးလုပ်ရှားမှုများကို You Tube၊ တွစ်တာစသည်များအား အသုံးပြု လျှက်နေသည့်အပြင် အခြားသောနည်းလမ်းဖြင့်လည်း ကမ္ဘာကိုချပြသွားရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မနေ့က ပြောသည်။

Next Post
ငေါ့ချမ်းခချောင်း / နန်းလွင်နှင်းပွင့် / ဧရာဝတီ

ငေါ့ချမ်းခချောင်းပေါ်က ရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းပေးရန် တောင်းဆို

ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားသည့် ပုဂံဘုရားများ / ဇော်ဇော် / ဧရာဝတီ

ပုဂံဘုရားများ ပြုပြင်မှု ၂၀၂၀ မတိုင်မီ အပြီးသတ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved