• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

အာနန်ကော်မရှင် အကြံပြုချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ပြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by ဧရာဝတီ
23 August 2018
in Politics
A A
၂၀၁၆ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အကြံပေးကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် ကိုဖီအာနန်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

၂၀၁၆ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသည့် ရခိုင်အကြံပေးကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် ကိုဖီအာနန်နှင့် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်အရေးနှင့် ပတ်သက်၍ ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ချက်မှ ၈၁ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံသို့ အလုပ်သဘောသွားရောက်သည့် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက်နေ့ စင်ကာပူနိုင်ငံ Grand Hyatt ဟိုတယ်တွင် ကျင်းပသည့် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခြင်းဖြစ်သည်။

ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီယတ် ဦးဆောင်သည့် အာနန်ကော်မရှင် အကြံပြု ချက်များ အကောင် အထည်ဖော်ရေး ဆိုင်ရာ အကြံပေးအဖွဲ့ အနေဖြင့် ပြီးခဲ့သည် သီတင်းပတ်က မျှတပြီး အလားအလာကောင်းသော အပြီးသတ်အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း၊ ယင်းအကြံပေးချက် အပေါ်မူတည်ကာ အာဆီယံ ထင်ရှားသည့် သံအမတ် ရိုဆာရီယို မယ်နာလို ဦးဆောင် သည့် လွတ်လပ် သော စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းကာ လာမည့်သီတင်းပတ်တွင် လုပ်ငန်းစတင်ကြတော့ မည်ဖြစ် ကြောင်း ပြောသည်။

ကွယ်လွန်သူ ကိုဖီအာနန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ NLD အစိုးရသစ် စတင်တာဝန်ယူသည့် ၂လ အတွင်း ရခိုင်ပြည် နယ် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းပြီး သဘာဝသယံဇာတ ကြွယ်ဝသည့် ရခိုင် ဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဖျက်ဆီးနေသည့် ပြဿနာများကို ထာဝရဖြေရှင်းပေးမည့် အဖြေအတွက် ကိုဖီအာနန်အား ချဉ်းကပ် ခဲ့ကြောင်း၊ ၎င်းကလည်း လက်ခံခဲ့ပြီး ရခိုင်ပြည် အဖြစ်အပျက်များကြောင့် မြန်မာအပေါ် ပြင်းထန် သည့် ဝေဖန်ပြစ်တင်မှုများ ရှိနေချိန် မိမိတို့နိုင်ငံ ငြိမ်းချမ်းလုံခြုံ တိုးတက်မှုစေရန် ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခဲ့ ကြောင်း၊ ကိုဖီအာနန်၏ ချဉ်းကပ်မှု နည်းလမ်းမှာ အပြုသဘော ဆောင်ပြီး ကရုဏာတရားရှိကြောင်း၊ အလုပ်တာဝန်များ ကြားမှပင် အချိန်ယူ၍ မိမိအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းပြီး ကူညီအားပေးခဲ့ပါကြောင်း၊ ယခုနှစ်အစောပိုင်းတွင် ရခိုင်ပြည်နယ် အတွင်းရရှိခဲ့သော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ၎င်းအနေဖြင့် နောက်ဆုံးလူထုအခမ်းအနားအဖြစ် ကျင်းပပြုလုပ်ခဲ့ပါကြောင်း ချီးကျူးခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
423
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ထိရောက်မြန်ဆန် စွာ အကောင် အထည်ဖော်ရန် UNDP နှင် UNHCR တို့နှင့် နားလည်မှု စာချွန်လွှာ(MoU) ထိုးခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေ ရာချ ထားပေးရေးအတွက် စီစဉ်ထား ကြောင်း၊ ကုလသမဂ္ဂတာဝန်ရှိသူများကို ကျေးရွာအုပ်စု ၁၃ အုပ်စု အတွင်းရှိ ကျေးရွာ ၂၃ ရွာကိုရှေ့ပြေးအကဲဖြတ်စီမံကိန်းအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း၊ နယ်နိမိတ်မျဉ်းအနီး နေထိုင် သော နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးအတွက် ထပ်မံ၍ ရွာ၅ရွာ ကို သတ်မှတ်ခဲ့ပြီး၊ ရခိုင်မြောက်ပိုင်းမှ နေရပ်စွန့်ခွာထွက်ပြေးသူများ ဘေးကင်း၍ သိက္ခာရှိရှိဖြင့် မိမိတို့ဆန္ဒအလျောက် ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် မိမိတို့မျှော်လင့်ကြောင်းလည်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို ပြီးခဲ့သည့် သီတင်းပတ်က ဖိတ်ကြားကာ ပေးထားသည့် ကတိ ကဝတ်များကို အကောင်အထည်ဖော်ရေး၊ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်ခေါ်ယူရေး ဆိုင်ရာ နှစ်နိုင်ငံသဘောတူညီချက်များကို အရှိန်အဟုန်မြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့် အရေးပေါ်တယ်လီဖုန်းလိုင်းတခု တည်ထောင်ရေး စသည်တို့နှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ဤနေရာတွင် ကုလသမဂ္ဂ၏ အရေးကြီး လသော အခန်းကဏ္ဍ ကိုလည်း မိမိတို့ အသိအမှတ်ပြုကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် အဖြစ် သံအမတ် Christine Burgener ကို ခန့်အပ်လိုက်မှုအပေါ် မိမိတို့ ကြိုဆိုပါကြောင်း၊ အဆိုပါ အထူး ကိုယ်စားလှယ်သည် နေပြည်တော်တွင် ရုံးခန်း ဖွင့်လှစ်လိုက်ပြီဖြစ်ပါကြောင်း၊ သံအမတ် Christine Burgener နှင့် မိမိတို့ ထိတွေ့ ဆက်ဆံမှုသည် အပြုသဘောဆောင်ပြီး အကျိုးများမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ကာ အဖွဲ့ဝင် ၉ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ၂၀၁၇ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် အကြံပြုချက် ၈၈ ချက်ပါ အစီရင်ခံစာ ထွက်ပေါ်လာသည်။

ထိုသို့ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်တနေ့တွင် ARSA အကြမ်းဖက် အဖွဲ့က ရခိုင်ပြည်နယ် နယ်စပ်ရှိ အစိုးရ ရဲကင်းများကို အချိန်ကိုက် တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာ ဘင်္ဂါလီ ၇သိန်း တဖက်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။

Your Thoughts …
Tags: ကိုဖီ အာနန်ဒေါ်အောင်ဆန်းစုကြည်ရခိုင်အရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
လူရွှင်တော် ဖိုက်စတားအဖွဲ့  / Aroma Facebook

သဘင်သက်ကြီး ပူဇော်ပွဲမှာ ရန်ပုံငွေအတွက် ဘောလုံးကစားကြမယ့် ဖိုက်စတားအဖွဲ့

ဝင်ငွေအများဆုံး တင်းနစ် အားကစားမယ် ဆရီနာဝီလျံ (Serena Williams)

အမျိုးသမီး အားကစားလောကမှာ ဝင်ငွေအများဆုံး တင်းနစ်မယ် "Serena Williams"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved