• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြောက်ပိုင်းမဟာမိတ်ကို အနောက်နိုင်ငံများနှင့် မပတ်သက်ရန် တရုတ်ပြော

by ကျော်ခ
14 June 2018
in သတင်း
A A
PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်  / PSLF/TNLA

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် / PSLF/TNLA

25k
VIEWS
Share on FacebookShare on Twitter

တရုတ်အစိုးရက မြန်မာ-တရုတ် နယ်စပ်အခြေစိုက်လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို မကြာခဏ ခေါ်ယူတွေ့ဆုံဆွေးနွေးရာတွင် မြန်မာအစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အပြင် အနောက်နိုင်ငံများနှင့် ပတ်သက်ခြင်း မပြုရန် ဖိအားပေး ပြောဆိုမှုများ ရှိသည်ဟုဆိုသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဇွန်လ ၁၃ ရက်နေ့ညပိုင်းက တိုက်ရိုက်ထုတ်လွှင့်သော ၎င်းတို့၏ PSLF/TNLA ပြန်ကြားဌာန ရုပ်သံမှတဆင့် ယင်းသို့ ပြောဆိုသွားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော် က“ကျနော်တို့ မြောက်ပိုင်းမဟာမိတ်နဲ့ FPNCC ကော်မတီကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါပြီးတော့ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တပြိုင်နက်တည်း အနောက်နိုင်ငံရဲ့ ပူးပေါင်းပါဝင်မှု အပေါ်မှာ မျှော်လင့်ချက် မထားဖို့ ဖြစ်နိုင်မယ်ဆိုရင် အနောက်နိုင်ငံနဲ့ မပတ်သက်ဖို့တောင်မှ အဲဒီလောက်ထိ တွန်းအားပေးတာတွေရှိပါတယ်” ဟု ပြောသည်။

တရုတ် နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က မေလ ၁၈ ရက်နေ့က မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ခေါ်ယူတွေ့ဆုံခဲ့ပြီး အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

FPNCC တွင် ‘ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။

မစ္စတာ ဆွန်ကော့ရှန်အနေဖြင့် ၎င်းတို့နှင့် တွေ့ဆုံသည့်အချိန်တိုင်းတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရှည်လျားသည့် နယ်နမိတ်ချင်း ထိစပ်နေသဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးထားကြောင်း၊ မြောက်ပိုင်း အဖွဲ့များအနေဖြင့် တိုက်ပွဲများရပ်ရန်နှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တရုတ်အစိုးရတွင် ဆန္ဒရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ထို့အပြင် တရုတ်အစိုးရက အစွမ်းကုန်ကြိုးပမ်းနေသည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်း (One Belt, One Road –OBOR) အတွက် မြန်မာနိုင်ငံကလည်း အရေးပါနေခြင်းကြောင့် ၎င်းစီမံကိန်းကို အောင်မြင်အောင်လုပ်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကိုလည်း အတတ်နိုင်ဆုံး လိုက်လျော၍ အပြုသဘောဖြင့် တက်စေလိုကြောင်း ကိုလည်း တိုက်တွန်းသွားသည်ဟုဆိုသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
37
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
65
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
670

မြောက်ပိုင်း မဟာမိတ်များဘက်မှလည်း တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော တိုက်တွန်းချက်များနှင့် တွေ့ဆုံမှုများကို ကြိုဆိုကြောင်း ၎င်းတို့အနေဖြင့်လည်း တိုင်းပြည်နစ်နာစေသော တိုက်ပွဲများကို မလိုလား၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ ဖြေရှင်းလိုကြောင်း ဗိုလ်မှူးချုပ် တားဘုန်းကျော်က ဆိုသည်။

သို့သော်လည်း PSLF/TNLA လှုပ်ရှားနယ်မြေများ အပါအဝင် ၎င်းတို့၏ မဟာမိတ်များဖြစ်သော KIA၊ MNDAA နှင့် AA တို့နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သကဲ့သို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကလည်း တိုးတက်မှုမရှိသည့်အပြင် နောက်ပြန်ဆုတ်နေသော အနုတ်လက္ခဏာ ဆောင်သည့် အနေအထားကိုပင်ရောက်ရှိနေသည်ဟုဆိုသည်။

ယင်းအခြေအနေသည် တရုတ်အစိုးရအနေဖြင့် တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအခြေအနေအပေါ် သြဇာသက်ရောက်ရန် ကြိုးစားနေသည့် အနေအထားသည် လက်တွေ့ အလုပ်မဖြစ်သည်မှာ ထင်ရှားနေကြောင်း ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် ယင်းအခြေအနေ အပေါ် ပြန်လည်သုံးသပ်လိမ့်မည်ဟု မြောက်ပိုင်း မဟာမိတ်များက မျှော်လင့်နေလျှက် ရှိသည်။

“ကျနော်တို့ တခုသုံးသပ်ကြည့်တာကတော့ တရုတ်အစိုးရက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ မြန်မာ့တပ်မတော် ရဲ့ သဘောထားကို တကယ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အနေအထားရောက်လာတဲ့ အဆင့်အထိ တရုတ်အစိုးရ အနေနဲ့ စည်းရုံးဆွေးနွေးတာ အခက် အခဲ တစုံတရာ ရှိနေလိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကြောင့်မို့ ဒီလို အခြေအနေမှာ တရုတ်နိုင်ငံ ရဲ့ ချည်းကပ်မှုကလည်း ထင်သလောက် ခရီးမပေါက်သေးဘူးလို့ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းမြင်မိပါတယ်” ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောသည်။

မြောက်ပိုင်း မဟာမိတ်များ အနေဖြင့် တိုက်ပွဲများ ရပ်စဲမှုမရှိခြင်း၊ အားလုံးပါဝင်ခွင့်မရှိခြင်းနှင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းခွင့် ရမည်မဟုတ်ဟု ၎င်းတို့ထင်မြင်နေသော အခြေအနေကြောင့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအပေါ် မျှော်လင့်ချက် မရှိဟု ဆိုသည်။

၂၁ ရာစု ပင်လုံညီလာခံကို ပုံမှန်အတိုင်း မလုပ်ဖြစ်နိုင်သော အကြောင်းအရင်းထဲတွင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်အကြားတွင် နိုင်ငံရေး အရ အလုပ်ဖြစ်နိုင်မည့် သဘောတူညီချက်များမရရှိခြင်း၊ တပ်မတော်၏ သဘောထားကိုသာ ထင်ဟပ်စေသည့် NCA ပါအချက်များမှာ တကယ့်လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့များက ပြင်ဆင်လိုသည့် အချက်များကိုလည်း တပ်မတော်က တားဆီးပိတ်ပင်နေခြင်းများကြောင့် ကြန့်ကြာနေခြင်း ဟု မြောက်ပိုင်း မဟာမိတ်ဘက်က ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံကို အမှန်အတိုင်း သုံးသပ်ရမယ်ဆိုရင်တော့ ဒီညီလာခံမျိုးကို ဒီအချိန်မှာ ရပ်ပစ်တာ အကောင်းဆုံးပဲလို့ ကျနော်တို့ မြင်ပါတယ်” ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော် က ပြောသည်။

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် ဆွေးနွေးမည့် ကဏ္ဍ ၅ ခုအနက် နိုင်ငံရေး ကဏ္ဍအောက်မှ “နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတာ်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသည့် ကိစ္စကို ညှိနှိုင်းမရဟုဆိုကာ ဆွေးနွေးမည် မဟုတ်တော့ကြောင်း NCA ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က မကြာခင်ရက်ပိုင်းက တရားဝင် ပြောဆိုထားသည်။

Your Thoughts …
Tags: FPNCC
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.8k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

မြောက်ပိုင်းမဟာမိတ် ထိုးစစ်တွင် စစ်ကောင်စီတပ် အငိုက်မိ

by အောင်ဇော်
1 November 2023
12.7k

အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်သည်ကို အစွဲပြု အမည်ပေးထားသည့် စစ်ဆင်ရေး ၁၀၂၇ သည် ကွန်မြူနစ်များက ၎င်းတို့ စစ်ဆင်ရေးများကို သင်္ကေတပြုသည့် အမည်များကို သတိရဖွယ် ဖြစ်စေသည်။

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

by Jason Tower
3 August 2024
11.1k

ဇူလိုင်လလယ်သို့ ရောက်လာသောအခါ မြောက်ပိုင်းတွင် အသာစီးရရန် စစ်တပ်၏လုပ်ဆောင်မှု ဆိုးဆိုးရွားရွား ကျဆုံးကြောင်း ထင်ရှားလာသည်။

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

by Joe Kumbun
14 July 2025
8.4k

UNFC နှင့်မတူဘဲ FPNCC သည် ပိုမိုကြီးမားသည့် ပြဿနာ နှစ်ခုဖြင့် ရုန်းကန်နေရသည်။

Next Post
အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ / ဧရာဝတီ

ကမန်နှင့် မွတ်စလင် လူဦးရေစာရင်း မကောက်ခံနိုင်မှု ရခိုင်အမတ်များ ဝေဖန်

ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ ကျော်သွားတဲ့ “Avengers: Infinity War” ရုပ်ရှင်

ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော်သွားတဲ့ “Avengers: Infinity War” ရုပ်ရှင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved